ေမး။ ။ကြ်န္ေတာ္ အသက္ ၂၆ ႏွစ္ရွိပါျပီ အိမ္ေထာင္မက်ေသးပါ။ အခု ပန္းေသပန္းညိူးေရာဂါ ခံစားေနရပါတယ္။ စျဖစ္တာကေတာ့ ၂ဝ၁ဝ စက္တင္ဘာလေလာက္ကပါ။ ဘယ္လိုကဘယ္လိုစျဖစ္သလဲေတာ့ မသိပါ။ အခုထိလည္း သက္သာလာျခင္း မရွိေသးပါ။ ျဖစ္တဲ့လကၡဏာေတြကေတာ့ လိင္မသန္မာေတာဘူး၊ စိတ္ကပါပင္မဲ့ လိင္တန္ေတာင့္ျခင္း မရွိေတာ့ပါဘူး။ ၁ မိနစ္ေလာက္ဆိုရင္ ျပန္က်သြားပါတယ္။ ဆီးသြားရတာလည္း ျပတ္ေတာင္းျပတ္ေတာင္းနဲ႔။ ခါးကလည္း ေတာင့္တင္းေနပါတယ္။

ကြ်န္ေတာ္ရဲ့ ဥကို စမ္းၾကည့္လိုက္ရင္ အေၾကာထံုးလိုလိုဟာကိုလည္း စမ္းမိပါတယ္။ လူၾကီးမ်ားကေတာ့ ျမန္မာလို မုတၲေရာင္တယ္ဆိုျပီး တိုင္းရင္းေဆးဆရာနဲ႔ ႏွိပ္ခိုင္းပါတယ္။ ဒါေပမဲ့ မေပ်ာက္ဘူး။ ကြ်န္ေတာ္ နာတာမခံႏိုင္ေတာ့လို႔ တေခါက္ဘဲသြားျပီး မသြားေတာ့ပါ။ ျပီးေတာ့ ဆရာဝန္ၾကီးတေယာက္ကို ျပၾကည့္ေတာလည္း လူပ်ိဳျဖစ္တဲ့အတြက္ ေဆးျပင္းတာေတြ မေပးခ်င္လို႔ ရိုးရိုး အားေဆးေတြ ေပးေသာက္ခိုင္းပါတယ္။ လံုးဝကို မသိသာပါဘူး။ ႏွစ္ေခါက္ေလာက္သြားျပီးေနာက္ မသြားေတာပါ။ ကြ်န္ေတာ္ကို အိမ္က မိန္းမယူခိုင္းေနပါျပီ။ ကြ်န္ေတာ္အေနနဲ႔ စိတ္ပိုင္းဆိုင္ရာ မက်ေအာင္ ကိုယ္ဘာသာကိုယ္ အားေပးေနလာတာ တႏွစ္ေက်ာ္လာပါျပီ။ အခုအေျခအေနမွာေတာ့ ျပန္လည္သန္စြမ္း ပါဦးမလားဆိုတဲ့ အေတြးမ်ိဳးေတာင္ ဝင္မိပါတယ္။  ေသာက္ရမည့္ေဆးမ်ား သင့္ေတာ္သည့္ လမ္းညႊန္ခ်က္မ်ား ေပးပါရန္ ေတာင္ပန္ပါတယ္။

ေျဖ။ ။Erectile Dysfunction ကို Impotence လို႔လဲေခၚတယ္။ “လိင္ဆက္ဆံမႈျပဳႏိုင္ဘို႔ရာ က်ား-လိင္အဂၤါ လံုေလာက္ေအာင္ မသန္မာႏိုင္တာနဲ႔ လိင္ဆက္ဆံရာမွာ အျပည့္အဝ မျဖစ္ႏိုင္တာ” လို႔ အဓိပၸါယ္ဖြင့္ပါတယ္။ လိင္အဂၤါသန္မာမႈဆိုတာ Hydraulic effect (ဟိုက္ဒေရာလစ္) တံခါးမ်ိဳးလိုဘဲ လိင္တံထဲကို ေသြးေတြ စီးဝင္လာရာကေန ျဖစ္လာေစတယ္။

