အေမရိကန္ အမ်ိဳးသားေလေၾကာင္းနဲ႔ အာကာသအဖြဲ႔ႀကီး နာဆာဟာ ၄၉ ႏွစ္ျပည့္ ေျမကမာၻေန႔ အထိမ္းအမွတ္အေနနဲ႔ ၿဂိဳဟ္တုပံုရိပ္ေတြကတဆင့္ ကမာၻႀကီး ဘယ္လိုပူေႏြးလာတယ္၊ ဘယ္လိုေျပာင္းလဲေနတယ္ ဆုိတာကို ျပသခဲ့ပါတယ္။

ဒီပံုရိပ္ေတြဟာ ကမာၻ႔မ်က္ႏွာျပင္ေပၚမွာ ျဖစ္ေနတဲ့ အေျပာင္းအလဲေတြရဲ႕ သက္ေသအျဖစ္ စာရင္းသြင္းခံႏိုင္စြမ္း ရွိပါတယ္။

အပူခ်ိန္ေတြ ဘယ္လိုျမင့္လာတယ္၊ ဆိုးရြားတဲ့ ရာသီဥတုေတြ ဘယ္လိုတိုးလာတယ္ ဆိုတဲ့ အခ်က္ေတြဟာ လက္တင္အေမရိကနဲ႔ ကာရစ္ဘီယံ ေဒသေတြအေပၚ သက္ေရာက္ေနတယ္လို႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာ ကားေလာ့စ္ ဒယ္လ္ ကတ္စ္တီလိုက ေအပီသတင္းဌာနကို ေျပာပါတယ္။

သစ္ေတာျပဳန္းတီးတာ၊ မိုးေရခ်ိန္ တရစပ္ေျပာင္းေနတာ၊ အရည္ေပ်ာ္လာေနတဲ့ ေရခဲျမစ္ေတြနဲ႔ ပိုအားေကာင္းလာတဲ့ မုန္တိုင္းေတြ အားလံုးကို ၿဂိဳဟ္တုက ပံုရိပ္ဖမ္းယူထားၿပီး စာတမ္းျပဳစုထားပါတယ္။

အေမရိကန္ႏို္င္ငံ ဝစ္ကိုဆင္ျပည္နယ္က အထက္လႊတ္ေတာ္အမတ္ ေဂးေလာ့ဒ္ နယ္လ္ဆန္က ကယ္လီဖိုးနီးယားျပည္နယ္ စန္တာ ဘာဘရာေဒသက ေရနံယိုဖိတ္မႈကို ၁၉၆၉ ခုႏွစ္မွာ သြားေရာက္ၾကည့္႐ႈအၿပီး ေျမကမာၻေန႔ကို ၁၉၇၀ မွာ စတင္သတ္မွတ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသအဖွဲ့ကြီး နာဆာဟာ ၄၉ နှစ်ပြည့် မြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ ဂြိုဟ်တုပုံရိပ်တွေကတဆင့် ကမ္ဘာကြီး ဘယ်လိုပူနွေးလာတယ်၊ ဘယ်လိုပြောင်းလဲနေတယ် ဆိုတာကို ပြသခဲ့ပါတယ်။

ဒီပုံရိပ်တွေဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေရဲ့ သက်သေအဖြစ် စာရင်းသွင်းခံနိုင်စွမ်း ရှိပါတယ်။

အပူချိန်တွေ ဘယ်လိုမြင့်လာတယ်၊ ဆိုးရွားတဲ့ ရာသီဥတုတွေ ဘယ်လိုတိုးလာတယ် ဆိုတဲ့ အချက်တွေဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေအပေါ် သက်ရောက်နေတယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ကားလော့စ် ဒယ်လ် ကတ်စ်တီလိုက အေပီသတင်းဌာနကို ပြောပါတယ်။

သစ်တောပြုန်းတီးတာ၊ မိုးရေချိန် တရစပ်ပြောင်းနေတာ၊ အရည်ပျော်လာနေတဲ့ ရေခဲမြစ်တွေနဲ့ ပိုအားကောင်းလာတဲ့ မုန်တိုင်းတွေ အားလုံးကို ဂြိုဟ်တုက ပုံရိပ်ဖမ်းယူထားပြီး စာတမ်းပြုစုထားပါတယ်။

အမေရိကန်နိုင်ငံ ဝစ်ကိုဆင်ပြည်နယ်က အထက်လွှတ်တော်အမတ် ဂေးလော့ဒ် နယ်လ်ဆန်က ကယ်လီဖိုးနီးယားပြည်နယ် စန်တာ ဘာဘရာဒေသက ရေနံယိုဖိတ်မှုကို ၁၉၆၉ ခုနှစ်မှာ သွားရောက်ကြည့်ရှုအပြီး မြေကမ္ဘာနေ့ကို ၁၉၇၀ မှာ စတင်သတ်မှတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top