ဂ်ပန္ႏိုင္ငံမွာ တစ္ပတ္ကို နာရီ(၆၀) အလုပ္လုပ္ရတာက ပံုမွန္ပါပဲ။ ဂ်ပန္လူမ်ိဳးေတြအေနနဲ႔ အလုပ္ကို အားသြန္ခြန္စိုက္လုပ္ရတဲ့ ဓေလ့ဟာ ဒုတိယကမာၻစစ္ၿပီးကတည္းက အေျခတည္လာတယ္လို႔ ယူဆရပါတယ္။

ထိုအခ်ိန္တုန္းက ၀န္ၾကီးခ်ဳပ္ Shigeru Yoshida ဟာ ႏိုင္ငံရဲ႕ စီးပြားေရးကို ျပန္လည္ေထာင္မတ္ေအာင္ လုပ္ေဆာင္ဖို႔ ဂ်ပန္ကုမၸဏီေတြနဲ႔ ျပည္သူျပည္သားေတြကို တြန္းအားေပးခဲ့ပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာကစတင္ခဲ့တဲ့ အလုပ္ကို ျပင္းျပင္းထန္ထန္ ၾကိဳးစားပမ္းစားလုပ္ရမယ္ဆိုတဲ့ ဒီအယူအဆဟာ ဂ်ပန္လူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈတစ္ခုလိုေတာင္ ျဖစ္ေနၿပီး အခုထိလည္း ဆက္လက္ရွင္သန္ေနဆဲပါ။


ယေန႔အခါမွာေတာ့ ဂ်ပန္က သာမန္လခစား၀န္ထမ္းတစ္ေယာက္ရဲ႕ အလုပ္က်င့္၀တ္ေတြဟာ က်န္းမာေရးထိခိုက္ခ်ိဳ႕ယြင္းေစတဲ့ဘက္ဆီကို ဦးတည္ေနပါတယ္။ လတ္တေလာမွာ ဂ်ပန္ဟာ အလုပ္နဲ႔ ပတ္သက္ၿပီး ႏွလံုးေရာဂါနဲ႔ ဆူဆိုက္ဒ္လုပ္ၿပီး ေသဆံုးမႈေတြ တစစနဲ႔ မ်ားျပားလာပါတယ္။ ဂ်ပန္ႏုိင္ငံသားေတြရဲ႕ အလုပ္ေတြ ပိေနပံု၊ အိပ္ခ်ိန္ေတာင္ ေကာင္းေကာင္းရပံုမေပၚပဲ ၾကံဳရာေနရာမွာပဲ ထိုးအိပ္ၾကပံုေတြကိုေတာ့ ဓာတ္ပံုဆရာတစ္ဦးျဖစ္တဲ့ Pawel Jaszczuk က အခုလို ရိုက္ကူးတင္ျပထားပါတယ္။

Pawel Jaszczuk ဟာ ပိုလန္ႏိုင္ငံဇာတိျဖစ္ေပမယ့္ တိုက်ိဳမွာ ေနလာတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနခဲ့ပါၿပီ။ သူဟာ ပင္ပန္းလြန္းလို႔ လမ္းေဘးမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၾကတဲ့ ရံုး၀န္ထမ္းေတြကို ဓာတ္ပံုရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

Pawel Jaszczuk ကေတာ့ ခုေတြ႔ျမင္ရတဲ့ သူေတြထဲမွာ တခ်ိဳ႕႕လည္း နည္းနည္းပါးပါး ေသာက္ထားစားထားၿပီး အိပ္ေပ်ာ္ေနၾကသူေတြ ရွိသလို တခ်ိဳ႕ကလည္း ဒီအတိုင္း ပင္ပန္းလြန္းလို႔ အိပ္ေပ်ာ္ေနၾကတာပါလို႔ ရွင္းျပခဲ့ပါေသးတယ္။

ဂ်ပန္မွာေတာ့ ညဘက္မွာ အခ်ိန္ပိုအလုပ္လုပ္သူေတြလည္း ရွိတာေၾကာင့္ လမ္းေဘးမွာ အိပ္ေပ်ာ္ေနတာကို လူအဖြဲ႔အစည္းက လက္ခံေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ဂျပန်နိုင်ငံမှာ တစ်ပတ်ကို နာရီ(၆၀) အလုပ်လုပ်ရတာက ပုံမှန်ပါပဲ။ ဂျပန်လူမျိုးတွေအနေနဲ့ အလုပ်ကို အားသွန်ခွန်စိုက်လုပ်ရတဲ့ ဓလေ့ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အခြေတည်လာတယ်လို့ ယူဆရပါတယ်။

ထိုအချိန်တုန်းက ဝန်ကြီးချုပ် Shigeru Yoshida ဟာ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ထောင်မတ်အောင် လုပ်ဆောင်ဖို့ ဂျပန်ကုမ္ပဏီတွေနဲ့ ပြည်သူပြည်သားတွေကို တွန်းအားပေးခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကစတင်ခဲ့တဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားပမ်းစားလုပ်ရမယ်ဆိုတဲ့ ဒီအယူအဆဟာ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပြီး အခုထိလည်း ဆက်လက်ရှင်သန်နေဆဲပါ။


ယနေ့အခါမှာတော့ ဂျပန်က သာမန်လခစားဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ကျင့်ဝတ်တွေဟာ ကျန်းမာရေးထိခိုက်ချို့ယွင်းစေတဲ့ဘက်ဆီကို ဦးတည်နေပါတယ်။ လတ်တလောမှာ ဂျပန်ဟာ အလုပ်နဲ့ ပတ်သက်ပြီး နှလုံးရောဂါနဲ့ ဆူဆိုက်ဒ်လုပ်ပြီး သေဆုံးမှုတွေ တစစနဲ့ များပြားလာပါတယ်။ ဂျပန်နိုင်ငံသားတွေရဲ့ အလုပ်တွေ ပိနေပုံ၊ အိပ်ချိန်တောင် ကောင်းကောင်းရပုံမပေါ်ပဲ ကြုံရာနေရာမှာပဲ ထိုးအိပ်ကြပုံတွေကိုတော့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Pawel Jaszczuk က အခုလို ရိုက်ကူးတင်ပြထားပါတယ်။

Pawel Jaszczuk ဟာ ပိုလန်နိုင်ငံဇာတိဖြစ်ပေမယ့် တိုကျိုမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ သူဟာ ပင်ပန်းလွန်းလို့ လမ်းဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတဲ့ ရုံးဝန်ထမ်းတွေကို ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Pawel Jaszczuk ကတော့ ခုတွေ့မြင်ရတဲ့ သူတွေထဲမှာ တချို့လည်း နည်းနည်းပါးပါး သောက်ထားစားထားပြီး အိပ်ပျော်နေကြသူတွေ ရှိသလို တချို့ကလည်း ဒီအတိုင်း ပင်ပန်းလွန်းလို့ အိပ်ပျော်နေကြတာပါလို့ ရှင်းပြခဲ့ပါသေးတယ်။

ဂျပန်မှာတော့ ညဘက်မှာ အချိန်ပိုအလုပ်လုပ်သူတွေလည်း ရှိတာကြောင့် လမ်းဘေးမှာ အိပ်ပျော်နေတာကို လူအဖွဲ့အစည်းက လက်ခံကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top