 လိင္အဂၤါသန္မာဘို႔ရာ ျဖစ္စဥ္ ၂ ခုရွိပါတယ္။
(၁) Reflex erection ဆိုတာ လိင္အဂၤါကို ထိကိုင္တဲ့အခါ တံု႔ျပန္မႈ၊  အဖ်ားပိုင္းက အာရံုေၾကာေတြနဲ႔ ခါးဆစ္ထဲက အာရံုေၾကာေတြကေန လုပ္ေပးတယ္။ လိင္အဂၤါကို ထိကိုင္တာနဲ႔ အာရံုေၾကာစနစ္ေၾကာင့္  (ႏိုက္ထရစ္ေအာက္ဆိုက္) ေတြ ထြက္လာေစတယ္။ သူ႔ေၾကာင့္ လိင္တံထဲမွာရွိတဲ့  အႏုစားၾကြက္သားေတြ  ေပ်ာ့က်ယ္လာေစမယ္။

(၂) Psychogenic erection စိတ္ပိုင္းကေန လုပ္ေပးတာ။ Sexual arousal လိင္စိတ္ ျဖစ္ေပၚလာျခင္းကေန အစပ်ိဳးတယ္။

က်ား-အစိကေနလဲ Testosterone (တက္စတိုစတီရုန္း) ေဟာ္မုန္း ကိုထုတ္ေပးတယ္။ ဒါ့အျပင္ ဦးေႏွာက္ထဲမွာရွိတဲ့ Pituitary gland (ပစ္က်ဴထရီ) အိတ္ကေလးကလဲ သူ႔အလုပ္သူ ေကာင္းေကာင္း လုပ္ႏိုင္ဘို႔ လိုေသးတယ္။

ဒါ့ေၾကာင့္ -
1. Hormonal deficiency ေဟာ္မုန္း နည္းေနရင္၊
2. Disorders of the neural system အာရံုေၾကာ မေကာင္းရင္၊
3. Lack of adequate penile blood supply ေသြးပို႔လႊတ္မႈ မေကာင္းရင္ နဲ႔
4. Psychological problems စိတ္အေျခအေနမွာ အားနည္းခ်က္ရွိရင္ ပန္းညွိဳး-ပန္းေသ ျဖစ္ေစႏိုင္တယ္။

