ခ်စ္သုေဝက သရုပ္ေဆာင္ အ့ံမင္းညိဳရဲ႕ သမီးေလးအတြက္ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သမီးေလးကုိ ခြဲစိတ္ကုသဖုိ႔အဆင္မေျပႏုိင္ေတာ့ဘူးလုိ႔ သိရပါတယ္။

သရုပ္ေဆာင္ အ့ံမင္းညိဳရဲ႕ သမီးေလးရဲ႕ က်န္းမာေရး အေျခအေနအေၾကာင္းကုိ ခ်စ္သုေဝက ေျပာျပလာပါတယ္။ ဒါေပမယ့္ သမီးေလးကုိ ေဆးကုသခြဲစိတ္ဖုိ႔အခ်ိန္ကေတာ့ ေနာက္က်သြားခဲ့ၿပီလုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။
Image result for အံ့မင္းညိဳ
 ‘’ ကုိအ့ံကေတာ့ အစ္မတုိ႔ ေဖာင္ေဒးရွင္းအေနနဲ႔ မဟုတ္ပဲ မိသားစုအေနနဲ႔ ေစာင့္ေရွာက္တာပါ။ တကယ္တမ္းက်လုိ႔ရွိရင္ ကေလးကုိ အကုန္လုံး လုပ္ေပးမွာေလ။ အခုက ထိတဲ့ ၄ ေနရာစလုံးက ငယ္ငယ္ကတည္းက ကုသျခင္းမရွိထားေတာ့ ေႏွာင္းသြားတဲ့သေဘာေပါ့ေနာ္။ အဲဒီအတြက္ ဘာမွ မလုပ္ေပးႏုိင္ဘူး ျဖစ္သြားတယ္’’ လုိ႔ မတ္လ ၃၀ ရက္ေန႔က 29 စိန္ဆုိင္ဖြင့္ပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ကေလးရဲ႕ က်န္းမာေရး အေျခအေနကို စစ္ေဆးမႈေတြ ျပဳလုပ္ေပးခဲ့ေသးတယ္လုိ႔ ခ်စ္သုေဝက ဆုိပါတယ္။

‘’ ဒါေပမယ့္ အကုန္လုံးကုိေပါ့ ႏွလုံးေရာ၊ မ်က္စိေရာ၊ ဦးေႏွာက္နဲ႔ အာရုံေၾကာေရာ အကုန္လုံးကိုေတာ့ ျပသေပးခဲ့တယ္။ လုပ္ေပးခဲ့တယ္။ ခြဲလုိ႔ရွိရင္ စာရိတ္ကုိ တာဝန္ယူေပးမလုိ႔ပဲ အဓိက က ခြဲဖုိ႔ပါ အဆင္မေျပဘူးျဖစ္သြားေတာ့ သမီးေလးက ဒီအတုိင္းေလးျဖစ္သြားတာပါ’’ လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

‘’ေခတ္သစ္ေဖာင္ေဒးရွင္း’’ ကုိ ၂၀၁၉ခုႏွစ္၊ဇန္နဝါရီ(၁၉) ရက္ေန႔က ေခတ္နဲ႕သစ္တို႕ရဲ႕ အသက္(၂)ႏွစ္ျပည့္ ေမြးေန႕ေလးကစလို႕ေဖာင္ေဒးရွင္းကို စတင္ တည္ေထာင္ဖြဲ႕စည္းခဲ့တာပါ။ “ေခတ္သစ္”ေဖာင္ေဒးရွင္းကို (၁၄)ႏွစ္တာ ကာလသတ္မွတ္ထားၿပီး အဆင့္(၇)ခု ခြဲကာ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ပထမဆံုးအဆင့္မွာ ကေလးသူငယ္မ်ားရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ရည္ရြယ္ကာအသက္(၅)ႏွစ္ ေအာက္ ကေလးမ်ား အမွန္တကယ္ခြဲ စိတ္စရိတ္လိုအပ္တဲ့ ေမြးရာပါ ႏွလံုးအေပါက္ပါေရာဂါရွင္မ်ားအတြက္ ရည္ရြယ္ကာ လွဴဒါန္းသြားမယ္လုိ႔ သိရပါတယ္။

