20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


႐ွင္သန္တတ္ဖို႔ စိတ္ပ်က္အားငယ္ေနၿပီလား ဘဝဆိုတာ ဒီလိုပါပဲ အဆင္ေျပလိုက္ မေျပလိုက္
ေပ်ာ္လိုက္ ငိုလိုက္အျမဲျဖစ္ေနတာမ်ိဳး မဟုတ္လား…

ဘယ္ေလာကဓံကမွ ကိုယ့္တစ္ေယာက္တည္းကို ႐ိုက္ခတ္ေနတာမ်ိဳးမွ မဟုတ္တာ ဒါေၾကာင့္
အမ်ားနည္းတူ တစ္ခ်ိန္ခ်ိန္ အဆင္ေျပသြားမွာပါ။ ဝမ္းနည္းနာက်င္ေနရၿပီလား
မငိုဖူးတဲ့သူ မရိွသလို မေပ်ာ္ဖူးတဲ့သူေတြလည္း ေလာကမွမရိွပါဘူး နာက်င္ရတယ္ဆိုတာလည္း
အခ်ိန္ခဏပါ ဝမ္းနည္းရတယ္ဆိုလည္း ခဏတာပဲ….

ဘယ္သူမွ ေသရာပါထိဒဏ္ရာေတြ ယူေဆာင္မသြားတတ္ဘူးေလ ဒါေၾကာင့္ တေန႔ေန႔ အရာအားလံုး
ေမ့ပစ္ကြယ္ေပ်ာက္သြားမွာမ်ိဳးပါ။ ကံၾကမၼာကို အျပစ္ပို႔ေနၿပီလား ဘဝဆိုတာ ဘယ္သူမွ မျမင္ႏိုင္တဲ့ စာမ်က္ႏွာေတြပါပဲ

မထင္မွတ္တဲ့ေနရာက မသိႏိုင္ေအာင္ ဝင္လာမယ့္ ကံတရား လွည့္ကြက္ေတြရိွျမဲပါ မနက္ျဖန္ဟာ
ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွႀကိဳမသိႏိုင္ဘူး မဟုတ္လား….. ကံတရားဆိုတာ ကိုယ့္ျပဳလုပ္ခဲ့ဖူးတဲ့ အတိတ္ကအေၾကာင္းအရာေတြမို႔ ဘယ္သူမွ ေ႐ွာင္ဖယ္သြားလို႔ မရႏိုင္တာမ်ိဳးဆိုရင္ ရင္ဆိုင္ဖို႔သာ ေတြးလိုက္ပါ။

ေ႐ွ႕ဆက္ဖို႔ ခက္ခဲေနၿပီလား ဘဝဟာ ေမာပန္းလာတဲ့အခါ ႐ွင္သန္ရျခင္းကို စိတ္နာေနၿပီေပါ့
ဒါဟာဘဝပါပဲ ဘယ္အရာဝတၱဳမ်ိဳးမွ ေလာကမွာ လြယ္လြယ္နဲ႔မရႏိုင္ပါဘူး… ဒါေၾကာင့္လည္း အလြယ္နဲ႔ ကိုယ့္ရထားတဲ့ အရာေတြကို ဘဝမွာ စြန္႔ပစ္ခ်န္ထားခဲ့ဖို႔ အလြယ္တကူမေတြးလိုက္ပါနဲ႔

ဘဝတိုင္း သူ႔တန္ဖိုးနဲ႔သူ ရပ္တည္ေနတာမ်ိဳးမို႔ ေ႐ွ႕ဆက္ဖို႔ ခြန္အားေမြးပါ ရပ္ႏိုင္ေအာင္ စိတ္ဓာတ္ကို
ျပန္တည့္မတ္ပါ။ တေန႔ေန႔ ဒါမွမဟုတ္ တစ္ခ်ိန္ခ်ိန္ေတာ့ ဒဏ္ရာေတြ နာက်င္မႈေတြ ႐ႈံးႏိုမ့္မႈေတြ အမ်ားႀကီးနဲ႔ ဘဝကို ႐ွင္သန္ဖို႔ ေၾကာက္ေလာက္ေအာင္ ၾကံဳေတြ႔ ရႏိုင္ေပမယ့္ စိတ္အားမငယ္ လိုက္ပါနဲ႔ …..