ျဖစ္ေစႏိုင္တဲ့ အေၾကာင္းခံေတြ အမ်ိဳးမ်ိဳးရွိတယ္။
• အသက္ ၆ဝ ေက်ာ္သူေတြမွာ ၄ဝ ေက်ာ္ေတြထက္ ၄ ဆ ပိုျဖစ္တယ္။
• ႏွလံုးေ-သြးေၾကာေရာဂါ၊
• ဆီးခ်ိဳေရာဂါ၊
• ေက်ာက္ကပ္ အလုပ္မလုပ္ႏိုင္တာ၊
• ေသြးတိုး၊
•  ေသြးေၾကာ မာ-က်ဥ္းေရာဂါ၊
• ေဆးလိပ္စြဲေသာက္တာ။
•  မူးယစ္ေဆးစြဲ၊ အရက္စြဲ၊
• အားကုန္ေနတာ၊
• လူအဝလြန္တာ၊
•  ေဟာ္မုန္းနည္းတာ၊
• Testosterone (တက္စတိုစတီရုန္း) ေဟာ္မုန္း နည္းေနတာ၊
• Arsenic poisoning (အာဆင္းနိတ္) အဆိပ္သင့္တာ၊
• ေဆးဝါးေၾကာင့္ျဖစ္တာေတြထဲမွာ (SSRIs) စိတ္က်ေဆးေတြ နဲ႔ Nicotine (နီကိုတင္း) မူးယစ္ေဆးေတြက အမ်ားဆံုး ျဖစ္တယ္။
•  ခါးရိုးဆစ္ ထိခိုက္တာ၊ ဦးေႏွာက္ထိခိုက္တာ၊ (ပါကင္ဆန္) ေရာဂါ၊ (အယ္လ္ဇိုင္းမား) ေရာဂါ၊ (မာလ္တီပယ္-စကယ္လရိုးဆစ္) ေရာဂါ နဲ႔ ေလျဖတ္ ေရာဂါ၊ Cavernosal disorders (Peyronie's disease) ေရာဂါေတြ ရွိေနတာ။
• အူမၾကီး၊  ဆီးက်ိတ္၊ ဆီးအိမ္၊  အစာေဟာင္းအိမ္ေတြမွာ ခြဲစိတ္တာ၊ ဓါတ္ကင္တာ၊
•  စိတ္အေျခခံေတြကေတာ့  လက္ေတြ႔စိုးရိမ္စိတ္၊ Stress စိတ္ဖိအား မ်ားျခင္း၊  တကယ့္စိတ္က်ေရာဂါ၊ Schizophrenia (စကစ္ဇိုဖရီးနီးယား)၊  ေဆးစြဲျခင္း၊  (ပင္းနစ္) ထိန္းမႏိုင္-သိမ္းမရ စိတ္ေရာဂါ၊ အေထြေထြ စိတ္က်ျခင္း၊ တကိုယ္ေရစိတ္ေရာဂါ၊  အဆိုးျမင္စိတ္ေတြ၊
• ၂ဝဝ၂ သုေတသနတခုအရ စက္ဘီးစီးတာနဲ႔လဲ ဆက္စပ္မႈရွိတယ္။
• ၂ဝ၁၁ သုေတသနတခုအရ NSAIDs အကိုက္အခဲေပ်ာက္ေဆးေတြကို တေန႔ ၃ ၾကိမ္၊ ၃ လမက ေသာက္သူေတြဟာ ၂၂% ပိုျဖစ္တာ ေတြ႔ရတယ္။

ေဆးစစ္နည္းေတြ -
• Hypogonadism, Prolactinoma, Coronary artery disease and Peripheral vascular disease နဲ႔ Diabetes ေရာဂါေတြရွိ-မရွိ စစ္ရမယ္။
• Duplex ultrasound ရိုက္ရင္ ေသြးစီးေလွ်ာက္မႈကို သိႏိုင္တယ္။
• Penile nerves function စမ္းသပ္နည္း၊
• Nocturnal penile tumescence (NPT)
• ေယာက္်ားတေယာက္ဟာ အိပ္ေနတံုး (REM) အဆင့္အတြင္းမွာ လိင္သန္မာမႈ ၅-၆ ၾကိမ္ျဖစ္တာ ပံုမွန္ပါ။ အဲလိုမျဖစ္ရင္
• Nerve function နဲ႔ Blood supply ေတြ ခ်ိဳ႕ယြင္းေနမယ္။
• Snap gauge နဲ႔ Strain gauge ကရိယာေတြနဲ႔ တိုင္းတာစစ္ေဆးႏိုင္တယ္။
• Penile biothesiometry စမ္းသပ္နည္း၊
• Dynamic infusion cavernosometry (DICC) နည္း၊
• Corpus cavernosometry နည္း၊
• Magnetic resonance angiography (MRA) နည္း။

