ေနာက္ဆံုးအခ်ိန္ေရာက္ေနတဲ့ ကုမၸဏီဝန္ထမ္းတေယာက္ သူ႔မိန္းမကုိ မွာတဲ့ အမွာစကား

ကုမၸဏီဝန္ထမ္း တစ္ေယာက္ ေသခါနီးေတာ့ အနားမွာရွိေနတဲ့ သူ႔မိန္းမကို ေသေသခ်ာခ်ာ မွာ စရာရွိတယ္ဆိုၿပီး “မိန္းမေရ နင့္ကို ငါမွာစရာ ေလးရွိတယ္.. နင္ေသေသခ်ာခ်ာ နားေထာင္ၿပီး မွတ္ထားေနာ္လို႔ ေျပာတဲ့အခါ

မိန္မျဖစ္သူမွ လည္း ဘာမ်ားလဲဆိုတဲ့ အေတြးေလးနဲ႔ လူမမာ ဝန္ထမ္းအနားကို တိုးသြားၿပီး နားေလးကို ပါးစပ္နာ ကပ္ေပးလိုက္တာေပါ့။ အဲ့ဒီမွာ လူမမာက ဇနီးကို မွာသတဲ့ ။

( ရွင္မ…တဲ့… ဘဏ္ထဲက ရွိတဲ့ေငြေတြကို နဲနဲေလးမွ သြားမထိ မတို႔ေလနဲ႔ေနာ္) တဲ့ ။ ဘာေျပာေကာင္းမလဲ မိန္းမျဖစ္သူကလည္း ျပာျပာ သလဲ ျဖစ္သြားတာေပါ့။ သူမသိေအာင္ ဘဏ္ထဲမွာ ေငြေတြ စုထားတာမ်ား ရွိေနလား ဘာလား ဘာလား… နဲ႔ ဝမ္းနည္းေနတဲ့ အခ်ိန္မွာ ဝမ္းသာစရာ တစ္ခု ေရာက္လာသလို ၾကည္ေတာက္သြားတဲ့ မ်က္ႏွာနဲ႔ ေမၿပီေလ

“အို … ေယာက္်ား.. ဘာရွိတာလဲ… ဘယ္တုန္းကလဲ…ဘာကို ေျပာတာလဲ… ဘာသေဘာပါလဲ…ေျပာပါဦးေတာ္” ထပ္ကာ တလဲ ထပ္ျပန္ တလဲ ေမးေနေတာ့တာေပါ့” ေယာက္်ားျဖစ္သူ ဝန္ထမ္းကလည္း တိုးလို႔ လ်ိဳးလို႔ ဟန္ျဖင့္ သဲ့သဲ့ကေလး ေလသံျဖင့္ စကားျပန္ေျပာလာသည္။

အဲ့ဒီမွာ ဝန္ထမ္းက ေျပာလိုက္တဲ့ စကားေလးက…

“ခုနေျပာတဲ့ ဘဏ္ထဲက ရွိတဲ့ေငြေတြကို နဲနဲေလးမွ သြားမထိ မတို႔နဲ႔ဆိုတာ… အလကား မဟုတ္ဘူး မိန္မရဲ႕”

ဘာျဖစ္လို႔တုန္း ေျပာစမ္းပါေတာ္….ဆိုေတာ့…

“အဲ့ဒါေတြက ကိုယ့္ ေငြေတြ မဟုတ္ဘူးေလ… ငါတို႔နဲ႔ မဆိုင္ဘူး… ေပါတဲ့ ရွိတဲ့ ခ်မ္းသာတဲ့သူေတြ အပ္ထားတဲ့ ေငြေတြေလ.. ကိုယ့္ ပိုက္ဆံမဟုတ္ဘူး”တဲ့…

ကဲ…. ဗ်ာ…ေက်ာျပင္ကို ေျဗာတင္ဖို႔ ေကာင္းေပစြ… ေရႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ဝန္ထမ္းႀကီးရယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဇာ္ (ပ်ဥ္းမနား)

