
ချစ်ပရိသတ်တွေအတွက် နွမ်းပါးလွန်းတဲ့ အဖိုးကို ကူညီခဲ့တဲ့ စူးရှထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Credit:thutasone
Source : momolay
#Unicode Version#
အရမ်းကိုမိုက်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ပျော်ပျော်နေတတ်သူလေးမို့ လက်ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားပုံရိပ်တွေကို ဝေမျှပေးလေ့ရှိတဲ့ စူးရှထက်က လတ်တလောမှာ မြန်မာပလာဇာနားက ပဲမုန့်ရောင်းတဲ့ အဖိုးဆီသွားပြီး ပဲမုန့်တွေအကုန်ဝယ်ပြီး အလှူငွေလှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ချစ်ပရိသတ်တွေအတွက် နွမ်းပါးလွန်းတဲ့ အဖိုးကို ကူညီခဲ့တဲ့ စူးရှထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။
စူးရှထက်ကတော့ “မုန့်တွေလည်းအကုန်ဝယ်ခဲ့တယ် ကျန်းမာရေး နဲ့လိုရာသုံးဖို့ တတ်နိုင်သလောက်၁သိန်းလည်း လှူခဲ့တယ် ☺” ဆိုပြီး သူမရဲ့အလှူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
စူးရှထက်ကတော့ အဖိုးဆီက ပဲမုန့်တွေဝယ်ပြီး နွမ်းပါးတဲ့သူတစ်ချို့ကို မုန့်တွေ ပြန်ဝေခဲ့တာပါ။
စူးရှထက်ကတော့ ပြီးခဲ့တဲ့ သူမရဲ့ နာကျင်စရာအတိတ်တွေကိုမေ့ထားပြီး လတ်တလောမှာ အနုပညာအလုပ်တွေ အကောင်းဆုံးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သီချင်း MVတွေမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သူမရဲ့လုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူလေးပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကိုစိတ်ထားကောင်းတဲ့ စူးရှထက်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
Source : momolay