ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ မေဒါက္ၿမိဳ႕ ၿမိဳ႕မ (၁) ရပ္ကြက္ ဘုရားပိုင္း၌ အဝီစိတြင္း တူးရာမွ ဂက္(စ္)ေငြ႕ဟု ယူဆရသည့္ အေငြ႕မ်ား ထြက္ရွိေနသျဖင့္ ဆက္လက္တူးေဖာ္ျခင္း ရပ္ဆိုင္း ထားေၾကာင္း မေဒါက္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးရံုးက သိရသည္။

“တြင္းတူးေနရင္း ေရမလိုက္ဘဲနဲ႕ ေလႀကီးပဲလိုက္လာလို႔ ေတာ္ၿပီဆိုၿပီး ထားလိုက္တဲ႕အခ်ိန္မွာ ကၽြန္ေတာ့္အစ္ကိုက အေဝးကေန လွမ္းၾကည့္တဲ႕အခါက်ေတာ့ အေငြ႕ေလးေတြ ထြက္ေနတယ္၊ ဒါဂက္(စ္) ေငြ႕ပဲျဖစ္မယ္ဆိုၿပီး မီးျခစ္နဲ႕ မီးရိႈ႕ၾကည့္တဲ႕အခါက်ေတာ့ မီးထေတာက္တာကို ေတြ႔ရတယ္” ဟု အဝီစိတြင္းတူးရာတြင္ ပါဝင္သူ ဦးမ်ိဳးမင္းဦးက ေျပာသည္။

ျဖစ္စဥ္မွာ ဘုရားပိုင္းေန ဦးစိုးႏိုင္မွ စိုက္ပ်ိဳးထားေသာ ခ်ဥ္‌‌ေပါင္ခင္‌း ေရေလာင္းရန္ ဦးမ်ိဳးမင္းဦး၊ ဦးေက်ာ္လြင္စိုး၊ ဦးသန္းဦးတို႔ႏွင့္အတူ ခ်ဥ္ေပါင္ခင္းအနီး ေရသန္အင္‌းအတြင္‌း ဧၿပီလ ၂၆ ရက္ေန႔က အဝီစိတြင္း တူးေဖာ္ရာ အနက္ ၂၃ ေပအေရာက္တြင္ ပံုမွန္ေရရရွိမည့္ အေနအထား၌ ေရမရ႐ွိဘဲ ….

တူးထားသည့္ ပိုက္အတြင္းႏွင့္ အနီးအနား ရႊံႏြံအတြင္းမွ ဂက္(စ္)ေငြ႔ဟု ယူဆရသည့္ အေငြ႔မ်ား အမ်ားအျပား ထြက္ရွိလာသျဖင့္ မီးျခစ္ၾကည့္ရာ မီးေတာက္ေၾကာင္း သိရသည္။

အဆိုပါအဝီစိတြင္းမွ အေငြ႕ထြက္ရွိေနျခင္းႏွင့္ ပတ္သက္၍ အေျဖသိရွိႏိုင္ရန္ ပညာရွင္မ်ားႏွင့္ သက္ဆိုင္ရာမွ အျမန္ဆံုး လာေရာက္ၾကည့္ရႈ စစ္ေဆးေပးရန္ ေဒသခံမ်ားက လိုလားေနၾကေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရဲျမန္မာ(ေညာင္ေလးပင္)#MOI Webportal Myanmar
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ မြို့မ (၁) ရပ်ကွက် ဘုရားပိုင်း၌ အဝီစိတွင်း တူးရာမှ ဂက်(စ်)ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိနေသဖြင့် ဆက်လက်တူးဖော်ခြင်း ရပ်ဆိုင်း ထားကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

“တွင်းတူးနေရင်း ရေမလိုက်ဘဲနဲ့ လေကြီးပဲလိုက်လာလို့ တော်ပြီဆိုပြီး ထားလိုက်တဲ့အချိန်မှာ ကျွန်တော့်အစ်ကိုက အဝေးကနေ လှမ်းကြည့်တဲ့အခါကျတော့ အငွေ့လေးတွေ ထွက်နေတယ်၊ ဒါဂက်(စ်) ငွေ့ပဲဖြစ်မယ်ဆိုပြီး မီးခြစ်နဲ့ မီးရှို့ကြည့်တဲ့အခါကျတော့ မီးထတောက်တာကို တွေ့ရတယ်” ဟု အဝီစိတွင်းတူးရာတွင် ပါဝင်သူ ဦးမျိုးမင်းဦးက ပြောသည်။

ဖြစ်စဉ်မှာ ဘုရားပိုင်းနေ ဦးစိုးနိုင်မှ စိုက်ပျိုးထားသော ချဉ်‌‌ပေါင်ခင်‌း ရေလောင်းရန် ဦးမျိုးမင်းဦး၊ ဦးကျော်လွင်စိုး၊ ဦးသန်းဦးတို့နှင့်အတူ ချဉ်ပေါင်ခင်းအနီး ရေသန်အင်‌းအတွင်‌း ဧပြီလ ၂၆ ရက်နေ့က အဝီစိတွင်း တူးဖော်ရာ အနက် ၂၃ ပေအရောက်တွင် ပုံမှန်ရေရရှိမည့် အနေအထား၌ ရေမရရှိဘဲ ….

တူးထားသည့် ပိုက်အတွင်းနှင့် အနီးအနား ရွှံနွံအတွင်းမှ ဂက်(စ်)ငွေ့ဟု ယူဆရသည့် အငွေ့များ အများအပြား ထွက်ရှိလာသဖြင့် မီးခြစ်ကြည့်ရာ မီးတောက်ကြောင်း သိရသည်။

အဆိုပါအဝီစိတွင်းမှ အငွေ့ထွက်ရှိနေခြင်းနှင့် ပတ်သက်၍ အဖြေသိရှိနိုင်ရန် ပညာရှင်များနှင့် သက်ဆိုင်ရာမှ အမြန်ဆုံး လာရောက်ကြည့်ရှု စစ်ဆေးပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ရဲမြန်မာ(ညောင်လေးပင်)#MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top