ထိုင္းေတာင္ပိုင္း၊ ဆုန္ခလာခ႐ိုင္၊ ဟတ္ယိုင္ၿမိဳ႕မွာ ျမန္မာအလုပ္သမား ၁ ဦးေသဆံုး သြားတာနဲ႔ ပတ္သက္ၿပီး အလုပ္သမားတန္းလ်ားမွာ အတူေနထိုင္သူ ျမန္မာလုပ္သား ၂ ဦးကို တာ၀န္ရွိသူေတြက ဧၿပီ ၂၈ ရက္မွာ ဖမ္းဆီးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၂၇ ရက္ေန႔ ည ၈ နာရီေလာက္က ဟတ္ယိုင္ၿမိဳ႕ ေခါဟုန္ရပ္ကြက္ နယ္ေျမ ၅ ရွိ အလုပ္သမားတန္းလ်ားမွာ အလုပ္သမားခ်င္း ခိုက္ရန္ျဖစ္ပြားၿပီး အသက္ ၃၁ ႏွစ္အရြယ္ ျမန္မာအလုပ္သမားတဦး ထုႏွက္ခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ေသဆံုးသြားတယ္လို႔ ဟတ္ယိုင္ရဲတပ္ဖြဲ႔က သတင္းေထာက္ကို ေျပာပါတယ္။

မ်က္ျမင္သက္ေသေတြရဲ႕ ထြက္ဆိုခ်က္အရ ေသဆံုးသူဟာ အခင္းမျဖစ္ခင္က အျခားအလုပ္သမား ၂ ဦးနဲ႔ ခိုက္ရန္ျဖစ္ခဲ့တယ္လို႔  သိရွိရတဲ့အတြက္ ထြက္ေျပးတိမ္းေရွာင္ေနသူ အလုပ္သမား ဦးမ်ိဳး၀င္းနဲ႔ ဦးသန္းေဌးတို႔ကို ရဲက လိုက္လံရွာေဖြခဲ့ပါတယ္။

ဧၿပီ၂၈ ရက္မွာေတာ့ အဲဒီရပ္ကြက္ထဲရွိ အိမ္တအိမ္မွာ ပုန္းခိုေနတဲ့ သူတို႔ ၂ ဦးကို တာ၀န္ရွိသူေတြက သြားေရာက္ဖမ္းဆီးခဲ့ရာမွာ သူတို႔ ၂ ဦးကလည္း လူသတ္မႈက်ဴးလြန္ေၾကာင္း ၀န္ခံခဲ့ပါတယ္။

အခင္းျဖစ္တဲ့ညက တန္းလ်ားမွာ မီးပ်က္ေနလို႔ ေရလည္းမလာေၾကာင္း၊ အဲဒီ အခ်ိန္ အျပင္မွာ မူးယစ္ေသာက္စားၿပီး ေရာက္ရွိလာတဲ့ အသတ္ခံရသူက စိတ္တိုၿပီး ဘာမွမဆိုင္ဘဲနဲ႔ သူတို႔ ၂ ေယာက္ကို အျပစ္ေျပာရာကေန စကားမ်ားခဲ့ရတယ္လို႔ ဆိုပါတယ္။

အသတ္ခံရသူက အရွည္ ၅၀ စင္တီမီတာေလာက္ရွည္တဲ့ တုတ္ကိုကိုင္ၿပီး သူတို႔၂ ဦးကို အရင္၀င္႐ိုက္ေၾကာင္း၊ သူတို႔ကလည္း အနီးမွာရွိ ေက်ာက္လွည့္နဲ႔ ေက်ာဘက္ကေန ထိုးစိုက္လိုက္ၿပီး ေခါင္းကိုလည္း တုတ္နဲ႔ ႐ုိက္ခဲ့တဲ့အတြက္ ေသဆံုးသြားခဲ့တာလို႔ ဖမ္းဆီးခံထားရ သူ ၂ ႏွစ္ဦးက ရဲစခန္းမွာ ထြက္ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ မြန်မာအလုပ်သမား ၁ ဦးသေဆုံး သွားတာနဲ့ ပတ်သက်ပြီး အလုပ်သမားတန်းလျားမှာ အတူနေထိုင်သူ မြန်မာလုပ်သား ၂ ဦးကို တာဝန်ရှိသူတွေက ဧပြီ ၂၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ ည ၈ နာရီလောက်က ဟတ်ယိုင်မြို့ ခေါဟုန်ရပ်ကွက် နယ်မြေ ၅ ရှိ အလုပ်သမားတန်းလျားမှာ အလုပ်သမားချင်း ခိုက်ရန်ဖြစ်ပွားပြီး အသက် ၃၁ နှစ်အရွယ် မြန်မာအလုပ်သမားတဦး ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဟတ်ယိုင်ရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သေဆုံးသူဟာ အခင်းမဖြစ်ခင်က အခြားအလုပ်သမား ၂ ဦးနဲ့ ခိုက်ရန်ဖြစ်ခဲ့တယ်လို့  သိရှိရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေသူ အလုပ်သမား ဦးမျိုးဝင်းနဲ့ ဦးသန်းဌေးတို့ကို ရဲက လိုက်လံရှာဖွေခဲ့ပါတယ်။

ဧပြီ၂၈ ရက်မှာတော့ အဲဒီရပ်ကွက်ထဲရှိ အိမ်တအိမ်မှာ ပုန်းခိုနေတဲ့ သူတို့ ၂ ဦးကို တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့ရာမှာ သူတို့ ၂ ဦးကလည်း လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။

အခင်းဖြစ်တဲ့ညက တန်းလျားမှာ မီးပျက်နေလို့ ရေလည်းမလာကြောင်း၊ အဲဒီ အချိန် အပြင်မှာ မူးယစ်သောက်စားပြီး ရောက်ရှိလာတဲ့ အသတ်ခံရသူက စိတ်တိုပြီး ဘာမှမဆိုင်ဘဲနဲ့ သူတို့ ၂ ယောက်ကို အပြစ်ပြောရာကနေ စကားများခဲ့ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူက အရှည် ၅၀ စင်တီမီတာလောက်ရှည်တဲ့ တုတ်ကိုကိုင်ပြီး သူတို့၂ ဦးကို အရင်ဝင်ရိုက်ကြောင်း၊ သူတို့ကလည်း အနီးမှာရှိ ကျောက်လှည့်နဲ့ ကျောဘက်ကနေ ထိုးစိုက်လိုက်ပြီး ခေါင်းကိုလည်း တုတ်နဲ့ ရိုက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာလို့ ဖမ်းဆီးခံထားရ သူ ၂ နှစ်ဦးက ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top