20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


လီဆူတိုင္းရင္းသား ႐ိုးရာယဥ္ေက်းမႈ အေမြအႏွစ္မ်ား၊ဓေလ့ထုံးတမ္းမ်ားႏွင့္စာေပျမႇင့္တင္ႏိုင္ေရး အတြက္ လီဆူစာေပ ဆရာအတတ္သင္ မြမ္းမံသင္တန္းကို  မတ္၂၅ ရက္မွ ဧၿပီ ၄ ရက္အထိ မိုးကုတ္ၿမိဳ႕တြင္ ဖြင့္လွစ္သင္ၾကားေပးေနသည္။

ယခုသင္တန္းကို လီဆူစာေပႏွင့္ယဥ္ေက်းမႈအသင္းက ဦးေဆာင္ဖြင့္လွစ္ျခင္းျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး၊ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ေတာင္းပိုင္းတို႔တြင္ ေနထိုင္သည့္ လီဆူတိုင္းရင္းသား၊တိုင္းရင္းသူ  ၁၀၀ ဦးေက်ာ္ လာေရာက္သင္ၾကားေနျခင္းျဖစ္သည္။

"ကြၽန္ေတာ္တို႔က ဒီမိမိရဲ႕ဘာသာစကား၊ မိမိတို႔ရဲ႕ ႐ိုးရာဓေလ့၊ မိမိတို႔ရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ေပါ့ေနာ္။ေကာင္းႏိုးရာရာ အစဥ္အလာေတြကို ကြၽန္ေတာ္တို႔က ထိန္းသိမ္းရမယ္။ ဒီလိုထိန္းသိမ္းႏိုင္ဖို႔အတြက္လည္း ဘာသာစကားမေပ်ာက္ဖို႔ လိုတယ္။ေနာက္တစ္ခုက စာေပရွွိမွ။

လီဆူမ်ိဳးဆက္ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းႏိုင္ဖို႔ လက္ဆင့္ကမ္း ကြၽန္ေတာ္တို႔က ေရွးဘိုးဘြား ဘိုးစဥ္ေဘာင္ဆက္က ဆင္းသက္လာတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ေကာင္းေတြကို ကြၽန္ေတာ္တို႔က ဒါကမာၻတည္သေ႐ြ႕ေအာင္ေပါ့ဗ်ာ။လီဆူမ်ိဳးႏြယ္တည္သေ႐ြ႕ ကြၽန္ေတာ္တို႔က မပေပ်ာက္ေအာင္ လက္ဆင့္ကမ္းေပးခ်င္လို႔ ဒီလိုသင္တန္းမ်ိဳး ကြၽန္ေတာ္တို႔က လုပ္ရတာပါ။"ဟု လီဆူစာေပႏွင့္ယဥ္ေက်းမႈအသင္း နာယက ဦးမ်ိဳးျမင့္ကေျပာသည္။

သင္တန္းမွ သင္ယူသြားသည့္ လီဆူစာေပမ်ားကို မိမိေနထိုင္ရာေဒသသို႔ ျပန္လည္ေရာက္ရွိသြားပါက လက္ဆင့္ကမ္း ျပန္လည္သင္ၾကားေပးႏိုင္ရန္အတြက္ လိုအပ္သည္မ်ားကို လီဆူစာေပႏွင့္ယဥ္ေက်းမႈအသင္းက ကူညီေထာက္ပ့ံေပးသြားမည္ဟုလည္း သိရသည္။

လီဆူစာေပသင္ၾကားေရး တာဝန္ခံ ဦးခ်စ္ေအးက"အခုသင္ထားတဲ့ ကြၽန္ေတာ့္ကေလးေတြ ကြၽန္ေတာ့္ကေလးေတြကတဆင့္ သူတို႔ကေမြးလာမယ့္ သားသမီးေတြကတဆင့္၊  ေနာက္ၿပီး သူတို႔သားသမီးေတြက ေမြးလာမယ့္ ေျမးေတြကတဆင့္ ၊ အဆင့္ အဆင့္ ကြၽန္ေတာ္တို႔လက္ဆင့္ ကမ္းဖို႔အတြက္ ရည္႐ြယ္ၿပီး စိတ္ထဲကေနမွ ဒီကေလးေတြကို ကြၽန္ေတာ္က အမ်ားႀကီးလည္း ေမွ်ာ္လင့္ထားပါတယ္။

ကိုယ့္လီဆူလူမ်ိဳးရဲ႕ တာဝန္ကို ပုခုံးေျပာင္းထမ္းေဆာင္မယ့္ ကေလးေတြလို႔ ယူဆၿပီးေတာ့ ဒီပညာကိုလည္း ကြၽန္ေတာ္တို႔ ႏွစ္ႏွစ္ကာကာ၊ ေကာင္းေကာင္းမြန္မြန္ ၊ ထိထိေရာက္ေရာက္ သင္ၾကားေပးေနပါတယ္။"ဟုေျပာသည္။

