အေမ သား မနက္ျဖန္ ဘြဲ႕ယူရမွာေနာ္

အေမ သိပါတယ္ သားရယ္ အာ့ေၾကာင့္ လမ္းထိပ္က ေဒၚေက်ာ့ဆီမွာေတာင္ အေမ အက်ၤီအပ္ထားပါေသးတယ္ အေမ့မွာ အက်ီ ၤအသစ္မရွိေတာ့ဘူးေလ

‘ဟင္…. အေမက လိုက္မလို ့လား…..အိမ္မွာ အေဖ့ကို ေစာင့္ဖို ့ လူမရွိဘဲ ျဖစ္ေနမွာေပါ့

သား .အေဖက သက္သာေနပါျပီ သားရယ္ ၀ွီးခ်ဲေလးနဲ ့ ေခၚသြားရင္ ရပါတယ္………….

သား ျဖစ္သူ စိတ္ညစ္သြားတယ္ ဒီလိုပြဲမ်ိဳ းကို သူ ့မိဘ ေတြကို မေခၚခ်င္လို ့ေတာ့ မဟုတ္ပါဘူး ေစ်းထဲမွာ ၾကက္သား ေရာင္းျပီး စကားေျပာရင္ ေအာ္က်ယ္ ေအာ္က်ယ္ ေျပာတတ္တဲ့ အေမနဲ ့ေလျဖတ္ျပီးလို ့ နာလန္ထူကာစ အေဖကို သူဒီလို ပြဲမ်ိဳးမွာ ပြဲမထုတ္ခ်င္၊ သူငယ္ခ်င္း ေတြ ၾကားထဲမွာ မိတ္ဆက္ေပးဖို ့ခက္တယ္။ ဒါနဲ ့ပဲ……မ်က္ႏွာပ်က္ပ်က္နဲ ့ သူ ့အေမကို ေျပာလိုက္တယ္

‘မလိုက္ပါနဲ ့ အေမရာ ခန္းမထဲကို ၀ွီးခ်ဲ လည္း ၀င္လို ့ရတာ မဟုတ္ဘူး။ အေမတို ့လိုက္လာလို ့လဲ ဘာမွထူျခားသြား မွာမ မဟုတ္တာ သားတစ္ေယာက္ထဲ သြားမယ္………..

မိခင္ ျဖစ္သူမွာ သား ရဲ ့တဇြတ္ထိုး ဆန္တဲ့ စိတ္ကိုသိလို ့ နာက်င္မိတဲ့ စိတ္ထဲက ဒဏ္ရာကို အၿပဳံးနဲ ့ဖုံး၍……

ေအးပါကြယ္ သားေလးသေဘာပါ ….သားေလး ဘြဲ ့ရတာပဲ အေမတို ့က ေက်နပ္ပါတယ္….အေမ အိမ္မွာဘဲ သားအေဖ ကို ေစာင့္ေနလိုက္ပါ့မယ္။ သားျဖစ္သူလဲ ေက်နပ္ျပီး အိပ္ရာ ေစာေစာ၀င္ခဲ့တယ္။ မိခင္ျဖစ္သူကေတာ့ အိပ္ယာေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ေယာက်ၤား ကိုၾကည့္ျပီးး မခ်ိၿပဳံးေလး ၿပဳံးခဲ့ရတယ္။ မနက္မိုးလင္းေတာ့ သားေလး စားဖို ့ မိခင္ ျဖစ္သူက မနက္စာကို အရင္ကထက္ ပိုဂရုစိုက္ ျပင္ဆင္ေပးထားတယ္……ဘြဲ ့ယူသြားမွာ ဆိုေတာ့ ဗိုက္နာမယ့္ အစားအစာေတြ မျဖစ္ေအာင္ ဂရုစိုက္လို ့ေပါ့…..

‘သားေရ မနက္စာ အဆင္သင့္ ျဖစ္ျပီေနာ္…..’

