23.3.2019 ေန႔က တမူးၿမိဳ႕ အလွဴ႕ဒါယကာ ကိုသက္ခ်ဳိဦး + အလွဴ႕ဒါယိကာမ ေဒၚျမတ္ျမတ္မြန္ “ေတာ္၀င္” Electronic မိသားစုတို႔၏ ရွင္ျပဳ-နားသ အလွဴေတာ္မဂၤလာမွာ စိန္ဒူး၀ါး ဆိုင္း ေနာက္ထိုင္ လူရႊင္ေတာ္မ်ားမွ …

လူရႊင္ေတာ္ တစ္ဦးသည္ ဘုန္းႀကီးအသြင္သ႑န္ျဖင့္ ပ်က္လံုးမ်ား ပ်က္၍ ပရိသတ္ေတြကို ဧည့္ခံေဖ်ာ္ေျဖမႈအေပၚ လူမႈကြန္ယက္စာမ်က္ႏွာေပၚသို႔ ပ်ံ႕ႏွံ႕လာၿပီး အမ်ိဳးမ်ိဳး ေ၀ဖန္မႈမ်ား ျဖစ္ေပၚလွ်က္ရွိပါသည္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးလည္း လူမႈကြန္ယက္စာမ်က္ႏွာတစ္ခ်ိဳ႕မွာ…

မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡမွ တရားစြဲဆိုသြားမည္ဟုသိရွိရပါသည္။ 23.3.2019 ေန႔က တမူးၿမိဳ႕ အလွဴ႕ဒါယကာ ကိုသက္ခ်ဳိဦး + အလွဴ႕ဒါယိကာမ ေဒၚျမတ္ျမတ္မြန္ “ေတာ္၀င္” Electronic မိသားစုတို႔၏ ….

ရွင္ျပဳ-နားသ အလွဴေတာ္မဂၤလာမွာ စိန္ဒူး၀ါး ဆိုင္းက ဗုဒၶဘာသာအေပၚေစာ္ကားတဲ့ပ်က္လံုးမ်ားအေပၚ အမွဳ႕ဖြင့္မယ္လို႔သိရပါတယ္။… ဆိုၿပီး တင္ျပထားၾကတာကို ေတြ႔ရပါတယ္..

သို႔ေသာ္လည္း 8-4-2019 ေန႔တြင္ ဆိုင္းဆရာ စိန္ဒူး၀ါးမွ လိုင္းေပၚက (စဆရက) မ်ားသို႔.. လိုင္း ေပၚမွာ က်ေနာ့္ဆိုင္း ပ်က္လုံးခြင္နဲ႔ ပတ္သက္ပီး ေဖာင္းထုပီး နားမလည္တဲ့ သူေတြကို ျပန္လည္ရွင္းတမ္းထုတ္ျပပါရေစ… ဆိုၿပီး ေျဖရွင္းထားတာကိုလည္း ေအာက္ပါအတုိင္းေတြ႔ရပါတယ္..။ ဆိုင္းဆရာ ေျဖရွင္ခ်က္မ်ားႏွင့္ အတူ ေဖ်ာ္ေျဖမႈ ဗြီဒီယိုဖိုင္ အျပည့္အစံုကိုလည္း တင္ျပေပးလိုက္ပါတယ္..။ ေလးစားစြာျဖင့္..ApannPyay

Source – စိန္ဒူးဝါး မဂၤလာဆိုင္း

လိုင္းေပၚက (စဆရက) မ်ားသို႔

လိုင္း ေပၚမွာ က်ေနာ့္ဆိုင္း ပ်က္လုံးခြင္နဲ႔ပတ္သက္ပီး ေဖာင္းထုပီး နားမလည္တဲ့သူေတြကို ျပန္လည္ရွင္းတမ္းထုတ္ျပပါရေစ

ဒီပ်က္လုံးခြင္မွာ ဘဲေတာက အလွဴ႕အမလွဟန္က အလွဴ႕တကာ အလွဴအတြက္ဆိုင္းငွားတယ္ ဆိုင္းငွားပီး ဘိသိက္ငွားတယ္ အဲဒီမွာ လွဟန္က အလွဴ႕တကာရုပ္ကေန ဘိသိက္ရုပ္ ရုပ္ေျပာင္းရုပ္လႊဲ လုပ္ရတယ္….

