မူးယစ္ေဆးမစြဲ အေပ်ာ္အပါး မလိုက္ တဲ့ အလုပ္က်ိဳးစားသူ လူရိုး လူေအးၾကီးလို ့ ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ ့ မင္ဘူရီရပ္ကြက္သားေတြက သိေနတဲ့ ထိုင္းနိုင္ငံသား နိုင္နထစပ္ (၄၆) နွစ္ရဲ ့ စိတ္မေကာင္းစရာ .. မယံုၾကည္နိုင္စရာ ျဖစ္ရပ္ဆိုး ကို ရပ္ကြက္သားေတြက ေတြ ့ျမင္ခဲ့ၾကရပါတယ္။

ေဆာင္းေဘာက္ တတ္ဆင္ လုပ္ငန္း ဆိုင္ ဖြင့္ထားတဲ့ သူ ့ဆိုင္မွာ ဧျပီလ ၂၅ ရက္ေန ့ည က နထစပ္ဟာ ဇနီးနဲ ့ ကေလးနွစ္ဦး ကို ရက္ရက္စက္စက္ ဓါးနဲ ့ထိုးသတ္ျပီး ကိုယ္တိုင္းလည္း ကို ယ့္လည္ပင္းကိုဒါးနဲ ့ ထိုးေသေၾကာင္းၾကံ ခဲ့ေပမယ့္ မေသခဲ့ပဲ အေရးေပၚေဆးရံုတင္ခဲ့ရပါတယ္။

အားလံုးက ဒီသတင္းကိုၾကားရတဲ့အခ်ိန္ မွာ အလြန္အံအားသင့္ျပီးတကယ္ပဲ မိမိ မိသားစုကို သတ္ေလာက္ေအာင္ ဘာေၾကာင့္မ်ား ခုလို ဆံုးျဖတ္ရတာလည္းဆိုတာ ထိုင္းနိုင္ငံသားေတြ အၾကားမွာ မေတြးတတ္ေအာင္ ျဖစ္ခဲ့ၾကတယ္။

သူတို ့ဇနီးေမာင္နွံဟာ ေန ့ျပန္တိုး အေၾကြးရွင္ (၈)ဦးထံကေန ေငြေခ်းျပီး စီးပြားေရးလုပ္ေနတာလို ့ သိရပါတယ္ ၊ တေန ့ကို အတိုးထိုင္း ဘတ္ေငြ( ၈၀၀၀)က်ပ္ေငြ သံုးသိန္းခုနွစ္ေသာင္း ေက်ာ္ ေပးေနရတာကို မေပးနိုင္ေတာ့တဲ့အဆံုး လင္မယားနွစ္ဦးဟာ မိမိကိုယ္(ကေလးေတြပါ) သတ္ေသၾကဘို ့ ဆံုးျဖတ္ခဲ့တာလို ့ သိရပါတယ္။

ထိုင္းနိုင္ငံမွာ ေန ့ျပန္တိုး ဟာ အဆိုးဆံုး ေ၇ာဂါျဖစ္ျပီး အတိုးမတတ္နိုင္လို ့ ခုလို သတ္ေသသူေတြ အလြန္မ်ားလာေနတာေၾကာင့္ ရဲတပ္ဖြဲ ့က ေနျပန္အေၾကြး ေပးေနတဲ့ သူေတြကို အေရးယူဖမ္းဆီးမွုေတြျပဳလုပ္ေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:SAW

#Unicode Version# ျဖင့္ဖတ္ပါ ။

မူးယစ်ဆေးမစွဲ အပျော်အပါး မလိုက် တဲ့ အလုပ်ကျိုးစားသူ လူရိုး လူအေးကြီးလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူရီရပ်ကွက်သားတွေက သိနေတဲ့ ထိုင်းနိုင်ငံသား နိုင်နထစပ် (၄၆) နှစ်ရဲ့ စိတ်မကောင်းစရာ .. မယုံကြည်နိုင်စရာ ဖြစ်ရပ်ဆိုး ကို ရပ်ကွက်သားတွေက တွေ့မြင်ခဲ့ကြရပါတယ်။

ဆောင်းဘောက် တတ်ဆင် လုပ်ငန်း ဆိုင် ဖွင့်ထားတဲ့ သူ့ဆိုင်မှာ ဧပြီလ ၂၅ ရက်နေ့ည က နထစပ်ဟာ ဇနီးနဲ့ ကလေးနှစ်ဦး ကို ရက်ရက်စက်စက် ဓါးနဲ့ထိုးသတ်ပြီး ကိုယ်တိုင်းလည်း ကို ယ့်လည်ပင်းကိုဒါးနဲ့ ထိုးသေကြောင်းကြံ ခဲ့ပေမယ့် မသေခဲ့ပဲ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။

အားလုံးက ဒီသတင်းကိုကြားရတဲ့အချိန် မှာ အလွန်အံအားသင့်ပြီးတကယ်ပဲ မိမိ မိသားစုကို သတ်လောက်အောင် ဘာကြောင့်များ ခုလို ဆုံးဖြတ်ရတာလည်းဆိုတာ ထိုင်းနိုင်ငံသားတွေ အကြားမှာ မတွေးတတ်အောင် ဖြစ်ခဲ့ကြတယ်။

သူတို့ဇနီးမောင်နှံဟာ နေ့ပြန်တိုး အကြွေးရှင် (၈)ဦးထံကနေ ငွေချေးပြီး စီးပွားရေးလုပ်နေတာလို့ သိရပါတယ် ၊ တနေ့ကို အတိုးထိုင်း ဘတ်ငွေ( ၈၀၀၀)ကျပ်ငွေ သုံးသိန်းခုနှစ်သောင်း ကျော် ပေးနေရတာကို မပေးနိုင်တော့တဲ့အဆုံး လင်မယားနှစ်ဦးဟာ မိမိကိုယ်(ကလေးတွေပါ) သတ်သေကြဘို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ နေ့ပြန်တိုး ဟာ အဆိုးဆုံး ရောဂါဖြစ်ပြီး အတိုးမတတ်နိုင်လို့ ခုလို သတ်သေသူတွေ အလွန်များလာနေတာကြောင့် ရဲတပ်ဖွဲ့က နေပြန်အကြွေး ပေးနေတဲ့ သူတွေကို အရေးယူဖမ်းဆီးမှုတွေပြုလုပ်နေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:SAW
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top