မစားေတာ့ဘူး အေမ သား သူငယ္ခ်င္း ေတြနဲ ့ ေက်ာင္းနားကစားေသာက္ဆိုင္မွာ ခ်ိန္းထားတယ္။ အာ့မွာပဲ စားေတာ့မယ္။

ေအာ္ ……. အင္းပါ သား ရယ္ သား ေလး ဓါတ္ပုံေတြ ရိုက္ခဲ့ေနာ္။ ေမေမတို ့ ျပန္ၾကည့္ခ်င္လို ့………..

‘ဟုတ္ကဲ့ပါဗ်ာ သြားျပီေနာ္………။

ဒီလိုနဲ ့ သားျဖစ္သူ က သူငယ္ခ်င္းေတြနဲ ့ ခ်ိန္းထားတဲ့ စားေသာက္ဆိုင္ေရာက္ေတာ့ လူေတာင္ေတာ္ေတာ္ စုံေနျပီ။ နာရီကိုၾကည့္ေတာ့လဲ ဘြဲ ့ယူဖို ့အခ်ိန္က တစ္နာရီေလာက္ လိုေနေသးတယ္ဆိုေတာ့ မနက္စာ စားဖို ့ မွာလိုက္တယ္ သူငယ္ခ်င္းျဖစ္သူေတြကို ၾကည့္ေတာ့ တစ္ေယာက္ထဲ လာတဲ့သူနဲ႕ မိဘ ေခၚလာတဲ့သူနဲ ့ေပါ့ ….အဲ့အခ်ိန္မွာ သူ ့ရဲ ့သူငယ္ခ်င္း တစ္ေယာက္က သူ ့အေမနဲ ့မိတ္ဆက္ေပးတယ္။

‘ေဟ့ေရာင္ ဒါငါ့ အေမ ေလ ငါဘြဲ ့ယူတာ လိုက္လာခဲ့ေပးတာ………. အေမ ဒါက သားသူငယ္ခ်င္းပါ

မိတ္ဆက္ေပးတဲ့ သူငယ္ခ်င္း အေမ ကို လက္ဆြဲႏွဳတ္ဆက္ေတာ့ အေဒၚကလဲ ျပန္လက္ဆြဲ ႏွဳတ္ဆက္တယ္။ ဒါေပမယ့္ ညာဘက္လက္နဲ ့ေတာ့ မဟုတ္ဘူး။ ဘယ္ဘက္လက္နဲ ့ဆိုေတာ့ ေကာင္ေလးမွာ ထူးဆန္းျပီး ညာဘက္လက္ကို ၾကည့္လိုက္ တယ္

‘ဟင္… အေဒၚလက္မွာ ပါတ္တီးႀကီး နဲ ့ပါ့လား………..ဘယ္လိုျဖစ္တာလဲ

ဒါနဲ ့….ေကာင္ေလး သူငယ္ခ်င္းက ၀င္ေျဖတယ္

ဒီလိုကြ……..ငါ့ အေမ က ငါးေရာင္းတာ…..အဲ့ဒါမေန ့က ၀ယ္တဲ့သူကို ငါးကိုင္ေပးတာေလ လက္ကိုဓါဒထိသြားတာ အဲ့ဒီ ဒဏ္ရာနဲ ့ညက အဖ်ားေတြ တက္လို ့ကြာ ငါ့မွာစိတ္ပူလိုက္တာ ဒီမနက္မွ ျပန္ေကာင္းလာတာေလ ဒါေတာင္ မလိုက္ဘူး လုပ္ေနတာ ငါက အတင္းဆြဲေခၚလာလိုက္တာေလ ငါ့ကိုခုလို ဘြဲ ့ခန္းမ ထဲ ေရာက္ေအာင္ ငါ့ အေမက ေစ်းထဲမွာ ငါးေရာင္းျပီး ေက်ာင္းထားခဲ့ရတာကြ ဒါနဲ ့…မင္း အေမ နဲ ့အေဖ ေရာ …မေတြ ့ပါ့လား

ေကာင္ေလးမွာ သူ ့သူငယ္ခ်င္းရဲ ့စကားေတြ နားေထာင္ျပီး ေနာင္တ မ်ားစြာနဲ ့

‘ေအာ္….. အင္း ေနာက္….. ေနာက္မွာ လိုက္လာတယ္ကြ ငါ့ကို ခဏခြင့္ျပဳပါဦးကြာ မင္းတို ့ဘြဲ ့ခန္းမ ကပဲ ေစာင့္ေနေနာ္………