ေနာက္အႀကိဳတရားပြဲအတြက္မေနာမယဆရာေတာ္ကို အလွဴ႕အမက သြားပင့္တယ္ လွဟန္က ဘိသိက္ရုပ္ကေန ဘုန္းႀကီးရုပ္ျပန္ပီး လုပ္ရတယ္…

အဲဒီမွာ လွဟန္က မေနာမယဆရာေတာ္ မအားတဲ့အေၾကာင္းေျပာပီး ငါ့ပင့္ ဆိုေတာ့ အလွဴ႕အမက ဆရာေတာ္ဘြဲ႕ ေမးေတာ့ ဟိုက မေနာမယ ငါက သေဘာမက် ဆရာေတာ္လို႔ ေျပာေတာ့ ပရိသတ္ေတြက ရယ္တာေပါ့….

ဒီအတြက္(မေနာ္မယ)ဆရာေတာ္ကို ေလွ်ာက္ပီးသား ခြင့္ေတာင္းပီးသား ခြင့္ျပဳခ်က္လည္း ရပီးသား အစအဆုံး ၾကည့္ခ်င္ရင္….ေဖာင္းထုတဲ့သူ အကုန္လုံး ပိုက္ဆံစုပီး က်ေနာ့္ဆိုင္းကို ငွား ေစ်းေတာ့ႀကီးတယ္ေနာ္

ဒါမွမဟုတ္ရင္ သူမ်ားငွားတဲ့ပြဲကိုအလကား လာၾကည့္လို႔လည္းရတယ္ …ဘာသာသာသနာကို ေစာ္ကားတဲ့ ပ်က္လုံးမ်ိဳး တစ္လုံးမွမပါဘူး…

ဘာသာသာသနာကို ယုံၾကည္တယ္ကိုးကြယ္တယ္ ဘယ္ေတာ့မွ မေစာ္ကားဘူး သကၤန္းနဲ႔ပတ္သက္ပီး ေျပာျပမယ္ ခြင္ထဲ အသုံးျပဳထားသည့္ သကၤန္း သံဃာေတာ္မ်ား အသုံးျပဳပီးသား သကၤန္း လုံးဝမဟုတ္ပါ….

သံဃာေတာ္မ်ား အသုံးျပဳပီးသားသကၤန္းမဟုတ္ထဲက သိမ္ဝင္သကၤန္းမဟုတ္ဘူးဆိုတာ သိၾကေရာေပါ့ ကိုရင္ေလးေတြ ဝတ္တဲ့သကၤန္းလည္း မဟုတ္ဘူး….

ရိုးရိုးပိတ္စ သကၤန္းေရာင္ပဲ ျဖစ္တယ္စက္ခ်ဳပ္တဲ့ အမ်ိဳးသမီးေတြ သကၤန္းေရာင္းတဲ့အမ်ိဳးသမီးေတြေတာင္ သံဃာေတာ္ေတြ မရုံေသးလို႔ထမိန္ေတြဘာေတြနဲ႔ ထိၾကတာ အားလုံးအသိ…

သိမ္ဝင္ပီးလို႔ သံဃာေတာ္ေတြ ရုံတဲ့သကၤန္းဆို ကံ အႀကီးႀကီး ထိုက္မယ္ဆိုတာ က်ေနာ္ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးပဲ သိတာေပါ့….

ေနာက္ က်ေနာ္တို႔ သဘင္အနဳပညာနဲ႔ပတ္သက္တဲ့ လူရႊင္ေတာ္ေတြဟာ ပရိသတ္ေတြရဲ႕ စိတ္ကို ေပ်ာ္ရႊင္ေအာင္ ဖန္တီးတဲ့ ေနရာမွာ က်ရာ ဇာတ္ရုပ္နဲ႔လိုက္ဖက္ေအာင္ တင္ဆက္ ေဖ်ာ္ေျဖရတယ္…

ဘုန္းႀကီးဝတ္နဲ႔ လူရႊင္ေတာ္ေတြ ပ်က္လုံးပ်က္တာ အခုမွမဟုတ္ ေရွးအစဥ္ဆက္ထဲက ရိွခဲ့တာပါ ဇာတ္ ဘုန္းႀကီးအၿငိမ့္ ဘုန္းႀကီး ဆိုင္း ဘုန္းႀကီး ဒီလိုရိွခဲ့ၾကတာ အနဳပညာကို ေလ့လာ လိုက္စားသူမွန္သမွ် အကုန္သိတယ္….