ေပ်ာ္ရႊင္မႈ ေအာင္ျမင္မႈ စိတ္ခ်မ္းေျမ့မႈေတြနဲ႔အတူ ဘဝကိုအေကာင္းဆံုး ႐ွင္သန္သြားႏိုင္မယ့္
အခြင့္အေရးေတြလည္း တစ္ေန႔ေန႔ရိွလာမွာအမွန္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


ရှင်သန်တတ်ဖို့ စိတ်ပျက်အားငယ်နေပြီလား ဘဝဆိုတာ ဒီလိုပါပဲ အဆင်ပြေလိုက် မပြေလိုက်
ပျော်လိုက် ငိုလိုက်အမြဲဖြစ်နေတာမျိုး မဟုတ်လား…

ဘယ်လောကဓံကမှ ကိုယ့်တစ်ယောက်တည်းကို ရိုက်ခတ်နေတာမျိုးမှ မဟုတ်တာ ဒါကြောင့်
အများနည်းတူ တစ်ချိန်ချိန် အဆင်ပြေသွားမှာပါ။ ဝမ်းနည်းနာကျင်နေရပြီလား
မငိုဖူးတဲ့သူ မရှိသလို မပျော်ဖူးတဲ့သူတွေလည်း လောကမှမရှိပါဘူး နာကျင်ရတယ်ဆိုတာလည်း
အချိန်ခဏပါ ဝမ်းနည်းရတယ်ဆိုလည်း ခဏတာပဲ….

ဘယ်သူမှ သေရာပါထိဒဏ်ရာတွေ ယူဆောင်မသွားတတ်ဘူးလေ ဒါကြောင့် တနေ့နေ့ အရာအားလုံး
မေ့ပစ်ကွယ်ပျောက်သွားမှာမျိုးပါ။ ကံကြမ္မာကို အပြစ်ပို့နေပြီလား ဘဝဆိုတာ ဘယ်သူမှ မမြင်နိုင်တဲ့ စာမျက်နှာတွေပါပဲ

မထင်မှတ်တဲ့နေရာက မသိနိုင်အောင် ဝင်လာမယ့် ကံတရား လှည့်ကွက်တွေရှိမြဲပါ မနက်ဖြန်ဟာ
ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူး မဟုတ်လား….. ကံတရားဆိုတာ ကိုယ့်ပြုလုပ်ခဲ့ဖူးတဲ့ အတိတ်ကအကြောင်းအရာတွေမို့ ဘယ်သူမှ ရှောင်ဖယ်သွားလို့ မရနိုင်တာမျိုးဆိုရင် ရင်ဆိုင်ဖို့သာ တွေးလိုက်ပါ။

ရှေ့ဆက်ဖို့ ခက်ခဲနေပြီလား ဘဝဟာ မောပန်းလာတဲ့အခါ ရှင်သန်ရခြင်းကို စိတ်နာနေပြီပေါ့
ဒါဟာဘဝပါပဲ ဘယ်အရာဝတ္တုမျိုးမှ လောကမှာ လွယ်လွယ်နဲ့မရနိုင်ပါဘူး… ဒါကြောင့်လည်း အလွယ်နဲ့ ကိုယ့်ရထားတဲ့ အရာတွေကို ဘဝမှာ စွန့်ပစ်ချန်ထားခဲ့ဖို့ အလွယ်တကူမတွေးလိုက်ပါနဲ့

ဘဝတိုင်း သူ့တန်ဖိုးနဲ့သူ ရပ်တည်နေတာမျိုးမို့ ရှေ့ဆက်ဖို့ ခွန်အားမွေးပါ ရပ်နိုင်အောင် စိတ်ဓာတ်ကို
ပြန်တည့်မတ်ပါ။ တနေ့နေ့ ဒါမှမဟုတ် တစ်ချိန်ချိန်တော့ ဒဏ်ရာတွေ နာကျင်မှုတွေ ရှုံးနိုမ့်မှုတွေ အများကြီးနဲ့ ဘဝကို ရှင်သန်ဖို့ ကြောက်လောက်အောင် ကြုံတွေ့ ရနိုင်ပေမယ့် စိတ်အားမငယ် လိုက်ပါနဲ့ …..

ပျော်ရွှင်မှု အောင်မြင်မှု စိတ်ချမ်းမြေ့မှုတွေနဲ့အတူ ဘဝကိုအကောင်းဆုံး ရှင်သန်သွားနိုင်မယ့်
အခွင့်အရေးတွေလည်း တစ်နေ့နေ့ရှိလာမှာအမှန်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top