စကားလဲအဆုံး ကားလမ္းမေပၚထြက္ျပီး Taxi တစ္စီးငွားျပီး အိမ္ျပန္ခဲ့တယ္။ အိမ္ေပၚေရာက္ေတာ့ တံခါးႀကီး ဖြင့္ထား တာေတြ ့လိူု ့ အေဖနဲ ့အေမ အခန္းကို ၀င္ဖို ့လုပ္တုန္း အခန္းထဲက အသံေတြ ၾကားမိတယ္။

‘ေဖႀကီးေရ သား ကေတာ့ ဘြဲ ့ယူသြားျပီေတာ့ က်မကေတာ့ ဘြဲ ့ခန္းမကို မလိုက္ရလဲ သား နဲ ့အတူတူရွိေနသလို အက်ီ ၤ အသစ္ေတြ ၀တ္ထားတယ္ ရွင့္ကိုလဲ တိုက္ပုံ အသစ္၀တ္ေပးထားတာ ေတြ ့လား……

‘ေတြ ့ပါတယ္ ေမႀကီးရာ သားေလးျပန္မလာခင္ေတာ့ ငါတို ့ေတြ အက်ီ ္လဲရမယ္ေနာ္ ေတာ္ၾကာ အေဖ နဲ ့အေမ က အျဖစ္သည္းတယ္ ေျပာေနပါဦးမယ္ကြာ…….ဟားဟားဟား

ဟုတ္ပါ့ေတာ့ …..သား ေလးကရွင့္ကို စိတ္ပူျပီး က်ဴ ပ္ကိုမေခၚတာေတာ့ သူ ့အေဖ တစ္ေယာက္တည္း ျဖစ္ေနမယ္တဲ့ ….အာ့ေတာ့မွ က်ဴပ္လဲ ရွင့္ကို သတိရျပီး ေနခဲ့လိုက္တာ သားေလးသာ သတိမေပးရင္ ရွင္တစ္ေယာက္တည္း က်န္ခဲ့မွာ သိလား…သားေလး ကို ရွင္ေက်းဇူးတင္”

‘ေအးပါကြာ …. ေအးပါ …အင္း ငါတို ့သားေလး ဘြဲ ့ရပညာတတ္ ျဖစ္ျပီေနာ္

ထို စကားေတြဟာ ေကာင္ေလး ရင္ကို သံခၽြန္နဲ ့ထိုးလိုက္သလိုပါပဲ။ မေခၚခ်င္လို ့ ထားခဲ့တဲ့ မိဘ ႏွစ္ပါးက အျပစ္မျမင္တဲ့ အျပင္ အေမက ငါ့အျပစ္ကို မသိသလိုပါ့လား…..ဒါနဲ ့ အခန္းထဲ၀င္ျပီး…

‘အေမ နဲ ့ အေဖ’

ဟင္….သားဘြဲ ့ယူျပီးျပီလား ျမန္လိုက္တာ…

မိဘႏွစ္ပါးမွာ အ၀တ္အစား အသစ္ေတြနဲ ့မို ့ မေနတတ္မထိုင္တတ္ သားေလးေမးလာလ်င္ ဘယ္လိုေျဖရပါ့မလဲ လို ့ေတြးေနခ်ိန္ …..

အေဖ နဲ ့အေမ့ ကို လာေခၚတာပါ……..ဘြဲ ့ခန္းမ မွာ အေမ နဲ ့အေဖ တို ့အတြက္ေနရာရွိသလို … သားရင္ထဲမွာလဲ အၿမဲေနရာရွိပါတယ္။ သားကိုခြင့္လႊတ္ပါေနာ္…..မိဘႏွစ္ပါး ေရွ ့မွာ ထိျခင္းငါးပါးနဲ ့ရွိခိုးမိတယ္…မိဘႏွစ္ပါး ကေတာ့ ၀မ္းသာတဲ့မ်က္ရည္စ ေတြနဲ ့ဆုေပးလို ့…..

