Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးမင်းသားတစ်ယောက်လည်းဖြစ် ၊ ကြိုးစားအားထုတ်မှုကောင်းပြီး အပိုအလိုမရှိသရုပ်ဆောင်တတ်ပြီးအလုပ်တွဲလုပ်ဖူူးသူတိုင်းကလည်းချီးကျူးရလောက်တဲ့အထိ နာမည်ကောင်းနဲ့ကျော်ကြားပြီး လူအများရဲ့ချစ်ခြင်းမေတ္တာကို ခံယူရရှိထားတဲ့သူတစ်ယောက်ကတော့ မင်းသားချော နေတိုးပါပဲ ။ သူက Myanmar Load နဲ့အင်တာဗျူးတစ်ခုမှာ ပြုံးရွှင်ရေပျော်ရဲ့လားဆိုတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီးပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။
ဇာတ်ကားရိုက်ကူးနေစဉ်အတွေ့အကြုံတွေကိုလည်း “ ဒီဇာတ်ကောင်အတွက်ကို ပြင်ဆင်မှုအပိုင်းကတော့ ဘယ်လိုပြောရမလဲဆိုတော့ လက်ရှိအဲ့ဒီအချိန်တုန်းကတော့ ဒါရိုက်တာက ကျနော်ရယ်ကိုယ်ကြံ့ရယ်ကိုသူငယ်ချင်းနှစ်ယောက်ကိုရွေးချယ်ပြီးတော့ ကျန်တဲ့လူရွှင်တော်နှစ်ယောက်ကို သီးလေးသီးထဲက ရွေးချယ်ပြီးတော့ ကျနော်တို့ကဒီပြုံးရွှင်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဇာတ်လမ်းကို ကာရိုက်တာတွေရွေးချယ်ခဲ့တယ်ပေါ့နော် ။ အဲ့ဒီအပေါ်မှာ ကျနော်တို့လက်ရှိဘဝမှာလည်းနှင်းဆီလူရွှင်တော်တွေဖြစ်နေတဲ့အခါကျတော့ ကျနော်တို့နဲ့အန်ဝင်ခွင်ကျဖြစ်နိုင်တယ်ဆိုပြီးတော့ ဒီကားလေးကိုရိုက်ကူးဖို့အတွက်တိုက်တွန်းခဲ့ကြတယ်။ ဒါကတော့ ပြုံးရွှင်ရိုက်ကူးမှုအစပေါ့။
ကားကိုခြုံငုံပြီးတောတစ်ကားလုံးကို ကိုယ်စားပြုနိုင်တဲ့ ကျနော်တို့က ပိုစတာလေးတစ်ခုလုပ်ချင်တယ်ဆိုတာနဲ့ အဲ့ဒီ ဂျိုကာပုံစံလေးပေါ့။ အဲ့ဒီလိုပုံစံလေးနဲ့အပြင်မှာတော့ ပျော်နေပြီးတော့ အတွင်းမှာငိုနေရတဲ့ ကာဗာပုံစံမျိုးလေးလုပ်ချင်တယ်လို့ဒါရိုက်တာကပြောတာနဲ့ကားရိုက်ပြီးတော့မှပဲကျနော်တို့ဖန်တီးဖြစ်တာပေါ့ ။ ဂျိုကာပုံစံလေးကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲကျနော်အိမ်မှာလာရိုက်တယ် မိတ်ကပ်ကိုလည်း ကျနော်ကိုယ်တိုင်ပဲ ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်းလိမ်းပြီးတော့ကိုယ့်ဘာသာကိုယ်လိမ်းပြီးတော့ရိုက်ပေးဖြစ်ခဲ့တာပေါ့။ဒီဇာတ်ကားက ဖတ်တဲ့အချိန်ကတည်းကအရမ်းလည်းပင်ပန်းမယ်ဆိုတာသိတယ်။ ပထမဝတ္ထုက ပြုံးရွှင်သည်ငိုတတ်သည် ပေါ့ အခုဒီမှာတော့ပြုံးရွှင်ရေပျော်ရဲ့လားဆိုပြီးပြန်ပြောင်းပြီးတော့ ရိုက်ဖြစ်တာပါ။ ဟိုမှကလည်းတကယ် လူရွှင်တော်တွေရဲ့ကန့်လန့်ကာ နောက်ကွယ်မှာရှိတဲ့ဘဝတွေကိုလည်း သေချာလေးကို ထဲထဲဝင်ဝင်လည်းရေးထားတယ်။
နောက်ပြီးတော့ လူဘဝကိုဖြတ်သန်းနေကြတဲ့လူတွေထဲမှာ ဆန္ဒနဲ့ဘဝနဲ့တစ်ထပ်တည်းမကျတဲ့လူတွေလည်းအပြင်မှာရှိတယ်ပေါ့ ။အဲ့ဒါကြောင့်ဒီဇာတ်ကားလေးထဲမှာလည်း အဲ့ဒီလိုဘဝတွေရဲ့ပူလောင်မှုတွေကို ဒီဇာတ်ကားလေးက တော်တော်လေးလည်းပညာလည်းရတယ်။ တကယ်လည်း Dramatic ဖြစ်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့အခါကျတော့ ကျနော်လည်းဒီလိုဇာတ်ကားမျိုးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာအရမ်းလည်းကျေနပ်မိပါတယ်။ ဒီပြုံးရွှင်ကတော့တော်တော်လေးလည်း သနားဖို့ကောင်းတယ်။ သူ့ဘဝဖြတ်သန်းမှုပုံစံလေးကလည်း ဆရာအကြည်တော်ကလည်း တော်တော်လေးကို သူ့ဘဝမှာ ဟာသတွေရေးတဲ့စာရေးဆရာတစ်ယောက်ကနေပြီးရေးထားတဲ့ ဟသဇာတ်ကောင်နဲ့ Dramaဝတ္ထုနှစ်အုပ်လုံးပေါ့ ပထမက ဇော်က ကနေသည် ဒုတိယ ပြုံးရွှင်ရေပျော်ရဲ့လား ပေါ့ နှစ်အုပ်လုံးရိုက်ခွင့်ရတယ်။နောက်တစ်ခုက ဒီလူရွှင်တော်ကြီးတွေဘဝကိုလည်း လေးစားတယ်။ ဂုဏ်လည်းယူတယ် ။ တကယ်လည်းစာနာမိပါတယ်။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top