ရွမ္းျပည္ေျမာက္ပိုင္း၊ မိုးမိတ္ၿမိဳ႕နယ္မွ လာေရာက္ေသာ သင္တန္းသူ မဟဲမဆာက မိမိေက်း႐ြာသို႔ ျပန္လည္ေရာက္ရွိပါက လီဆူစာေပ မတတ္ေသးသည့္သူမ်ားကို ျပန္လည္သင္ၾကားေပးသြားမည့္ဟု ဆိုသည္။

လီဆူစာေပသင္တန္းမ်ားကို တစ္ႏွစ္လွ်င္ တစ္ႀကိမ္ဖြင့္လွစ္သြားမည္ ျဖစ္သည့္အတြက္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္လည္း လိုအပ္သည္မ်ား ကူညီေထာက္ပ့ံေပးေစခ်င္ေၾကာင္း လီဆူတိုင္းရင္းသားေခါင္းေဆာင္မ်ားက ဆိုၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


လီဆူတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ဓလေ့ထုံးတမ်းများနှင့်စာပေမြှင့်တင်နိုင်ရေး အတွက် လီဆူစာပေ ဆရာအတတ်သင် မွမ်းမံသင်တန်းကို  မတ်၂၅ ရက်မှ ဧပြီ ၄ ရက်အထိ မိုးကုတ်မြို့တွင် ဖွင့်လှစ်သင်ကြားပေးနေသည်။

ယခုသင်တန်းကို လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်းပိုင်းတို့တွင် နေထိုင်သည့် လီဆူတိုင်းရင်းသား၊တိုင်းရင်းသူ  ၁၀၀ ဦးကျော် လာရောက်သင်ကြားနေခြင်းဖြစ်သည်။

"ကျွန်တော်တို့က ဒီမိမိရဲ့ဘာသာစကား၊ မိမိတို့ရဲ့ ရိုးရာဓလေ့၊ မိမိတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ပေါ့နော်။ကောင်းနိုးရာရာ အစဉ်အလာတွေကို ကျွန်တော်တို့က ထိန်းသိမ်းရမယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက်လည်း ဘာသာစကားမပျောက်ဖို့ လိုတယ်။နောက်တစ်ခုက စာပေရှိမှ။

လီဆူမျိုးဆက် မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့ လက်ဆင့်ကမ်း ကျွန်တော်တို့က ရှေးဘိုးဘွား ဘိုးစဉ်ဘောင်ဆက်က ဆင်းသက်လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်ကောင်းတွေကို ကျွန်တော်တို့က ဒါကမ္ဘာတည်သရွေ့အောင်ပေါ့ဗျာ။လီဆူမျိုးနွယ်တည်သရွေ့ ကျွန်တော်တို့က မပပျောက်အောင် လက်ဆင့်ကမ်းပေးချင်လို့ ဒီလိုသင်တန်းမျိုး ကျွန်တော်တို့က လုပ်ရတာပါ။"ဟု လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးမျိုးမြင့်ကပြောသည်။

သင်တန်းမှ သင်ယူသွားသည့် လီဆူစာပေများကို မိမိနေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိသွားပါက လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည်များကို လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းက ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း သိရသည်။

လီဆူစာပေသင်ကြားရေး တာဝန်ခံ ဦးချစ်အေးက"အခုသင်ထားတဲ့ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကလေးတွေကတဆင့် သူတို့ကမွေးလာမယ့် သားသမီးတွေကတဆင့်၊  နောက်ပြီး သူတို့သားသမီးတွေက မွေးလာမယ့် မြေးတွေကတဆင့် ၊ အဆင့် အဆင့် ကျွန်တော်တို့လက်ဆင့် ကမ်းဖို့အတွက် ရည်ရွယ်ပြီး စိတ်ထဲကနေမှ ဒီကလေးတွေကို ကျွန်တော်က အများကြီးလည်း မျှော်လင့်ထားပါတယ်။

ကိုယ့်လီဆူလူမျိုးရဲ့ တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်မယ့် ကလေးတွေလို့ ယူဆပြီးတော့ ဒီပညာကိုလည်း ကျွန်တော်တို့ နှစ်နှစ်ကာကာ၊ ကောင်းကောင်းမွန်မွန် ၊ ထိထိရောက်ရောက် သင်ကြားပေးနေပါတယ်။"ဟုပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှ လာရောက်သော သင်တန်းသူ မဟဲမဆာက မိမိကျေးရွာသို့ ပြန်လည်ရောက်ရှိပါက လီဆူစာပေ မတတ်သေးသည့်သူများကို ပြန်လည်သင်ကြားပေးသွားမည့်ဟု ဆိုသည်။

လီဆူစာပေသင်တန်းများကို တစ်နှစ်လျှင် တစ်ကြိမ်ဖွင့်လှစ်သွားမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်သည်များ ကူညီထောက်ပံ့ပေးစေချင်ကြောင်း လီဆူတိုင်းရင်းသားခေါင်းဆောင်များက ဆိုကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top