ဘာလို႔ျဖစ္သလဲအေပၚ မူတည္ျပီး ကုသရတယ္။
• အာဆင္းနိတ္အဆိပ္သင့္သူေတြမွာ ပိုတက္ဆီယန္ဓါတ္ဆား နည္းေနတာကို ျပင္ေပးရတယ္။
• Alprostadil penis suppository ေဆးကို ဆီးသြားျပြန္ထဲ ထည့္ေပးရတယ္။
• Injection therapy (Papaverine, Phentolamine, Prostaglandin E1) ေဆးကို လိင္အဂၤါမွာ ကိုယ့္ဖါသာ ထိုးရတယ္။ Alprostadil (Alprostadil, Caverject Impulse, Edex)
• လိင္အဂၤါအတု တပ္မယ္၊
• (ပန္႔ပ္) ကရိယာ သံုးမယ္၊
•  ခြဲစိတ္ကုသနည္း။
• (တက္စတိုစတီရုန္း) ေဟာ္မုန္းေပးျခင္း၊
• Alprostadil (Vitaros) cream လိမ္းေဆးလဲ ကေနဒါမွာ ခြင့္ျပဳခ်က္ ရထားတယ္။

Testosterone deficiency (တက္စတိုစတီရုန္း) ေဟာ္မုန္းနည္းေနသူဟာ
- လိင္စိတ္လာတာ နည္းေနမယ္၊
- ေနမေကာင္း ထိုင္မသာျဖစ္ေနမယ္၊
- စိတ္ဓါတ္ က်ေနမယ္၊
- အာရံုစိုက္ရတာ မွတ္သားရတာ အားနည္းေနမယ္၊
- ကိုယ္ခႏၶာလဲ ပိန္လွီေနမယ္၊
- Cholesterol metabolism (ကိုလက္စေထာ) အလုပ္မမွန္ျဖစ္ေနမယ္၊
- Anemia ေသြးအားနည္းေနမယ္၊
- Osteoporosis အရိုးအားနည္းေနမယ္၊
- ကိုယ္ေမႊးေပါက္တာ ပါးေနမယ္၊

Testosterone နည္း-မနည္း ေသြးစစ္ရင္သိမယ္။ မနက္ခင္းမွာ စမ္းတာပိုေကာင္းတယ္။ နည္းေနသူေတြကို
- Testosterone IM ၂-၃ ပါတ္တခါ ထိုးႏိုင္တယ္။
- Testosterone patches ကပ္ခြါကပ္ထားႏိုင္တယ္။ တေန႔တခါ ကပ္ရတယ္။ ေနရာေျပာင္းျပီးကပ္ႏိုင္တယ္။ ေသာက္ေဆး မရွိေသးပါ။ ရွိရင္လဲ အသဲကို ပိုထိခိုက္ေစႏိုင္တယ္။
- Testosterone ေဆးေပးရင္ Prostate ဆီးက်ိတ္ကိုၾကီးေစတယ္။ Prostate cancer ဆီးက်ိတ္-ကင္ဆာ ရွိရင္ မသင့္ဘူး။

Testosterone ေဆးရဲ႕ ေဘးထြက္-ဆိုးက်ိဳးေတြ -
-  အဆီျပန္မယ္၊ ဝက္ျခံေပါက္မယ္၊
-  ဆီးအသြားရခက္ႏိုင္တယ္၊
- ရင္သားထြားမယ္၊
-  အိပ္ေရးပ်က္မယ္၊
-  က်ား-အေစ့ ေသးသြားႏိုင္တယ္၊
- ကိုလက္စထေရာ အနည္း-အမ်ားေျပာင္းမယ္၊
- ေသြးနီဥမ်ားမယ္၊
- သုက္ပိုးနည္းေစျပီး ကေလးမရျဖစ္ေစႏိုင္တယ္၊

