အရြယ္မေရာက္ေသးတဲ့ ကေလးေတြရွိတဲ့ မိဘေတြ အထူးသတိျပဳၾကဖို႔ ဧၿပီလ ၉ ရက္ေန႔က သြားဆရာဝန္ႀကီးကိုယ္တိုင္ လူမွုကြန္ယက္မွာ ေဖာ္ျပေပးခဲ့တဲ့ သတင္းတစ္ပုဒ္ျဖစ္ပါတယ္။
 
နို႔ဗူးကို တစ္ခ်ိန္လုံး ပါးစပ္ကမခ် စို႔ေနတဲ့အေက်င့္ေၾကာင့္ ကေလးရဲသြားေတြဟာ ပိုးစားေဆြးေျမ့ၿပီး ၁၈ ေခ်ာင္းတိတိ တစ္ခ်ိန္ထဲမွာ ႏွုတ္ခဲ့ရတာဟာ သူ႔ရဲ့လုပ္သက္တစ္ေလၽွာက္ ဒါပထမဦးဆုံးအႀကိမ္ ၾကဳံဖူးတာျဖစ္ေၾကာင္း ထိုင္းနိုင္ငံ ဖူခက္အေျခစိုက္ သြားေဆးခန္း ဆရာဝန္ႀကီးက ေဖာ္ျပခဲ့ပါတယ္။
 
မိခင္ျဖစ္သူက ကေလးသြားပိုးစားလို႔ ေဆး႐ုံကို လာျပတဲ့အခ်ိန္မွာ သူနာျပဳေတြက စစ္ေဆးၿပီးခဲ့ရာမွာ သြားေတြရဲ့ ဆိုးရြားတဲ့ အေျခအေနေၾကာင့္ ထိတ္လန႔္ၿပီး ခ်က္ျခင္းအေရးေပၚ ကုသမွု လုပ္ေပးခဲ့ရပါတယ္။ တစ္နာရီေက်ာ္ၾကာ လုပ္ကိုင္ခဲ့ရၿပီး ထုံေဆး ၁၄ ႀကိမ္ ထိုးေပးခဲ့ရကာ သြား ၁၈ ေခ်ာင္းတိတိ ႏွုတ္ခဲ့ရပါတယ္။


ျဖစ္စဥ္ကို ေမးၾကည့္တဲ့အခါမွာေတာ့ ကေလးဟာ ၁ ႏွစ္သားေလာက္မွာ အစာအိမ္တုပ္ေကြး ျဖစ္တာေၾကာင့္ ဆရာဝန္တစ္ဦးက နို႔အစား ပဲနို႔ရည္တိုက္လို႔ ညႊန္ၾကားတဲ့အတြက္ ပဲနို႔ရည္ကို နို႔ဗူးထဲထည့္ၿပီး ေတာက္ေလၽွာက္ တိုက္ခဲ့ပါတယ္။

ပဲနို႔ရည္တိုက္ၿပီး သိပ္မၾကာခင္မွာ ကေလးရဲ့သြားေတြ ဝါလာပါတယ္။ မိခင္က သြားတိုက္ေပးဖို႔ လုပ္ေပမယ့္ ကေလးရဲ့ သြားေတြက ေသြးယိုၿပီး နာက်င္တာေၾကာင့္ ေနာက္ဆုံးမွာ မိခင္က လက္ေလၽွာ့ခဲ့ပါတယ္။ ဒါ့အျပင္ ငယ္သြားလဲမွာမို႔ ျဖစ္တယ္ထင္ၿပီး ေစာင့္ၾကည့္ေနခဲ့ရာကေန အေျခအေနပိုဆိုးလာတာျဖစ္ပါတယ္။

သြားဆရာဝန္ Sathian Suravisankul က မိဘေတြအေနနဲ႔ ကေလးေတြ သြားပိုးစားတာကို သတိထားသင့္ေၾကာင့္ သြားပိုးကတစ္ဆင့္ ေရာဂါပိုးေတြ ေပါက္ပြားလာၿပီး တစ္သက္တာ သြားျပန္မေပါက္နိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္နိုင္ေၾကာင္း ႏွိုးေဆာ္ထားပါတယ္။

