ထိုင်းနိုင်ငံ အရှေ့ပိုင်း ချချိန်းဆောဝ် ခရိုင်တွင် ဖနွမ်းဆာရခမ်း မြို့နယ် နောင်ယောင်းအုပ်စု ရပ်ကွက် ၃ တွင် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကို ၄င်း၏ ဖခင်အရင်းဖြစ်သူထံ လိင်ကျွန်အဖြစ် တပတ် ၂ ကြိမ် ရောင်းစား ခဲ့သည့်အမျိုးသမီးအား ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။
အသက် ၅ နှစ် အရွယ်ကလေး၏ မိခင်ဖြစ်သူ မှာ ဆုဖလတ် ဖာဆု အသက် ၂၈ နှစ်ဆိုသူဖြစ်ပြီး ၄င်း၏ သမီးအား မစ္စတာ ၀ိနိုင်း ဖရွမ်းထောင်းဆု အသက် ၅၂ နှစ်ဆိုသူထံ တပတ်လျှင် ၂ ကြိမ် ပို့ဆောင်ကာ လိင်ကျွန် အဖြစ်ရောင်းစားကြောင်း ၊ တကြိမ်လျှင် ဘတ်ငွေ ၂၀၀ မှ ၃၀၀ အထိ( မြန်မာငွေကျပ် ၁ သောင်းဝန်းကျင်) ရရှိကြောင်း ကာမကျူးလွန်သူအမျိုးသားက ၀န်ခံချက်ပေးသည်ဟု ထိုင်းရဲများက ပြောသည်။
ကလေးငယ်၏ မိခင် ဆုဖလတ်မှာလည်း အိမ်ထောင်ရှိ မစ္စတာ ၀ိနိုင်းနှင့် သိကျွမ်းခင်မင်ကာ ရည်းစား အဖြစ်ဆက်ဆံလာခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခု ၀ိနိုင်းထံ ကာမရောင်းစားနေသော ကလေးငယ်မှာ ၀ိနိုင်း၏ သမီးအရင်းဖြစ်ကြောင်း၊ ၄င်းကိစ္စနှင့်ပတ်သက်ပြီး ၀ိနိုင်းအား ဖွင့်ပြောခဲ့ဖူးသော်လည်း ၀ိနိုင်းက လက်မခံခဲ့ကြောင်း ထိုင်းရဲထံ ၀န်ခံပြောဆိုသည်ဟု Khao Sod , Thairat ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မိမိသမီးအရင်းအား ဖခင်အရင်းဖြစ်သူထံသွား ကာမ သွားရောင်းခဲ့သည့် ကိစ္စကိုလည်း ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီးမှသာ ဆုဖလတ်၏ မိဘဆွေမျိုးများက သိခဲ့ရကြောင်း၊ ထို့အတွက် မိဘဆွေမျိုးများ မကျေနပ်ကြဘဲ ၄င်းအားထိရောက်စွာအရေးယူပေးရန်ထိုင်းရဲများထံ တောင်းဆိုသည်ဟုသိရသည်။
လက်ရှိတွင် အသက် ၅ နှစ်အရွယ် ကလေးနှင့် ကာမ ၀ယ်ယူသူ ၀ိနိုင်းတို့မှာ သားအဖတော်စပ်ခြင်းရှိမရှိကို အာဏာပိုင်များက DNA စစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ကလေးမိဘ ၂ ဦးအား ထိုင်းရဲများက ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ တည်ဆဲဥပဒေအရ ပြစ်မှုများစစ်ဆေးကာအရေးယူပြစ်ဒဏ် ပေးသွား မည်ဖြစ်ကြောင်း၊ ကလေးငယ်အား ထိုင်းနိုင်ငံ မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးဂေဟာမှ ခေါ်ဆောင် သွားပြီး စိတ်ကျန်းမာရေးကုသပေးနေပြီး ၄င်းကလေးအတွက် နေထိုင်စားသောက်မှုအတွက်ပါ စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
Panglong(Burmese)
#Unicode Version#
ထိုင်းနိုင်ငံ အရှေ့ပိုင်း ချချိန်းဆောဝ် ခရိုင်တွင် ဖနွမ်းဆာရခမ်း မြို့နယ် နောင်ယောင်းအုပ်စု ရပ်ကွက် ၃ တွင် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကို ၎င်း၏ ဖခင်အရင်းဖြစ်သူထံ လိင်ကျွန်အဖြစ် တပတ် ၂ ကြိမ် ရောင်းစား ခဲ့သည့်အမျိုးသမီးအား ထိုင်းရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။