ဘုန္းႀကီးရုပ္ လို သရုပ္ေဆာင္ရတဲ့ေနရာမွာ အတည္ရုပ္နဲ႔ အလႈပ္ရုပ္ဆိုပီး ႏွစ္မ်ိဳးရိွတယ္ အတည္ရုပ္ဆိုတာရုပ္ရွင္ထဲမွာ မင္းသားက ဘုန္းႀကီးဝတ္သြားရင္ အတည္ရုပ္နဲ႔ သရုပ္ေဆာင္ရတယ္ လူရႊင္ေတာ္ေတြၾကအတည္ရုပ္မဟုတ္ပါ အလႈပ္ရုပ္နဲ႔သရုပ္ေဆာင္ရတယ္ …

ဒါမွ ပရိသတ္ကသေဘာက်ၾကတယ္။က်ေနာ့္ဆိုင္းက ဘုန္းႀကီးပ်က္လုံးခြင္ကိုၾကည့္ဘူးတဲ့ ဆရာေတာ္ေတြရိွတယ္။ၾကည့္ဘူးတဲ့ ဆရာေတာ္တိုင္း မ်က္ရည္ထြက္ေအာင္ ရယ္ၾကတယ္

မဟုတ္တာလုပ္ရင္ က်ေနာ္ကိုးကြယ္တဲ့ ဆရာေတာ္ေတြအမ်ားႀကီး က်ေနာ့္ကို အေစာႀကီးထဲက ဆုံးမ မယ္ဆိုတာ ယုံၾကည္ပီးသား….ခြင္တခြင္လုံး အစအဆုံးၾကည့္ပီးမွေျပာ ခုေတာ့ သူမ်ား edit လုပ္ထားတာေလး ၾကည့္ပီး….

တစ္ထြာ တမိုက္ေလာက္ေလး သိတဲ့ ဥာဏ္ေလးနဲ႔ လာေဖာင္းမထုနဲ႔ အခ်ိန္ မေရြးဒီပ်က္လုံးခြင္ကို လာၾကည့္လွဲ႔ ေဖာင္းထုသူအကုန္လုံး ပါးစပ္အေဟာင္း သားျဖစ္သြားမယ္…

ေရးမယ္ဆို အမ်ားႀကီးပဲ ဒါေလာက္ပဲေတာ္ပီ တကယ့္ ဆရာေတာ္ သံဃာ ေတာ္ေတြ ရုံတဲ့ သကၤန္းကိုသာ မပစ္မွားမိၾကပါေစနဲ႔….

လက္သံထူးျခား စိန္ဒူးဝါး 8•4•2019 ညေန ၅ နာရီ ၃၀ မိနစ္

ေခတၱ ေပါက္ၿမိဳ႕ ထန္းတပင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သီတဂူေမာင္ေမာင္

#Unicode Version# ျဖင့္ဖတ္ပါ ။

23.3.2019 နေ့က တမူးမြို့ အလှူ့ဒါယကာ ကိုသက်ချိုဦး + အလှူ့ဒါယိကာမ ဒေါ်မြတ်မြတ်မွန် “တော်ဝင်” Electronic မိသားစုတို့၏ ရှင်ပြု-နားသ အလှူတော်မင်္ဂလာမှာ စိန်ဒူးဝါး ဆိုင်း နောက်ထိုင် လူရွှင်တော်များမှ …

လူရွှင်တော် တစ်ဦးသည် ဘုန်းကြီးအသွင်သဏ္ဍန်ဖြင့် ပျက်လုံးများ ပျက်၍ ပရိသတ်တွေကို ဧည့်ခံဖျော်ဖြေမှုအပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာပြီး အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း လူမှုကွန်ယက်စာမျက်နှာတစ်ချို့မှာ…

မကွေးကျောင်းဆရာတော် ဦးပါမောက္ခမှ တရားစွဲဆိုသွားမည်ဟုသိရှိရပါသည်။ 23.3.2019 နေ့က တမူးမြို့ အလှူ့ဒါယကာ ကိုသက်ချိုဦး + အလှူ့ဒါယိကာမ ဒေါ်မြတ်မြတ်မွန် “တော်ဝင်” Electronic မိသားစုတို့၏ ….

