ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕မွာ မေန႔ညက  ႏြံကန္က်ိဳးေပါက္မႈျဖစ္ပြားရာက ေက်ာက္မ်က္ ကုမၸဏီဝန္ထမ္း ၅၄ ဦးနဲ႔ စက္ယႏၲရားေတြေပ်ာက္ဆုံး ေနတယ္လို႔ ျပန္ၾကားေရးဌာနက ထုတ္ျပန္ပါတယ္။

ဖားကန္႔ၿမိဳ႕၊ ေမာ္ဝမ္းရပ္ကြက္၊ ေမာ္ဝမ္းကေလးေက်း႐ြာ အနီးမွာ မေန႔ည ၁၁ နာရီခြဲေလာက္က ယူနတီေက်ာက္မ်က္ကုမၸဏီလုပ္ကြက္ေဟာင္း ႏြံကန္ က်ိဳးေပါက္မႈ ျဖစ္ပြားခဲ့ရာ ႏြံကန္ေအာက္ဘက္မွာ ေက်ာက္မ်က္ တူးေဖာ္ေရးလုပ္ငန္းလုပ္ကိုင္ေနတဲ့ ျမန္မာသူရ ကုမၸဏီနဲ႔ ေ႐ႊနဂါးကိုးေကာင္ကုမၸဏီက ဝန္ထမ္းေတြနဲ႔ စက္ယႏၲရားေတြ ႐ြံ႕ႏြံေတြအတြင္း ေမ်ာပါနစ္ျမဳပ္ ေပ်ာက္ဆုံးခဲ့တာပါ။



ျမန္မာသူရကုမၸဏီရဲ႕ ဝန္ထမ္း ၂၈ဦး၊ ဘက္ဟိုး ၁၁ စီး၊ ေျမသယ္ယာဥ္ ၁၀ စီး၊ ေျမတူးစက္ ၅စီးနဲ႔  ေ႐ႊနဂါးကိုးေကာင္ကုမၸဏီရဲ ဝန္ထမ္း ၂၆ ဦး၊ ဘက္ဟိုး ၅ စီး၊ ေျမသယ္ယာဥ္ ၉ စီးတို႔ဟာ ႐ြံ႕ႏြံအတြင္း နစ္ျမဳပ္ေပ်ာက္ဆုံးခဲ့တာလို႔ အစိုးရ ျပန္ၾကားေရးက  ထုတ္ျပန္ပါတယ္။

ႏြံကန္က်ိဳးေပါက္တဲ့ေနရာကို အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ေတြ၊ လူမႈကူညီေရးအသင္းအဖြဲ႔ဝင္ေတြ၊ ကုမၸဏီ တာဝန္ရွိသူေတြ ပူးေပါင္းၿပီး ဒီေန႔ မနက္ပိုင္း စတင္ကာ စက္ယႏၲရားေတြနဲ႔ ရွာေဖြ ကယ္ဆယ္ေရး ေဆာင္႐ြက္ေနပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မနေ့ညက  နွံကန်ကျိုးပေါက်မှုဖြစ်ပွားရာက ကျောက်မျက် ကုမ္ပဏီဝန်ထမ်း ၅၄ ဦးနဲ့ စက်ယန္တရားတွေပျောက်ဆုံး နေတယ်လို့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာ အနီးမှာ မနေ့ည ၁၁ နာရီခွဲလောက်က ယူနတီကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း နွံကန် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ နွံကန်အောက်ဘက်မှာ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာသူရ ကုမ္ပဏီနဲ့ ရွှေနဂါးကိုးကောင်ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ စက်ယန္တရားတွေ ရွံ့နွံတွေအတွင်း မျောပါနစ်မြုပ် ပျောက်ဆုံးခဲ့တာပါ။

မြန်မာသူရကုမ္ပဏီရဲ့ ဝန်ထမ်း ၂၈ဦး၊ ဘက်ဟိုး ၁၁ စီး၊ မြေသယ်ယာဉ် ၁၀ စီး၊ မြေတူးစက် ၅စီးနဲ့  ရွှေနဂါးကိုးကောင်ကုမ္ပဏီရဲ ဝန်ထမ်း ၂၆ ဦး၊ ဘက်ဟိုး ၅ စီး၊ မြေသယ်ယာဉ် ၉ စီးတို့ဟာ ရွံ့နွံအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့တာလို့ အစိုးရ ပြန်ကြားရေးက  ထုတ်ပြန်ပါတယ်။

နွံကန်ကျိုးပေါက်တဲ့နေရာကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဒီနေ့ မနက်ပိုင်း စတင်ကာ စက်ယန္တရားတွေနဲ့ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top