#Unicode Version# ျဖင့္ဖတ္ပါ ။

နောက်ဆုံးအချိန်ရောက်နေတဲ့ ကုမ္ပဏီဝန်ထမ်းတယောက် သူ့မိန်းမကို မှာတဲ့ အမှာစကား

ကုမ္ပဏီဝန်ထမ်း တစ်ယောက် သေခါနီးတော့ အနားမှာရှိနေတဲ့ သူ့မိန်းမကို သေသေချာချာ မှာ စရာရှိတယ်ဆိုပြီး “မိန်းမရေ နင့်ကို ငါမှာစရာ လေးရှိတယ်.. နင်သေသေချာချာ နားထောင်ပြီး မှတ်ထားနော်လို့ ပြောတဲ့အခါ

မိန်မဖြစ်သူမှ လည်း ဘာများလဲဆိုတဲ့ အတွေးလေးနဲ့ လူမမာ ဝန်ထမ်းအနားကို တိုးသွားပြီး နားလေးကို ပါးစပ်နာ ကပ်ပေးလိုက်တာပေါ့။ အဲ့ဒီမှာ လူမမာက ဇနီးကို မှာသတဲ့ ။

( ရှင်မ…တဲ့… ဘဏ်ထဲက ရှိတဲ့ငွေတွေကို နဲနဲလေးမှ သွားမထိ မတို့လေနဲ့နော်) တဲ့ ။ ဘာပြောကောင်းမလဲ မိန်းမဖြစ်သူကလည်း ပြာပြာ သလဲ ဖြစ်သွားတာပေါ့။ သူမသိအောင် ဘဏ်ထဲမှာ ငွေတွေ စုထားတာများ ရှိနေလား ဘာလား ဘာလား… နဲ့ ဝမ်းနည်းနေတဲ့ အချိန်မှာ ဝမ်းသာစရာ တစ်ခု ရောက်လာသလို ကြည်တောက်သွားတဲ့ မျက်နှာနဲ့ မေပြီလေ

“အို … ယောက်ျား.. ဘာရှိတာလဲ… ဘယ်တုန်းကလဲ…ဘာကို ပြောတာလဲ… ဘာသဘောပါလဲ…ပြောပါဦးတော်” ထပ်ကာ တလဲ ထပ်ပြန် တလဲ မေးနေတော့တာပေါ့” ယောက်ျားဖြစ်သူ ဝန်ထမ်းကလည်း တိုးလို့ လျိုးလို့ ဟန်ဖြင့် သဲ့သဲ့ကလေး လေသံဖြင့် စကားပြန်ပြောလာသည်။

အဲ့ဒီမှာ ဝန်ထမ်းက ပြောလိုက်တဲ့ စကားလေးက…

“ခုနပြောတဲ့ ဘဏ်ထဲက ရှိတဲ့ငွေတွေကို နဲနဲလေးမှ သွားမထိ မတို့နဲ့ဆိုတာ… အလကား မဟုတ်ဘူး မိန်မရဲ့”

ဘာဖြစ်လို့တုန်း ပြောစမ်းပါတော်….ဆိုတော့…

“အဲ့ဒါတွေက ကိုယ့် ငွေတွေ မဟုတ်ဘူးလေ… ငါတို့နဲ့ မဆိုင်ဘူး… ပေါတဲ့ ရှိတဲ့ ချမ်းသာတဲ့သူတွေ အပ်ထားတဲ့ ငွေတွေလေ.. ကိုယ့် ပိုက်ဆံမဟုတ်ဘူး”တဲ့…

ကဲ…. ဗျာ…ကျောပြင်ကို ဗြောတင်ဖို့ ကောင်းပေစွ… ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဝန်ထမ်းကြီးရယ်…

ဖိုးသူတော် (www.phothutaw.com)
Credit:ဇော် (ပျဉ်းမနား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top