ဆရာဝန္မလိုဘဲ ေပ်ာက္ကင္းႏိုင္တာေတြလဲ ရွိပါတယ္။
- လိင္ဆက္ဆံတာကို လိုတာထက္ပိုျပီး စိတ္လႈပ္ရွားေနတာ ျပင္ပါ။
- အလုပ္-မိသားစုအတြင္း စိတ္အခန္႔မသင့္ ျဖစ္ေနတာ ျပင္ပါ။
- ကိုယ့္ဇနီး-မိန္ကေလးနဲ႔ ဆက္ဆံေရး က်ဲေနတာ ျပင္ပါ။
- ကိုယ့္ကိုယ္ကို လိင္ကိစၥမွာ ယံုၾကည္မႈ မနည္းသင့့္ဘဲ နည္းေနတာ ျပင္ပါ။
- ကိုယ့္မိန္းကေလးေဖၚကေန အႏုတ္သေဘာ ေျပာတာကို ေျပာင္းေစပါ။ ေမ့ထားလိုက္ပါ။
-  လူေနမႈဘဝ ပံုစံေပာင္းသင့္ရင္ ေျပာင္းပါ။ ဥပမာ  ေဆးလိပ္၊ အရက္ျဖတ္ပါ၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ပါ၊ (ေအရိုးဘစ္) ေလ့က်င့္ခန္းလုပ္တာ ပိုေကာင္းေစမယ္။

ေရာဂါအခံေတြလဲမရွိ၊ ေျပာခဲ့တာေတြကိုလဲ ျပင္လို႔မွ မရေသးရင္ စိတ္ပိုင္းဆိုင္ရာ ကုသမႈ ခံယူပါ။ သက္သာ-ေကာင္းမြန္-ေပ်ာက္ကင္းေစမွာ အမွန္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာတင့္ေဆြ

#Unicode Version#
 မေး။ ။ကျွန်တော် အသက် ၂၆ နှစ်ရှိပါပြီ အိမ်ထောင်မကျသေးပါ။ အခု ပန်းသေပန်းညိူးရောဂါ ခံစားနေရပါတယ်။ စဖြစ်တာကတော့ ၂ဝ၁ဝ စက်တင်ဘာလလောက်ကပါ။ ဘယ်လိုကဘယ်လိုစဖြစ်သလဲတော့ မသိပါ။ အခုထိလည်း သက်သာလာခြင်း မရှိသေးပါ။ ဖြစ်တဲ့လက္ခဏာတွေကတော့ လိင်မသန်မာတောဘူး၊ စိတ်ကပါပင်မဲ့ လိင်တန်တောင့်ခြင်း မရှိတော့ပါဘူး။ ၁ မိနစ်လောက်ဆိုရင် ပြန်ကျသွားပါတယ်။ ဆီးသွားရတာလည်း ပြတ်တောင်းပြတ်တောင်းနဲ့။ ခါးကလည်း တောင့်တင်းနေပါတယ်။

ကျွန်တော်ရဲ့ ဥကို စမ်းကြည့်လိုက်ရင် အကြောထုံးလိုလိုဟာကိုလည်း စမ်းမိပါတယ်။ လူကြီးများကတော့ မြန်မာလို မုတ္တရောင်တယ်ဆိုပြီး တိုင်းရင်းဆေးဆရာနဲ့ နှိပ်ခိုင်းပါတယ်။ ဒါပေမဲ့ မပျောက်ဘူး။ ကျွန်တော် နာတာမခံနိုင်တော့လို့ တခေါက်ဘဲသွားပြီး မသွားတော့ပါ။ ပြီးတော့ ဆရာဝန်ကြီးတယောက်ကို ပြကြည့်တောလည်း လူပျိုဖြစ်တဲ့အတွက် ဆေးပြင်းတာတွေ မပေးချင်လို့ ရိုးရိုး အားဆေးတွေ ပေးသောက်ခိုင်းပါတယ်။ လုံးဝကို မသိသာပါဘူး။ နှစ်ခေါက်လောက်သွားပြီးနောက် မသွားတောပါ။ ကျွန်တော်ကို အိမ်က မိန်းမယူခိုင်းနေပါပြီ။ ကျွန်တော်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ မကျအောင် ကိုယ်ဘာသာကိုယ် အားပေးနေလာတာ တနှစ်ကျော်လာပါပြီ။ အခုအခြေအနေမှာတော့ ပြန်လည်သန်စွမ်း ပါဦးမလားဆိုတဲ့ အတွေးမျိုးတောင် ဝင်မိပါတယ်။  သောက်ရမည့်ဆေးများ သင့်တော်သည့် လမ်းညွှန်ချက်များ ပေးပါရန် တောင်ပန်ပါတယ်။