ရှင်ပြု-နားသ အလှူတော်မင်္ဂလာမှာ စိန်ဒူးဝါး ဆိုင်းက ဗုဒ္ဓဘာသာအပေါ်စော်ကားတဲ့ပျက်လုံးများအပေါ် အမှု့ဖွင့်မယ်လို့သိရပါတယ်။… ဆိုပြီး တင်ပြထားကြတာကို တွေ့ရပါတယ်..

သို့သော်လည်း 8-4-2019 နေ့တွင် ဆိုင်းဆရာ စိန်ဒူးဝါးမှ လိုင်းပေါ်က (စဆရက) များသို့.. လိုင်း ပေါ်မှာ ကျနော့်ဆိုင်း ပျက်လုံးခွင်နဲ့ ပတ်သက်ပီး ဖောင်းထုပီး နားမလည်တဲ့ သူတွေကို ပြန်လည်ရှင်းတမ်းထုတ်ပြပါရစေ… ဆိုပြီး ဖြေရှင်းထားတာကိုလည်း အောက်ပါအတိုင်းတွေ့ရပါတယ်..။ ဆိုင်းဆရာ ဖြေရှင်ချက်များနှင့် အတူ ဖျော်ဖြေမှု ဗွီဒီယိုဖိုင် အပြည့်အစုံကိုလည်း တင်ပြပေးလိုက်ပါတယ်..။ လေးစားစွာဖြင့်..ApannPyay

Source – စိန်ဒူးဝါး မင်္ဂလာဆိုင်း

လိုင်းပေါ်က (စဆရက) များသို့

လိုင်း ပေါ်မှာ ကျနော့်ဆိုင်း ပျက်လုံးခွင်နဲ့ပတ်သက်ပီး ဖောင်းထုပီး နားမလည်တဲ့သူတွေကို ပြန်လည်ရှင်းတမ်းထုတ်ပြပါရစေ

ဒီပျက်လုံးခွင်မှာ ဘဲတောက အလှူ့အမလှဟန်က အလှူ့တကာ အလှူအတွက်ဆိုင်းငှားတယ် ဆိုင်းငှားပီး ဘိသိက်ငှားတယ် အဲဒီမှာ လှဟန်က အလှူ့တကာရုပ်ကနေ ဘိသိက်ရုပ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ရတယ်….

နောက်အကြိုတရားပွဲအတွက်မနောမယဆရာတော်ကို အလှူ့အမက သွားပင့်တယ် လှဟန်က ဘိသိက်ရုပ်ကနေ ဘုန်းကြီးရုပ်ပြန်ပီး လုပ်ရတယ်…

အဲဒီမှာ လှဟန်က မနောမယဆရာတော် မအားတဲ့အကြောင်းပြောပီး ငါ့ပင့် ဆိုတော့ အလှူ့အမက ဆရာတော်ဘွဲ့ မေးတော့ ဟိုက မနောမယ ငါက သဘောမကျ ဆရာတော်လို့ ပြောတော့ ပရိသတ်တွေက ရယ်တာပေါ့….

ဒီအတွက်(မနော်မယ)ဆရာတော်ကို လျှောက်ပီးသား ခွင့်တောင်းပီးသား ခွင့်ပြုချက်လည်း ရပီးသား အစအဆုံး ကြည့်ချင်ရင်….ဖောင်းထုတဲ့သူ အကုန်လုံး ပိုက်ဆံစုပီး ကျနော့်ဆိုင်းကို ငှား ဈေးတော့ကြီးတယ်နော်

ဒါမှမဟုတ်ရင် သူများငှားတဲ့ပွဲကိုအလကား လာကြည့်လို့လည်းရတယ် …ဘာသာသာသနာကို စော်ကားတဲ့ ပျက်လုံးမျိုး တစ်လုံးမှမပါဘူး…

ဘာသာသာသနာကို ယုံကြည်တယ်ကိုးကွယ်တယ် ဘယ်တော့မှ မစော်ကားဘူး သင်္ကန်းနဲ့ပတ်သက်ပီး ပြောပြမယ် ခွင်ထဲ အသုံးပြုထားသည့် သင်္ကန်း သံဃာတော်များ အသုံးပြုပီးသား သင်္ကန်း လုံးဝမဟုတ်ပါ….

သံဃာတော်များ အသုံးပြုပီးသားသင်္ကန်းမဟုတ်ထဲက သိမ်ဝင်သင်္ကန်းမဟုတ်ဘူးဆိုတာ သိကြရောပေါ့ ကိုရင်လေးတွေ ဝတ်တဲ့သင်္ကန်းလည်း မဟုတ်ဘူး….