(မိဘ ဆိုတာ ကမၻာေပၚမွာ ေအာက္တန္းအက်ဆုံး အလုပ္လုပ္ေနရင္ေတာင္ အဲ့ဒါဟာ သူတို ့အတြက္ မဟုတ္ပါဘူး ….သူတို ့သားသမီးေတြ အတြက္ပါ….သူတို ့သားသမီးေတြ အတြက္ပဲ မလုပ္ခ်င္တဲ့ အလုပ္သူတို ့လုပ္ေနရတာပါ….. တကယ္ေတာ့ ေလာကမွာ အစားထိုးလို ့မရတဲ့ အရာေတြထဲမွာ မိဘဟာ နံပါတ္တစ္ပါ ……….)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Htoo Wai (အေ၀းေရာက္သား)

#Unicode Version# ျဖင့္ဖတ္ပါ ။

အမေ သား မနက်ဖြန် ဘွဲ့ယူရမှာနော်

အမေ သိပါတယ် သားရယ် အာ့ကြောင့် လမ်းထိပ်က ဒေါ်ကျော့ဆီမှာတောင် အမေ အင်္ကျီအပ်ထားပါသေးတယ် အမေ့မှာ အကျီ ၤအသစ်မရှိတော့ဘူးလေ

‘ဟင်…. အမေက လိုက်မလို့လား…..အိမ်မှာ အဖေ့ကို စောင့်ဖို့ လူမရှိဘဲ ဖြစ်နေမှာပေါ့

သား .အဖေက သက်သာနေပါပြီ သားရယ် ဝှီးချဲလေးနဲ့ ခေါ်သွားရင် ရပါတယ်………….

သား ဖြစ်သူ စိတ်ညစ်သွားတယ် ဒီလိုပွဲမျို းကို သူ့မိဘ တွေကို မခေါ်ချင်လို့တော့ မဟုတ်ပါဘူး ဈေးထဲမှာ ကြက်သား ရောင်းပြီး စကားပြောရင် အော်ကျယ် အော်ကျယ် ပြောတတ်တဲ့ အမေနဲ့လေဖြတ်ပြီးလို့ နာလန်ထူကာစ အဖေကို သူဒီလို ပွဲမျိုးမှာ ပွဲမထုတ်ချင်၊ သူငယ်ချင်း တွေ ကြားထဲမှာ မိတ်ဆက်ပေးဖို့ခက်တယ်။ ဒါနဲ့ပဲ……မျက်နှာပျက်ပျက်နဲ့ သူ့အမေကို ပြောလိုက်တယ်

‘မလိုက်ပါနဲ့ အမေရာ ခန်းမထဲကို ဝှီးချဲ လည်း ဝင်လို့ရတာ မဟုတ်ဘူး။ အမေတို့လိုက်လာလို့လဲ ဘာမှထူခြားသွား မှာမ မဟုတ်တာ သားတစ်ယောက်ထဲ သွားမယ်………..

မိခင် ဖြစ်သူမှာ သား ရဲ့တဇွတ်ထိုး ဆန်တဲ့ စိတ်ကိုသိလို့ နာကျင်မိတဲ့ စိတ်ထဲက ဒဏ်ရာကို အပြုံးနဲ့ဖုံး၍……

အေးပါကွယ် သားလေးသဘောပါ ….သားလေး ဘွဲ့ရတာပဲ အမေတို့က ကျေနပ်ပါတယ်….အမေ အိမ်မှာဘဲ သားအဖေ ကို စောင့်နေလိုက်ပါ့မယ်။ သားဖြစ်သူလဲ ကျေနပ်ပြီး အိပ်ရာ စောစောဝင်ခဲ့တယ်။ မိခင်ဖြစ်သူကတော့ အိပ်ယာပေါ်မှာ အိပ်ပျော်နေတဲ့ ယောင်္ကျား ကိုကြည့်ပြီးး မချိပြုံးလေး ပြုံးခဲ့ရတယ်။ မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်ကထက် ပိုဂရုစိုက် ပြင်ဆင်ပေးထားတယ်……ဘွဲ့ယူသွားမှာ ဆိုတော့ ဗိုက်နာမယ့် အစားအစာတွေ မဖြစ်အောင် ဂရုစိုက်လို့ပေါ့…..