အသက် ၅ နှစ် အရွယ်ကလေး၏ မိခင်ဖြစ်သူ မှာ ဆုဖလတ် ဖာဆု အသက် ၂၈ နှစ်ဆိုသူဖြစ်ပြီး ၎င်း၏ သမီးအား မစ္စတာ ဝိနိုင်း ဖရွမ်းထောင်းဆု အသက် ၅၂ နှစ်ဆိုသူထံ တပတ်လျှင် ၂ ကြိမ် ပို့ဆောင်ကာ လိင်ကျွန် အဖြစ်ရောင်းစားကြောင်း ၊ တကြိမ်လျှင် ဘတ်ငွေ ၂၀၀ မှ ၃၀၀ အထိ( မြန်မာငွေကျပ် ၁ သောင်းဝန်းကျင်) ရရှိကြောင်း ကာမကျူးလွန်သူအမျိုးသားက ဝန်ခံချက်ပေးသည်ဟု ထိုင်းရဲများက ပြောသည်။
ကလေးငယ်၏ မိခင် ဆုဖလတ်မှာလည်း အိမ်ထောင်ရှိ မစ္စတာ ဝိနိုင်းနှင့် သိကျွမ်းခင်မင်ကာ ရည်းစား အဖြစ်ဆက်ဆံလာခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခု ဝိနိုင်းထံ ကာမရောင်းစားနေသော ကလေးငယ်မှာ ဝိနိုင်း၏ သမီးအရင်းဖြစ်ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဝိနိုင်းအား ဖွင့်ပြောခဲ့ဖူးသော်လည်း ဝိနိုင်းက လက်မခံခဲ့ကြောင်း ထိုင်းရဲထံ ဝန်ခံပြောဆိုသည်ဟု Khao Sod , Thairat ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
၎င်းသမီးအရင်းနှင့်ပတ်သက်ပြီး ထိုင်းရဲများမေးမြန်းရာတွင် ဝိနိုင်းက ဖြေရှင်းချက်မပေးခဲ့ပေ။
“ကလေးငယ်ကို ကျနော့ကိုမနှစ်ကတည်းက လာပြီးရောင်းပေးပါတယ်။ တပတ် ၂ ကြိမ်ပုံမှန်ပါ။ တခါတလေလည်း လူပြတ်တဲ့နေရာမှာချိန်းတွေ့ကြတယ်။တခါတလေလည်း ဟိုတယ်မှာပါ။ ”- ဟု ဝိနိုင်းက ဝန်ခံချက်ပေးသည်။
ထိုင်းရဲများဝင်ရောက်ဖမ်းဆီးသည့်နေ့တွင် သားအဖအား ဝိနိုင်း၏ နေအိမ်အနောက်ဘက်ရှိ ကားပေါ်တွင် ဖမ်းမိကြောင်းလည်း သိရသည်။
မိမိသမီးအရင်းအား ဖခင်အရင်းဖြစ်သူထံသွား ကာမ သွားရောင်းခဲ့သည့် ကိစ္စကိုလည်း ထိုင်းရဲများ ဝင်ရောက်ဖမ်းဆီးမှသာ ဆုဖလတ်၏ မိဘဆွေမျိုးများက သိခဲ့ရကြောင်း၊ ထို့အတွက် မိဘဆွေမျိုးများ မကျေနပ်ကြဘဲ ၎င်းအားထိရောက်စွာအရေးယူပေးရန်ထိုင်းရဲများထံ တောင်းဆိုသည်ဟုသိရသည်။
လက်ရှိတွင် အသက် ၅ နှစ်အရွယ် ကလေးနှင့် ကာမ ဝယ်ယူသူ ဝိနိုင်းတို့မှာ သားအဖတော်စပ်ခြင်းရှိမရှိကို အာဏာပိုင်များက DNA စစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ကလေးမိဘ ၂ ဦးအား ထိုင်းရဲများက ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ တည်ဆဲဥပဒေအရ ပြစ်မှုများစစ်ဆေးကာအရေးယူပြစ်ဒဏ် ပေးသွား မည်ဖြစ်ကြောင်း၊ ကလေးငယ်အား ထိုင်းနိုင်ငံ မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးဂေဟာမှ ခေါ်ဆောင် သွားပြီး စိတ်ကျန်းမာရေးကုသပေးနေပြီး ၎င်းကလေးအတွက် နေထိုင်စားသောက်မှုအတွက်ပါ စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top