ဖြေ။ ။Erectile Dysfunction ကို Impotence လို့လဲခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါသန်မာမှုဆိုတာ Hydraulic effect (ဟိုက်ဒရောလစ်) တံခါးမျိုးလိုဘဲ လိင်တံထဲကို သွေးတွေ စီးဝင်လာရာကနေ ဖြစ်လာစေတယ်။

 လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။
(၁) Reflex erection ဆိုတာ လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှု၊  အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့်  (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲမှာရှိတဲ့  အနုစားကြွက်သားတွေ  ပျော့ကျယ်လာစေမယ်။

(၂) Psychogenic erection စိတ်ပိုင်းကနေ လုပ်ပေးတာ။ Sexual arousal လိင်စိတ် ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။

ကျား-အစိကနေလဲ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း ကိုထုတ်ပေးတယ်။ ဒါ့အပြင် ဦးနှောက်ထဲမှာရှိတဲ့ Pituitary gland (ပစ်ကျူထရီ) အိတ်ကလေးကလဲ သူ့အလုပ်သူ ကောင်းကောင်း လုပ်နိုင်ဘို့ လိုသေးတယ်။

ဒါ့ကြောင့် -
1. Hormonal deficiency ဟော်မုန်း နည်းနေရင်၊
2. Disorders of the neural system အာရုံကြော မကောင်းရင်၊
3. Lack of adequate penile blood supply သွေးပို့လွှတ်မှု မကောင်းရင် နဲ့
4. Psychological problems စိတ်အခြေအနေမှာ အားနည်းချက်ရှိရင် ပန်းညှိုး-ပန်းသေ ဖြစ်စေနိုင်တယ်။

ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေ အမျိုးမျိုးရှိတယ်။
• အသက် ၆ဝ ကျော်သူတွေမှာ ၄ဝ ကျော်တွေထက် ၄ ဆ ပိုဖြစ်တယ်။
• နှလုံးေ-သွးကြောရောဂါ၊
• ဆီးချိုရောဂါ၊
• ကျောက်ကပ် အလုပ်မလုပ်နိုင်တာ၊
• သွေးတိုး၊
•  သွေးကြော မာ-ကျဉ်းရောဂါ၊
• ဆေးလိပ်စွဲသောက်တာ။
•  မူးယစ်ဆေးစွဲ၊ အရက်စွဲ၊
• အားကုန်နေတာ၊
• လူအဝလွန်တာ၊
•  ဟော်မုန်းနည်းတာ၊
• Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း နည်းနေတာ၊
• Arsenic poisoning (အာဆင်းနိတ်) အဆိပ်သင့်တာ၊
• ဆေးဝါးကြောင့်ဖြစ်တာတွေထဲမှာ (SSRIs) စိတ်ကျဆေးတွေ နဲ့ Nicotine (နီကိုတင်း) မူးယစ်ဆေးတွေက အများဆုံး ဖြစ်တယ်။
•  ခါးရိုးဆစ် ထိခိုက်တာ၊ ဦးနှောက်ထိခိုက်တာ၊ (ပါကင်ဆန်) ရောဂါ၊ (အယ်လ်ဇိုင်းမား) ရောဂါ၊ (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါ နဲ့ လေဖြတ် ရောဂါ၊ Cavernosal disorders (Peyronie's disease) ရောဂါတွေ ရှိနေတာ။
• အူမကြီး၊  ဆီးကျိတ်၊ ဆီးအိမ်၊  အစာဟောင်းအိမ်တွေမှာ ခွဲစိတ်တာ၊ ဓါတ်ကင်တာ၊
•  စိတ်အခြေခံတွေကတော့  လက်တွေ့စိုးရိမ်စိတ်၊ Stress စိတ်ဖိအား များခြင်း၊  တကယ့်စိတ်ကျရောဂါ၊ Schizophrenia (စကစ်ဇိုဖရီးနီးယား)၊  ဆေးစွဲခြင်း၊  (ပင်းနစ်) ထိန်းမနိုင်-သိမ်းမရ စိတ်ရောဂါ၊ အထွေထွေ စိတ်ကျခြင်း၊ တကိုယ်ရေစိတ်ရောဂါ၊  အဆိုးမြင်စိတ်တွေ၊
• ၂ဝဝ၂ သုတေသနတခုအရ စက်ဘီးစီးတာနဲ့လဲ ဆက်စပ်မှုရှိတယ်။
• ၂ဝ၁၁ သုတေသနတခုအရ NSAIDs အကိုက်အခဲပျောက်ဆေးတွေကို တနေ့ ၃ ကြိမ်၊ ၃ လမက သောက်သူတွေဟာ ၂၂% ပိုဖြစ်တာ တွေ့ရတယ်။