လက္ရွိမွာေတာ့ လင္းလင္းနဲ႔ ခ်စ္သုေဝ(Chit Thu Wai) တုိ႔ ဇနီးေမာင္ႏွံဟာ ‘’ေခတ္သစ္ ေဖာင္ေဒးရွင္း’’ အတြက္ အလွဴေငြက်ပ္ သိ္န္း ၂၀၀ ကုိ မတည္ထားတယ္လုိ႔ သိရပါတယ္။ အဲဒီေနာက္ Channel 7 ရဲ႕ မိသားစု Program မွာလည္း ‘’ေခတ္ နဲ႔ သစ္တုိ႔ရဲ႕ ကမၻာ’’ ဆုိတဲ့ အစီအစဥ္ကုိ ရုိက္ကူးၿပီး အလွဴေငြေတြလည္း ထည့္လွဴႏုိင္ဖုိ႔ စီစဥ္ထားတယ္လုိ႔ ခ်စ္သုေဝက မီဒီယာေတြကုိ ေျပာျပခဲ့ဖူးပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
ချစ်သုဝေက သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမီးလေးကို ခွဲစိတ်ကုသဖို့အဆင်မပြေနိုင်တော့ဘူးလို့ သိရပါတယ်။

သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို ချစ်သုဝေက ပြောပြလာပါတယ်။ ဒါပေမယ့် သမီးလေးကို ဆေးကုသခွဲစိတ်ဖို့အချိန်ကတော့ နောက်ကျသွားခဲ့ပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

 ‘’ ကိုအံ့ကတော့ အစ်မတို့ ဖောင်ဒေးရှင်းအနေနဲ့ မဟုတ်ပဲ မိသားစုအနေနဲ့ စောင့်ရှောက်တာပါ။ တကယ်တမ်းကျလို့ရှိရင် ကလေးကို အကုန်လုံး လုပ်ပေးမှာလေ။ အခုက ထိတဲ့ ၄ နေရာစလုံးက ငယ်ငယ်ကတည်းက ကုသခြင်းမရှိထားတော့ နှောင်းသွားတဲ့သဘောပေါ့နော်။ အဲဒီအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်သွားတယ်’’ လို့ မတ်လ ၃၀ ရက်နေ့က 29 စိန်ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကလေးရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့သေးတယ်လို့ ချစ်သုဝေက ဆိုပါတယ်။

‘’ ဒါပေမယ့် အကုန်လုံးကိုပေါ့ နှလုံးရော၊ မျက်စိရော၊ ဦးနှောက်နဲ့ အာရုံကြောရော အကုန်လုံးကိုတော့ ပြသပေးခဲ့တယ်။ လုပ်ပေးခဲ့တယ်။ ခွဲလို့ရှိရင် စာရိတ်ကို တာဝန်ယူပေးမလို့ပဲ အဓိက က ခွဲဖို့ပါ အဆင်မပြေဘူးဖြစ်သွားတော့ သမီးလေးက ဒီအတိုင်းလေးဖြစ်သွားတာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ် အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေ(Chit Thu Wai) တို့ ဇနီးမောင်နှံဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို မတည်ထားတယ်လို့ သိရပါတယ်။ အဲဒီနောက် Channel 7 ရဲ့ မိသားစု Program မှာလည်း ‘’ခေတ် နဲ့ သစ်တို့ရဲ့ ကမ္ဘာ’’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးပြီး အလှူငွေတွေလည်း ထည့်လှူနိုင်ဖို့ စီစဉ်ထားတယ်လို့ ချစ်သုဝေက မီဒီယာတွေကို ပြောပြခဲ့ဖူးပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top