“ကေလးရဲ့ သြား ၁၈ ေခ်ာင္းႏွုတ္လိုက္ရတာကေတာ့ သူ႔ခံတြင္းတစ္ခုလုံးက သြားေတြ ကိုက္ခဲေနၿပီး အျခားေရြးစရာလမ္းမရွိေတာ့လို႔ပါ” လို႔ ရွင္းျပထားပါတယ္။


ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
အရွယ်မရောက်သေးတဲ့ ကလေးတွေရှိတဲ့ မိဘတွေ အထူးသတိပြုကြဖို့ ဧပြီလ ၉ ရက်နေ့က သွားဆရာဝန်ကြီးကိုယ်တိုင် လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

နို့ဗူးကို တစ်ချိန်လုံး ပါးစပ်ကမချ စို့နေတဲ့အကျေင့်ကြောင့် ကလေးရဲသွားတွေဟာ ပိုးစားဆွေးမြေ့ပြီး ၁၈ ချောင်းတိတိ တစ်ချိန်ထဲမှာ နှုတ်ခဲ့ရတာဟာ သူ့ရဲ့လုပ်သက်တစ်လျှောက် ဒါပထမဦးဆုံးအကြိမ် ကြုံဖူးတာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖူခက်အခြေစိုက် သွားဆေးခန်း ဆရာဝန်ကြီးက ဖော်ပြခဲ့ပါတယ်။

မိခင်ဖြစ်သူက ကလေးသွားပိုးစားလို့ ဆေးရုံကို လာပြတဲ့အချိန်မှာ သူနာပြုတွေက စစ်ဆေးပြီးခဲ့ရာမှာ သွားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေကြောင့် ထိတ်လန့်ပြီး ချက်ခြင်းအရေးပေါ် ကုသမှု လုပ်ပေးခဲ့ရပါတယ်။ တစ်နာရီကျော်ကြာ လုပ်ကိုင်ခဲ့ရပြီး ထုံဆေး ၁၄ ကြိမ် ထိုးပေးခဲ့ရကာ သွား ၁၈ ချောင်းတိတိ နှုတ်ခဲ့ရပါတယ်။


ဖြစ်စဉ်ကို မေးကြည့်တဲ့အခါမှာတော့ ကလေးဟာ ၁ နှစ်သားလောက်မှာ အစာအိမ်တုပ်ကွေး ဖြစ်တာကြောင့် ဆရာဝန်တစ်ဦးက နို့အစား ပဲနို့ရည်တိုက်လို့ ညွှန်ကြားတဲ့အတွက် ပဲနို့ရည်ကို နို့ဗူးထဲထည့်ပြီး တောက်လျှောက် တိုက်ခဲ့ပါတယ်။

ပဲနို့ရည်တိုက်ပြီး သိပ်မကြာခင်မှာ ကလေးရဲ့သွားတွေ ဝါလာပါတယ်။ မိခင်က သွားတိုက်ပေးဖို့ လုပ်ပေမယ့် ကလေးရဲ့ သွားတွေက သွေးယိုပြီး နာကျင်တာကြောင့် နောက်ဆုံးမှာ မိခင်က လက်လျှော့ခဲ့ပါတယ်။ ဒါ့အပြင် ငယ်သွားလဲမှာမို့ ဖြစ်တယ်ထင်ပြီး စောင့်ကြည့်နေခဲ့ရာကနေ အခြေအနေပိုဆိုးလာတာဖြစ်ပါတယ်။

သွားဆရာဝန် Sathian Suravisankul က မိဘတွေအနေနဲ့ ကလေးတွေ သွားပိုးစားတာကို သတိထားသင့်ကြောင့် သွားပိုးကတစ်ဆင့် ရောဂါပိုးတွေ ပေါက်ပွားလာပြီး တစ်သက်တာ သွားပြန်မပေါက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ကြောင်း နှိုးဆော်ထားပါတယ်။

“ကလေးရဲ့ သွား ၁၈ ချောင်းနှုတ်လိုက်ရတာကတော့ သူ့ခံတွင်းတစ်ခုလုံးက သွားတွေ ကိုက်ခဲနေပြီး အခြားရွေးစရာလမ်းမရှိတော့လို့ပါ” လို့ ရှင်းပြထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top