ဆေးစစ်နည်းတွေ -
• Hypogonadism, Prolactinoma, Coronary artery disease and Peripheral vascular disease နဲ့ Diabetes ရောဂါတွေရှိ-မရှိ စစ်ရမယ်။
• Duplex ultrasound ရိုက်ရင် သွေးစီးလျှောက်မှုကို သိနိုင်တယ်။
• Penile nerves function စမ်းသပ်နည်း၊
• Nocturnal penile tumescence (NPT)
• ယောက်ျားတယောက်ဟာ အိပ်နေတုံး (REM) အဆင့်အတွင်းမှာ လိင်သန်မာမှု ၅-၆ ကြိမ်ဖြစ်တာ ပုံမှန်ပါ။ အဲလိုမဖြစ်ရင်
• Nerve function နဲ့ Blood supply တွေ ချို့ယွင်းနေမယ်။
• Snap gauge နဲ့ Strain gauge ကရိယာတွေနဲ့ တိုင်းတာစစ်ဆေးနိုင်တယ်။
• Penile biothesiometry စမ်းသပ်နည်း၊
• Dynamic infusion cavernosometry (DICC) နည်း၊
• Corpus cavernosometry နည်း၊
• Magnetic resonance angiography (MRA) နည်း။

ဘာလို့ဖြစ်သလဲအပေါ် မူတည်ပြီး ကုသရတယ်။
• အာဆင်းနိတ်အဆိပ်သင့်သူတွေမှာ ပိုတက်ဆီယန်ဓါတ်ဆား နည်းနေတာကို ပြင်ပေးရတယ်။
• Alprostadil penis suppository ဆေးကို ဆီးသွားပြွန်ထဲ ထည့်ပေးရတယ်။
• Injection therapy (Papaverine, Phentolamine, Prostaglandin E1) ဆေးကို လိင်အင်္ဂါမှာ ကိုယ့်ဖါသာ ထိုးရတယ်။ Alprostadil (Alprostadil, Caverject Impulse, Edex)
• လိင်အင်္ဂါအတု တပ်မယ်၊
• (ပန့်ပ်) ကရိယာ သုံးမယ်၊
•  ခွဲစိတ်ကုသနည်း။
• (တက်စတိုစတီရုန်း) ဟော်မုန်းပေးခြင်း၊
• Alprostadil (Vitaros) cream လိမ်းဆေးလဲ ကနေဒါမှာ ခွင့်ပြုချက် ရထားတယ်။

