


Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ မတ်လ ၇ ရက်က ရာသီဥတု အခြေအနေ ဆိုးရွားတာကြောင့် လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့ပါတယ်။

ဒါးလက်စ်မြို့ အရှေ့တောင်ဘက်က အယ်တိုမြို့မှာ တင်းနစ်ဘောလုံးအရွယ်ထက် ပိုကြီးတဲ့ မိုးသီးတွေ ကြွေကျခဲ့တဲ့ ဓာတ်ပုံတွေ ရုပ်သံဖိုင်တွေဟာ လူမှုမီဒီယာ စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မုန်တိုင်းကြောင့် အဲဒီဒေသမှာ မိုးများနိုင်ပြီး လေပွေတွေ တိုက်ခတ်ရာကနေ အသေးစား လေဆင်နှာမောင်းအဆင့်ထိ တိုးလာနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ဟောကိန်းထုတ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top