‘သားရေ မနက်စာ အဆင်သင့် ဖြစ်ပြီနော်…..’

မစားတော့ဘူး အမေ သား သူငယ်ချင်း တွေနဲ့ ကျောင်းနားကစားသောက်ဆိုင်မှာ ချိန်းထားတယ်။ အာ့မှာပဲ စားတော့မယ်။

အော် ……. အင်းပါ သား ရယ် သား လေး ဓါတ်ပုံတွေ ရိုက်ခဲ့နော်။ မေမေတို့ ပြန်ကြည့်ချင်လို့………..

‘ဟုတ်ကဲ့ပါဗျာ သွားပြီနော်………။

ဒီလိုနဲ့ သားဖြစ်သူ က သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော် စုံနေပြီ။ နာရီကိုကြည့်တော့လဲ ဘွဲ့ယူဖို့အချိန်က တစ်နာရီလောက် လိုနေသေးတယ်ဆိုတော့ မနက်စာ စားဖို့ မှာလိုက်တယ် သူငယ်ချင်းဖြစ်သူတွေကို ကြည့်တော့ တစ်ယောက်ထဲ လာတဲ့သူနဲ့ မိဘ ခေါ်လာတဲ့သူနဲ့ပေါ့ ….အဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်း တစ်ယောက်က သူ့အမေနဲ့မိတ်ဆက်ပေးတယ်။

‘ဟေ့ရောင် ဒါငါ့ အမေ လေ ငါဘွဲ့ယူတာ လိုက်လာခဲ့ပေးတာ………. အမေ ဒါက သားသူငယ်ချင်းပါ

မိတ်ဆက်ပေးတဲ့ သူငယ်ချင်း အမေ ကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်ကလဲ ပြန်လက်ဆွဲ နှုတ်ဆက်တယ်။ ဒါပေမယ့် ညာဘက်လက်နဲ့တော့ မဟုတ်ဘူး။ ဘယ်ဘက်လက်နဲ့ဆိုတော့ ကောင်လေးမှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက် တယ်

‘ဟင်… အဒေါ်လက်မှာ ပါတ်တီးကြီး နဲ့ပါ့လား………..ဘယ်လိုဖြစ်တာလဲ

ဒါနဲ့….ကောင်လေး သူငယ်ချင်းက ဝင်ဖြေတယ်

ဒီလိုကွ……..ငါ့ အမေ က ငါးရောင်းတာ…..အဲ့ဒါမနေ့က ဝယ်တဲ့သူကို ငါးကိုင်ပေးတာလေ လက်ကိုဓါဒထိသွားတာ အဲ့ဒီ ဒဏ်ရာနဲ့ညက အဖျားတွေ တက်လို့ကွာ ငါ့မှာစိတ်ပူလိုက်တာ ဒီမနက်မှ ပြန်ကောင်းလာတာလေ ဒါတောင် မလိုက်ဘူး လုပ်နေတာ ငါက အတင်းဆွဲခေါ်လာလိုက်တာလေ ငါ့ကိုခုလို ဘွဲ့ခန်းမ ထဲ ရောက်အောင် ငါ့ အမေက ဈေးထဲမှာ ငါးရောင်းပြီး ကျောင်းထားခဲ့ရတာကွ ဒါနဲ့…မင်း အမေ နဲ့အဖေ ရော …မတွေ့ပါ့လား

ကောင်လေးမှာ သူ့သူငယ်ချင်းရဲ့စကားတွေ နားထောင်ပြီး နောင်တ များစွာနဲ့

‘အော်….. အင်း နောက်….. နောက်မှာ လိုက်လာတယ်ကွ ငါ့ကို ခဏခွင့်ပြုပါဦးကွာ မင်းတို့ဘွဲ့ခန်းမ ကပဲ စောင့်နေနော်………