Testosterone deficiency (တက်စတိုစတီရုန်း) ဟော်မုန်းနည်းနေသူဟာ
- လိင်စိတ်လာတာ နည်းနေမယ်၊
- နေမကောင်း ထိုင်မသာဖြစ်နေမယ်၊
- စိတ်ဓါတ် ကျနေမယ်၊
- အာရုံစိုက်ရတာ မှတ်သားရတာ အားနည်းနေမယ်၊
- ကိုယ်ခန္ဓာလဲ ပိန်လှီနေမယ်၊
- Cholesterol metabolism (ကိုလက်စထော) အလုပ်မမှန်ဖြစ်နေမယ်၊
- Anemia သွေးအားနည်းနေမယ်၊
- Osteoporosis အရိုးအားနည်းနေမယ်၊
- ကိုယ်မွှေးပေါက်တာ ပါးနေမယ်၊

Testosterone နည်း-မနည်း သွေးစစ်ရင်သိမယ်။ မနက်ခင်းမှာ စမ်းတာပိုကောင်းတယ်။ နည်းနေသူတွေကို
- Testosterone IM ၂-၃ ပါတ်တခါ ထိုးနိုင်တယ်။
- Testosterone patches ကပ်ခွါကပ်ထားနိုင်တယ်။ တနေ့တခါ ကပ်ရတယ်။ နေရာပြောင်းပြီးကပ်နိုင်တယ်။ သောက်ဆေး မရှိသေးပါ။ ရှိရင်လဲ အသဲကို ပိုထိခိုက်စေနိုင်တယ်။
- Testosterone ဆေးပေးရင် Prostate ဆီးကျိတ်ကိုကြီးစေတယ်။ Prostate cancer ဆီးကျိတ်-ကင်ဆာ ရှိရင် မသင့်ဘူး။

Testosterone ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ -
-  အဆီပြန်မယ်၊ ဝက်ခြံပေါက်မယ်၊
-  ဆီးအသွားရခက်နိုင်တယ်၊
- ရင်သားထွားမယ်၊
-  အိပ်ရေးပျက်မယ်၊
-  ကျား-အစေ့ သေးသွားနိုင်တယ်၊
- ကိုလက်စထရော အနည်း-အများပြောင်းမယ်၊
- သွေးနီဥများမယ်၊
- သုက်ပိုးနည်းစေပြီး ကလေးမရဖြစ်စေနိုင်တယ်၊

ဆရာဝန်မလိုဘဲ ပျောက်ကင်းနိုင်တာတွေလဲ ရှိပါတယ်။
- လိင်ဆက်ဆံတာကို လိုတာထက်ပိုပြီး စိတ်လှုပ်ရှားနေတာ ပြင်ပါ။
- အလုပ်-မိသားစုအတွင်း စိတ်အခန့်မသင့် ဖြစ်နေတာ ပြင်ပါ။
- ကိုယ့်ဇနီး-မိန်ကလေးနဲ့ ဆက်ဆံရေး ကျဲနေတာ ပြင်ပါ။
- ကိုယ့်ကိုယ်ကို လိင်ကိစ္စမှာ ယုံကြည်မှု မနည်းသင့်ဘဲ နည်းနေတာ ပြင်ပါ။
- ကိုယ့်မိန်းကလေးဖေါ်ကနေ အနုတ်သဘော ပြောတာကို ပြောင်းစေပါ။ မေ့ထားလိုက်ပါ။
-  လူနေမှုဘဝ ပုံစံပောင်းသင့်ရင် ပြောင်းပါ။ ဥပမာ  ဆေးလိပ်၊ အရက်ဖြတ်ပါ၊ ကိုယ်အလေးချိန်လျှော့ချပါ၊ (အေရိုးဘစ်) လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းစေမယ်။

ရောဂါအခံတွေလဲမရှိ၊ ပြောခဲ့တာတွေကိုလဲ ပြင်လို့မှ မရသေးရင် စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူပါ။ သက်သာ-ကောင်းမွန်-ပျောက်ကင်းစေမှာ အမှန်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top