ရိုးရိုးပိတ်စ သင်္ကန်းရောင်ပဲ ဖြစ်တယ်စက်ချုပ်တဲ့ အမျိုးသမီးတွေ သင်္ကန်းရောင်းတဲ့အမျိုးသမီးတွေတောင် သံဃာတော်တွေ မရုံသေးလို့ထမိန်တွေဘာတွေနဲ့ ထိကြတာ အားလုံးအသိ…

သိမ်ဝင်ပီးလို့ သံဃာတော်တွေ ရုံတဲ့သင်္ကန်းဆို ကံ အကြီးကြီး ထိုက်မယ်ဆိုတာ ကျနော် ဗုဒ္ဓဘာသာ မြန်မာလူမျိုးပဲ သိတာပေါ့….

နောက် ကျနော်တို့ သဘင်အနုပညာနဲ့ပတ်သက်တဲ့ လူရွှင်တော်တွေဟာ ပရိသတ်တွေရဲ့ စိတ်ကို ပျော်ရွှင်အောင် ဖန်တီးတဲ့ နေရာမှာ ကျရာ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် တင်ဆက် ဖျော်ဖြေရတယ်…

ဘုန်းကြီးဝတ်နဲ့ လူရွှင်တော်တွေ ပျက်လုံးပျက်တာ အခုမှမဟုတ် ရှေးအစဉ်ဆက်ထဲက ရှိခဲ့တာပါ ဇာတ် ဘုန်းကြီးအငြိမ့် ဘုန်းကြီး ဆိုင်း ဘုန်းကြီး ဒီလိုရှိခဲ့ကြတာ အနုပညာကို လေ့လာ လိုက်စားသူမှန်သမျှ အကုန်သိတယ်….

ဘုန်းကြီးရုပ် လို သရုပ်ဆောင်ရတဲ့နေရာမှာ အတည်ရုပ်နဲ့ အလှုပ်ရုပ်ဆိုပီး နှစ်မျိုးရှိတယ် အတည်ရုပ်ဆိုတာရုပ်ရှင်ထဲမှာ မင်းသားက ဘုန်းကြီးဝတ်သွားရင် အတည်ရုပ်နဲ့ သရုပ်ဆောင်ရတယ် လူရွှင်တော်တွေကြအတည်ရုပ်မဟုတ်ပါ အလှုပ်ရုပ်နဲ့သရုပ်ဆောင်ရတယ် …

ဒါမှ ပရိသတ်ကသဘောကျကြတယ်။ကျနော့်ဆိုင်းက ဘုန်းကြီးပျက်လုံးခွင်ကိုကြည့်ဘူးတဲ့ ဆရာတော်တွေရှိတယ်။ကြည့်ဘူးတဲ့ ဆရာတော်တိုင်း မျက်ရည်ထွက်အောင် ရယ်ကြတယ်

မဟုတ်တာလုပ်ရင် ကျနော်ကိုးကွယ်တဲ့ ဆရာတော်တွေအများကြီး ကျနော့်ကို အစောကြီးထဲက ဆုံးမ မယ်ဆိုတာ ယုံကြည်ပီးသား….ခွင်တခွင်လုံး အစအဆုံးကြည့်ပီးမှပြော ခုတော့ သူများ edit လုပ်ထားတာလေး ကြည့်ပီး….

တစ်ထွာ တမိုက်လောက်လေး သိတဲ့ ဉာဏ်လေးနဲ့ လာဖောင်းမထုနဲ့ အချိန် မရွေးဒီပျက်လုံးခွင်ကို လာကြည့်လှဲ့ ဖောင်းထုသူအကုန်လုံး ပါးစပ်အဟောင်း သားဖြစ်သွားမယ်…

ရေးမယ်ဆို အများကြီးပဲ ဒါလောက်ပဲတော်ပီ တကယ့် ဆရာတော် သံဃာ တော်တွေ ရုံတဲ့ သင်္ကန်းကိုသာ မပစ်မှားမိကြပါစေနဲ့….

လက်သံထူးခြား စိန်ဒူးဝါး 8•4•2019 ညနေ ၅ နာရီ ၃၀ မိနစ်

ခေတ္တ ပေါက်မြို့ ထန်းတပင်

ဖိုးသူတော် (www.phothutaw.com)
Credit:သီတဂူမောင်မောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top