ေခြးေတာက္သည္ သလိပ္၊ ခၽြဲ၊ လည္ေခ်ာင္းနာ၊ ေလေရာဂါ၊ ေညာင္းက်နာ၊ ပန္းနာရင္က်ပ္၊ ဒူလာနွင့္ ၾကြက္အဆိပ္သင့္နာမ်ားကို ေပ်ာက္ကင္းေစပါသည္။
ထို့အျပင္ ဝမ္းမီးကို ေကာင္းေစျခင္း၊ အစာေၾကလြယ္ေစျခင္း၊ အမ်ိဳးသားအားကို တိုးပြါးေစျခင္း၊ အမ်ိဳးသမီးမ်ားအတြက္ ေသြးသားမွန္ကန္ေစျခင္းနွင့္ စိတ္ရႊင္လန္းေစျခင္းတို့ကို ျဖစ္ေစပါသည္။
ဆိုင္ရာေရာဂါမ်ားအတြက္ေဆးအျဖစ္ အသုံးျပဳပုံမ်ား
၁။ ေခြးေတာက္ရြက္ကို ဟင္းခြးခ်က္ေသာက္ျခင္း၊ ေၾကာ္စားျခင္းျဖင့္ ေလထိုးေလေအာင့္၊ ဆီးခ်ဳပ္ေရာဂါမ်ား ေပ်ာက္၏။
၂။ ေခြးေတာက္ရြက္ကို ၾကိတ္၍ ၄င္းအရည္ျဖင့္ ေရယုန္နာကို ဆြတ္လိမ္းေပးျခင္းျဖင့္ ေပ်ာက္ကင္းေစနိုင္ပါသည္။
၃။ ထန္းရည္၊ အရက္ၾကာရွည္စြာ ေသာက္သုံးသူမ်ား တစ္ႏွစ္တစ္ခါ ေခြးေတာက္ရြက္ကို ၾကက္သားနွင့္ ခ်က္စားျခင္းအားျဖင့္ ကိုယ္ခႏၶာအတြင္းရွိ အဆိပ္အေတာက္မ်ား ေျပေပ်ာက္ေစ၏။
၄။ အရြက္ကို မီးကင္၍ကပ္လွ်င္ အနာစိမ္း၊ေသြးစုနာမ်ား အနာနုလွ်င္ပိန္၍ အနာရင့္လွ်င္ ျပည္ေပါက္၍ ေပ်ာက္၏။
၅။ အရြက္ကို ၾကိတ္၍ အုံစည္းေပးျခင္းျဖင့္ အဖုအက်ိတ္မ်ားလည္းေပ်ာက္၏။
၆။ ေခြးေတာက္ရြက္ ကို သၾကားနွင့္ေထာင္း၍ အုံေပးပါက အေၾကာအဆစ္လြဲျခင္း ေပ်ာက္၏။
၇။ ေခြးေတာက္ရြက္ကို ဘဲဥနွင့္ ေၾကာ္စားပါက ခြန္အားတိုးပြားေစ၏။
၈။ ေခြးေတာက္ရြက္ကို ေခြးရူးျပန္ေဆး၊ အန္ေဆးနွင့္ သလိပ္ရႊင္ေဆးမ်ားတြင္ ထည့္သြင္း အသုံးျပဳသည္။
၉။ ေခြးေတာက္ရြက္ကို ၾကက္ရိုးနွင့္ ဟင္းရည္ျပဳတ္ေသာက္ပါက ကာမအားတိုးေစပါသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: ေစာႏြဲ႕ေနဆိုင္(ပူတာအို)
#Unicode Version#
ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို ပျောက်ကင်းစေပါသည်။
ထို့အပြင် ဝမ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများအတွက် သွေးသားမှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေပါသည်။
ဆိုင်ရာရောဂါများအတွက်ဆေးအဖြစ် အသုံးပြုပုံများ
၁။ ခွေးတောက်ရွက်ကို ဟင်းခွးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါများ ပျောက်၏။
၂။ ခွေးတောက်ရွက်ကို ကြိတ်၍ ၎င်းအရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။
၃။ ထန်းရည်၊ အရက်ကြာရှည်စွာ သောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏။
၄။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊သွေးစုနာများ အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
၅။ အရွက်ကို ကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်းပျောက်၏။
၆။ ခွေးတောက်ရွက် ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏။
၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏။
၈။ ခွေးတောက်ရွက်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
၉။ ခွေးတောက်ရွက်ကို ကြက်ရိုးနှင့် ဟင်းရည်ပြုတ်သောက်ပါက ကာမအားတိုးစေပါသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: စောနွဲ့နေဆိုင်(ပူတာအို)
ေခြးေတာက္ရြက္ႏွင့္ ေပ်ာက္ကင္းႏိုင္ေသာ ေဝဒနာမ်ား
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။