




Credit:၀ရဇိန်​ ​ပေါင်
#Unicode Version#
အရက်မူးပြီးအိမ်သို့ပြန်လာသော သားဖြစ်သူမှ ဆဲဆိုရမ်းကားနေသောကြောင့် ဖခင်အရင်းဖြစ်သူက သံတူရွင်းဖြင့်ရိုက်မိခဲ့ရာ သေဆုံး သွားမှုဖြစ်ပွားခဲ့သည်။

ပေါင်မြို့နယ် ဥတ္တံတား အတွင်းရွာ နယ်မြေ၁၃ တွင်နေထိုင်သော ဦးပေါက်ကျော်သည် ဇနီးဖြစ်သူ ဒေါ်စိုးမြင့်နှင့်အတူ ဧပြီ၂၈ ရက်မနက်၇နာရီအချိန်အိမ်၌ရှိနေကြောင်း

သားအရင်းဖြစ်သူ မောင်ငို (ခ)ဖိုးအော် ၄၀ နှစ်သည်အရက်မူး၍ အိမ်သို့ပြန်လာပြီး ဆဲဆိုရမ်းကားနေသဖြင့်ဖခင်ဦးပေါက်ကျော် မှ မီးဖိုချောင်ထဲရှိ ၂ပေခန့်ရှိ သံတူရွင်းကိုယူကာ အိမ်ပေါ်မှဆင်းသွားပြီး ရိုက်နှက်ခဲ့ကြောင်း

မောင်ငို (ခ)ဖိုးအော်၏ နောက်စေ့တွင် ၃ လက်မခန့်ပေါက်ပြဲဒဏ်ရာ၁ချက်ရပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်

အဆိုပါလူသေဆုံးမှုအား ဒေါ်စိုးမြင့် က ပေါင်ရဲစခန်း၌တိုင်ကြားမှုပြုလုပ်သဖြင့် ရဲစခန်း (ပ) ၁၅၂၃/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ဦးပေါက်ကျော် အသက် ၇၆ နှစ် (ဘ)ဦးသံပြား ဥတ္တံတား အတွင်းရွာနေသူကို ရဲက ဖမ်းဆီးရမိစစ်ဆေးနေသည်

ဖိုးသူတော်(www.phothutaw.com)
Credit:ဝရဇိန် ပေါင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top