မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ုိင္၊ ၿမိဳင္ၿမိဳ႕နယ္ ပုသိမ္-မုံ႐ြာလမ္းမမွာ ဒီေန႔ မနက္ပိုင္းက ဆီေဘာင္ဆာယာဥ္နဲ႔ လိုက္ထရပ္ယာဥ္တို႔ တိုက္မိတဲ့အတြက္ ခရီးသည္ ၈ ဦး ေသဆံုးခဲ့ၿပီး ၁၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ဧၿပီ ၇ ရက္ေန႔ မနက္ ၆ နာရီေလာက္ ပုသိမ္-မုံ႐ြာလမ္းမ ၿမိဳင္ၿမိဳ႕နယ္ ေတာ႐ြာေက်းရြာနဲ႔ လင္းကေတာ ေက်းရြာၾကား မိုင္တိုင္အမွတ္- ၄၁၆/၇ နဲ႔ ၄၁၇/၀ ၾကားမွာ ဆီေဘာင္ဆာနဲ႔ လိုက္ထရပ္ကားတို႔ တိုက္မိခဲ့ၿပီး လိုက္ထရပ္ကားေပၚမွာ လိုက္လာတဲ့ ခရီးသည္ ၈ ဦးေသဆံုးခဲ့ၿပီး ၁၄ ဦး ဒဏ္ရာရ႐ွိခဲ့တာပါ။

ေသဆံုးသူနဲ႔ ဒဏ္ရာရသူေတြဟာ ၿမိဳင္ၿမိဳ႕နယ္ အုပ္ဖိုေက်းရြာကလို႔ သိရပါတယ္။ယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ နယ္ေျမရဲစခန္းမွာ ဥပေဒအတိုင္းစီစဥ္ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပုသိမ်-မုံရွာလမ်းမမှာ ဒီနေ့ မနက်ပိုင်းက ဆီဘောင်ဆာယာဉ်နဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မိတဲ့အတွက် ခရီးသည် ၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၇ ရက်နေ့ မနက် ၆ နာရီလောက် ပုသိမ်-မုံရွာလမ်းမ မြိုင်မြို့နယ် တောရွာကျေးရွာနဲ့ လင်းကတော ကျေးရွာကြား မိုင်တိုင်အမှတ်- ၄၁၆/၇ နဲ့ ၄၁၇/၀ ကြားမှာ ဆီဘောင်ဆာနဲ့ လိုက်ထရပ်ကားတို့ တိုက်မိခဲ့ပြီး လိုက်ထရပ်ကားပေါ်မှာ လိုက်လာတဲ့ ခရီးသည် ၈ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ မြိုင်မြို့နယ် အုပ်ဖိုကျေးရွာကလို့ သိရပါတယ်။ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ဥပဒေအတိုင်းစီစဉ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb