ပ်ိဳေမတို႔ဟာ ရုပ္ပိုင္းဆိုင္ရာလွပနုပ်ိဳဖို႕နဲ႕ စိတ္ပိုင္းဆိုင္ရာက်န္းမာဖို႕အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးရွိတဲ့အထဲမွာ အေကာင္းဆံုးနည္းလမ္းကေတာ့ ေလ့က်င့္ခန္းလုပ္ေပးတဲ့နည္းလမ္းပါ။ ေန႕စဥ္ၾကံဳေတြ႕ရတဲ့ စိတ္ဖိိစီးမႈေတြကို ဖယ္ရွားျပီး သန္မာတဲ့သူတစ္ေယာက္ျဖစ္ဖို႕ ေန႕စဥ္ဒီေလ့က်င့္ခန္းေလးေတြကို လုပ္ေပးလိုက္ပါ။

(၁) အသက္ရွဴေလ့က်င့္ခန္း

ေလကို ရိႈက္သြင္းလိုက္ျပီး နွစ္စကၠန္႕ေလာက္ေနျပီး အဆုတ္ထဲေရာက္သည္အထိရွဴသြင္းလိုက္ပါ။ ျပီးရင္ ထြက္ေလကို ပါးစပ္ထဲကေနျဖည္းျဖည္းခ်င္းထုတ္ေပးလိုက္ပါ။ အဲ့ဒါကို မိနစ္အနည္းငယ္လုပ္ေပးမယ္ဆိုရင္ ခႏၶာကိုယ္ထဲကေသြးလွည့္ပတ္မႈ၊ အစာေခ်စနစ္ေတြ ေကာင္းေကာင္းလွည့္ပတ္ဖို႕ အေထာက္အပံ့ ေပးနိုင္ပါတယ္။

(၂) ေသြးပူေလ့က်င့္ခန္္း

ေျခေထာက္နွစ္ဖက္ကို ပခံုးအက်ယ္ေလာက္ ခြဲရပ္ျပီး ဒူးေတြကို အနည္းငယ္ေကြးထားေပးလိုက္ပါ။ လက္နွစ္ဖက္ကို ေရွ႕ေနာက္၊ ေဘး ဘယ္ညာ လြဲေပးပါ။ ခႏၶာကိုယ္ထဲက ေသြးေတြပူလာသည္အထိ အဲ့ဒါကိုလုပ္ေပးပါ။ မနက္ခင္းမွာလုပ္ေပးမယ္ဆိုရင္ တစ္ေန႕လံုးလန္းဆန္းေစပါတယ္။

(၃) အေၾကာေလွ်ာ့ေလ့က်င့္ခန္း

ေျခေထာက္နွစ္ဖက္ကို ပခံုးအက်ယ္ေလာက္ခြဲရပ္ျပီး ခႏၶာကိုယ္ကို အေရွ႕ကိုကိုင္းလိုက္ပါ။ လက္ေတြကိုဆန္႕တန္းထားျပီး ၾကမ္းျပင္ဘက္နီးသထက္နီးေအာင္လုပ္ေပးပါ၊ ဒူးေတြကိုလံုး၀မေကြးေစဘဲ ၊ေက်ာျပင္ကိုလည္းတတ္နိုင္သေလာက္ေျဖာင့္မတ္ထားပါ၊ မ်က္နွာကိုလည္း ၾကမ္းျပင္ကိုမၾကည့္ဘဲ အေရွ႕ဘက္ကိုၾကည့္ပါ။

အဲ့ဒီအေနအထားအတိုင္း(၁၀)စကၠန္႕ေလာက္ေနျပီး ျဖည္းျဖည္းခ်င္းျပန္မတ္ေပးပါ။ အဲ့ဒါကို (၆) ၾကိမ္လုပ္ေပးရံုနဲ႕ ေနာက္ေက်ာ္ဘက္ၾကြက္သားေတြပံုစံမွန္ေစျပီး၊ ေက်ာက္ကပ္က်န္းမာေရးကို တိုးတက္ေစပါတယ္။

(၄) ေနာက္ေက်ာေလ့က်င့္ခန္း

ခႏၶာကိုယ္ကိုမတ္မတ္္ရပ္ျပီး ဦးေခါင္းကိုအေနာက္ဘက္လွန္နိုင္သေလာက္လွန္ခ်လိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန္႕အနည္းငယ္ေနျပီး အသက္ရွဴသြင္း၊ရွဴထုတ္လုပ္ေပးပါ။ ျပီးရင္နဂိုပံုစံအတိုင္းျပန္ေနလိုက္ပါ။ ဒါကို (၆)ၾကိမ္၊ ၃ ေက်ာ့လုပ္ေပးရမွာပါ။ ခႏၶာကိုယ္အေနအထားမွန္ကန္ေစျပီး၊အျမင္အာရံုေကာင္းမြန္္ေစတာ၊ ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

(၅) လက္ဆန္႕ထုတ္ေလ့က်င့္ခန္း

ေျခေထာက္နွစ္ဖက္ကိုစုျပီး ခႏၶာကိုယ္ကိုမတ္မတ္ရပ္ပါ။ လက္နွစ္ဖက္ကိုေဘးဘက္ခ်ထားရာကေန ေခါင္းေပၚကိုဆန္႕ထုတ္လိုက္ျပီး လက္၀ါးနွစ္ဖက္ကိုယွက္ထားလိုက္ပါ။ လက္ေတြကိုအေပၚဘက္ဆန္္႕နိုင္သေလာက္ဆန္႕ထုတ္ျပီး အဲ့ဒီအခ်ိန္မွာပဲ ေျခဖ်ားေထာက္ေပးပါ။

အဲ့ဒီအေနအထားမွာ စကၠန္႕အနည္းငယ္ေလာက္ေနေပးျပီး အသက္ရွဴသြင္း၊ရွဴထုတ္လုပ္ေပးပါ။ ျပီးရင္ နဂိုအေနအထားအတိုင္းျပန္ေနေပးလိုက္ပါ။ အဲ့ဒါကို (၆)ၾကိမ္ ၊ ၃ေက်ာ့လုပ္ေပးရမွာပါ။ ဒီေလ့က်င့္ခန္းကအဆုတ္၊အသည္း၊အူလမ္းေၾကာင္းနဲ႕ေက်ာက္ကပ္က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO
# Unicode Version # ျဖင့္ ဖတ္ပါ #


ပျိုမေတို့ဟာ ရုပ်ပိုင်းဆိုင်ရာလှပနုပျိုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပေးတဲ့နည်းလမ်းပါ။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလိုက်ပါ။

(၁) အသက်ရှူလေ့ကျင့်ခန်း

လေကို ရှိုက်သွင်းလိုက်ပြီး နှစ်စက္ကန့်လောက်နေပြီး အဆုတ်ထဲရောက်သည်အထိရှူသွင်းလိုက်ပါ။ ပြီးရင် ထွက်လေကို ပါးစပ်ထဲကနေဖြည်းဖြည်းချင်းထုတ်ပေးလိုက်ပါ။ အဲ့ဒါကို မိနစ်အနည်းငယ်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကသွေးလှည့်ပတ်မှု၊ အစာချေစနစ်တွေ ကောင်းကောင်းလှည့်ပတ်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

(၂) သွေးပူလေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက် ခွဲရပ်ပြီး ဒူးတွေကို အနည်းငယ်ကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ရှေ့နောက်၊ ဘေး ဘယ်ညာ လွဲပေးပါ။ ခန္ဓာကိုယ်ထဲက သွေးတွေပူလာသည်အထိ အဲ့ဒါကိုလုပ်ပေးပါ။ မနက်ခင်းမှာလုပ်ပေးမယ်ဆိုရင် တစ်နေ့လုံးလန်းဆန်းစေပါတယ်။

(၃) အကြောလျှော့လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက်ခွဲရပ်ပြီး ခန္ဓာကိုယ်ကို အရှေ့ကိုကိုင်းလိုက်ပါ။ လက်တွေကိုဆန့်တန်းထားပြီး ကြမ်းပြင်ဘက်နီးသထက်နီးအောင်လုပ်ပေးပါ၊ ဒူးတွေကိုလုံးဝမကွေးစေဘဲ ၊ကျောပြင်ကိုလည်းတတ်နိုင်သလောက်ဖြောင့်မတ်ထားပါ၊ မျက်နှာကိုလည်း ကြမ်းပြင်ကိုမကြည့်ဘဲ အရှေ့ဘက်ကိုကြည့်ပါ။

အဲ့ဒီအနေအထားအတိုင်း(၁၀)စက္ကန့်လောက်နေပြီး ဖြည်းဖြည်းချင်းပြန်မတ်ပေးပါ။ အဲ့ဒါကို (၆) ကြိမ်လုပ်ပေးရုံနဲ့ နောက်ကျော်ဘက်ကြွက်သားတွေပုံစံမှန်စေပြီး၊ ကျောက်ကပ်ကျန်းမာရေးကို တိုးတက်စေပါတယ်။

(၄) နောက်ကျောလေ့ကျင့်ခန်း

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ဦးခေါင်းကိုအနောက်ဘက်လှန်နိုင်သလောက်လှန်ချလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။ ပြီးရင်နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။ ဒါကို (၆)ကြိမ်၊ ၃ ကျော့လုပ်ပေးရမှာပါ။ ခန္ဓာကိုယ်အနေအထားမှန်ကန်စေပြီး၊အမြင်အာရုံကောင်းမွန်စေတာ၊ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

(၅) လက်ဆန့်ထုတ်လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကိုစုပြီး ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကိုဘေးဘက်ချထားရာကနေ ခေါင်းပေါ်ကိုဆန့်ထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကိုယှက်ထားလိုက်ပါ။ လက်တွေကိုအပေါ်ဘက်ဆန့််နိုင်သလောက်ဆန့်ထုတ်ပြီး အဲ့ဒီအချိန်မှာပဲ ခြေဖျားထောက်ပေးပါ။

အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပေးပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။ ပြီးရင် နဂိုအနေအထားအတိုင်းပြန်နေပေးလိုက်ပါ။ အဲ့ဒါကို (၆)ကြိမ် ၊ ၃ကျော့လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကအဆုတ်၊အသည်း၊အူလမ်းကြောင်းနဲ့ကျောက်ကပ်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top