မေလးႏုိင္ငံတြင္ အလုပ္လုပ္ကိုင္ရင္း လက္တစ္ဖက္ဆံုးရႈံးခ့ဲသူ ေတာင္တြင္းႀကီးၿမိဳ႕နယ္ စံျပေက်းရြာေနသူတစ္ဦးကုိ မေလးရွားႏုိင္ငံ ဂ်ိဴဟိုးၿမိဳ႕ ျမန္မာမ်ားဖြဲ႔စည္းထားေသာ အေသာက က်န္းမာေရးေဖာင္ေဒးရွင္းက က်ပ္သိန္း ၈၀ ခန္႔ ေထာက္ပံ့ေပးခဲ့ေၾကာင္း ယင္းေဖာင္ေဒးရွင္းထံမွ သိရသည္။

ယင္းေက်းရြာေန ကိုျမင့္ေက်ာ္သည္ ၂၀၁၅ ခုႏွစ္က မေလးရွားႏုိင္ငံ စားအုန္းဆီစက္ရံု၌ သြားေရာက္အလုပ္လုပ္ကိုင္ရာ ၂၀၁၈၊ ေအာက္တိုဘာအတြင္း၌ လုပ္ငန္းခြင္ထိခုိက္မႈေၾကာင့္ ညာဘက္လက္ေမာင္းရင္းအထိ လက္တစ္ဘက္လံုး ျပတ္ပါသြားကာ မိသားစု စားဝတ္ေနေရးအခက္အခဲျဖစ္၍ ယင္းေဖာင္ေဒးရွင္းႏွင့္ ဆက္သြယ္ အကူအညီေတာင္းခံခဲ့ေၾကာင္း ကာယံရွင္ ဦးျမင့္ေက်ာ္က ေျပာၾကားသည္။

ယင္းေဖာင္ေဒးရွင္းက မေလးရွားႏုိင္ငံတြင္ ေရာက္ေနေသာ ျမန္မာႏုိင္ငံသား အမွန္တကယ္ျဖစ္ပါက လူမ်ိဳး၊ ဘာသာမေရြး မည္သူမဆို က်န္းမာေရးနွင့္ ပတ္သက္ေသာ ကူညီေထာက္ပ့ံမႈမ်ား ေဆာင္ရြက္ရန္အတြက္ အဓိကရည္ရြယ္ဖြဲ႕စည္းထား၍ ထိုက္တန္ေသာ ကူညီမႈမ်ားေပးႏုိင္ေရး ႀကိဳးစားေနေၾကာင္း အေသာက က်န္းမာေရးေဖာင္ေဒးရွင္းအဖြဲ႔မွ ကိုေအာင္သူရက ေျပာၾကားသည္။

လက္တစ္ဖက္ဆုံးရႈံးခဲ့သူ ကုိျမင့္ေက်ာ္တြင္ မိသားစုဝင္ ၅ ဦးရွိၿပီး ေထာက္ပံ့ေငြျဖင့္ ဆိတ္၊ ႏြားမ်ားေမြးျမဴၿပီး မိသားစုစားဝတ္ေနေရး ဆက္လက္လုပ္ကုိင္မည္ျဖစ္ေၾကာင္း၊ အေသာကေဖာင္ေဒးရွင္းက ၎အတြက္ေထာက္ပံ့ေငြကုိ မတ္လ ၃၁ ရက္က ေနအိမ္သုိ႔ လာေရာက္ေထာက္ပံ့လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ယင္းေဖာင္ေဒးရွင္းႏွင့္ ကာယကံရွင္ ဦးျမင့္ေက်ာ္ထံမွ သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice
ဓာတ္ပံု - KZY
#Unicode Version#

မလေးနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း လက်တစ်ဖက်ဆုံးရှုံးခဲ့သူ တောင်တွင်းကြီးမြို့နယ် စံပြကျေးရွာနေသူတစ်ဦးကို မလေးရှားနိုင်ငံ ဂျိူဟိုးမြို့ မြန်မာများဖွဲ့စည်းထားသော အသောက ကျန်းမာရေးဖောင်ဒေးရှင်းက ကျပ်သိန်း ၈၀ ခန့် ထောက်ပံ့ပေးခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

ယင်းကျေးရွာနေ ကိုမြင့်ကျော်သည် ၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံ စားအုန်းဆီစက်ရုံ၌ သွားရောက်အလုပ်လုပ်ကိုင်ရာ ၂၀၁၈၊ အောက်တိုဘာအတွင်း၌ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ညာဘက်လက်မောင်းရင်းအထိ လက်တစ်ဘက်လုံး ပြတ်ပါသွားကာ မိသားစု စားဝတ်နေရေးအခက်အခဲဖြစ်၍ ယင်းဖောင်ဒေးရှင်းနှင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း ကာယံရှင် ဦးမြင့်ကျော်က ပြောကြားသည်။

ယင်းဖောင်ဒေးရှင်းက မလေးရှားနိုင်ငံတွင် ရောက်နေသော မြန်မာနိုင်ငံသား အမှန်တကယ်ဖြစ်ပါက လူမျိုး၊ ဘာသာမရွေး မည်သူမဆို ကျန်းမာရေးနှင့် ပတ်သက်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်ဖွဲ့စည်းထား၍ ထိုက်တန်သော ကူညီမှုများပေးနိုင်ရေး ကြိုးစားနေကြောင်း အသောက ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့မှ ကိုအောင်သူရက ပြောကြားသည်။

လက်တစ်ဖက်ဆုံးရှုံးခဲ့သူ ကိုမြင့်ကျော်တွင် မိသားစုဝင် ၅ ဦးရှိပြီး ထောက်ပံ့ငွေဖြင့် ဆိတ်၊ နွားများမွေးမြူပြီး မိသားစုစားဝတ်နေရေး ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အသောကဖောင်ဒေးရှင်းက ၎င်းအတွက်ထောက်ပံ့ငွေကို မတ်လ ၃၁ ရက်က နေအိမ်သို့ လာရောက်ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းနှင့် ကာယကံရှင် ဦးမြင့်ကျော်ထံမှ သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
ဓာတ်ပုံ - KZY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top