စကားလဲအဆုံး ကားလမ်းမပေါ်ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပေါ်ရောက်တော့ တံခါးကြီး ဖွင့်ထား တာတွေ့လိူု့ အဖေနဲ့အမေ အခန်းကို ဝင်ဖို့လုပ်တုန်း အခန်းထဲက အသံတွေ ကြားမိတယ်။

‘ဖေကြီးရေ သား ကတော့ ဘွဲ့ယူသွားပြီတော့ ကျမကတော့ ဘွဲ့ခန်းမကို မလိုက်ရလဲ သား နဲ့အတူတူရှိနေသလို အကျီ ၤ အသစ်တွေ ဝတ်ထားတယ် ရှင့်ကိုလဲ တိုက်ပုံ အသစ်ဝတ်ပေးထားတာ တွေ့လား……

‘တွေ့ပါတယ် မေကြီးရာ သားလေးပြန်မလာခင်တော့ ငါတို့တွေ အကျီ ်လဲရမယ်နော် တော်ကြာ အဖေ နဲ့အမေ က အဖြစ်သည်းတယ် ပြောနေပါဦးမယ်ကွာ…….ဟားဟားဟား

ဟုတ်ပါ့တော့ …..သား လေးကရှင့်ကို စိတ်ပူပြီး ကျူ ပ်ကိုမခေါ်တာတော့ သူ့အဖေ တစ်ယောက်တည်း ဖြစ်နေမယ်တဲ့ ….အာ့တော့မှ ကျူပ်လဲ ရှင့်ကို သတိရပြီး နေခဲ့လိုက်တာ သားလေးသာ သတိမပေးရင် ရှင်တစ်ယောက်တည်း ကျန်ခဲ့မှာ သိလား…သားလေး ကို ရှင်ကျေးဇူးတင်”

‘အေးပါကွာ …. အေးပါ …အင်း ငါတို့သားလေး ဘွဲ့ရပညာတတ် ဖြစ်ပြီနော်

ထို စကားတွေဟာ ကောင်လေး ရင်ကို သံချွန်နဲ့ထိုးလိုက်သလိုပါပဲ။ မခေါ်ချင်လို့ ထားခဲ့တဲ့ မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင် အမေက ငါ့အပြစ်ကို မသိသလိုပါ့လား…..ဒါနဲ့ အခန်းထဲဝင်ပြီး…

‘အမေ နဲ့ အဖေ’

ဟင်….သားဘွဲ့ယူပြီးပြီလား မြန်လိုက်တာ…

မိဘနှစ်ပါးမှာ အဝတ်အစား အသစ်တွေနဲ့မို့ မနေတတ်မထိုင်တတ် သားလေးမေးလာလျင် ဘယ်လိုဖြေရပါ့မလဲ လို့တွေးနေချိန် …..

အဖေ နဲ့အမေ့ ကို လာခေါ်တာပါ……..ဘွဲ့ခန်းမ မှာ အမေ နဲ့အဖေ တို့အတွက်နေရာရှိသလို … သားရင်ထဲမှာလဲ အမြဲနေရာရှိပါတယ်။ သားကိုခွင့်လွှတ်ပါနော်…..မိဘနှစ်ပါး ရှေ့မှာ ထိခြင်းငါးပါးနဲ့ရှိခိုးမိတယ်…မိဘနှစ်ပါး ကတော့ ဝမ်းသာတဲ့မျက်ရည်စ တွေနဲ့ဆုပေးလို့…..

(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင် အဲ့ဒါဟာ သူတို့အတွက် မဟုတ်ပါဘူး ….သူတို့သားသမီးတွေ အတွက်ပါ….သူတို့သားသမီးတွေ အတွက်ပဲ မလုပ်ချင်တဲ့ အလုပ်သူတို့လုပ်နေရတာပါ….. တကယ်တော့ လောကမှာ အစားထိုးလို့မရတဲ့ အရာတွေထဲမှာ မိဘဟာ နံပါတ်တစ်ပါ ……….)

ဖိုးသူတော် (www.phothutaw.com)
Credit: Htoo Wai (အဝေးရောက်သား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top