ပ်ဥ္​းမနားၿမိဳ႕ခံ “စိုး”လ်ွပ္​စစ္​​ေဖာင္​​ေဒး႐ွင္​း ဥကၠဌႀကီး ဦးစိုးတင္​့ မိသားစုမွ ! ငလိုက္​​ေခ်ာင္း တံတားႄကီး အသစ္​ဆာက္လုပ္ရန္ ​​​နိုင္​ငံ​ေတာ္​သို႔ သိန္​း​ေပါင္​း ၂ ​ေသာင္​းခဲြလွဴဒါန္​းမႈျဖင္​့ တံတားအသစ္​ႀကီး တည္​​ေဆာက္​​ေနၿပီ။

ျမန္​မာႏိုင္​ငံ၏အုပ္​ခ်ဳပ္​​ေရးၿမိဳ႕​ေတာ္​၊ ျပည္​​ေထာင္​စုနယ္​​ေျမ ​ေနျပည္​​ေတာ္​ ပ်ဥ္​းမနားၿမိဳ႕၏ အဓိကအခ်က္​အခ်ာက်သည္​့ ရန္​ကုန္​+မႏၱ​ေလး ကားလမ္​း​ေဟာင္​းလမ္​းမႀကီး ငလိုက္​​ေခ်ာင္​းကူး တံတားႀကီးသည္​ ယခုအခါတြင္​ ႏွစ္​ကာလၾကာျမင္​့သည္​ႏွင္​့အမ်ွ တံတား၏ၾကံ့ခိုင္​မႈ အားနည္​းလာသည္​ျဖစ္​ရာ …

အဆိုပါမူလတံတား၏ အ​ေနာက္​ဘက္​တြင္​ ​ေလးလမ္​းသြား ကြန္​ကရစ္​တံတားအသစ္​အား ယခု ဧၿပီလ ၁ ရက္​​ေန႔ နံနက္​ပိုင္​းတြင္​ ပႏၷက္​႐ိုက္​ကာတည္​​ေဆာက္​လ်က္​ရိွ​ေၾကာင္​း သိရသည္​။

ယခု အသစ္​တည္​​ေဆာက္​လ်က္​ရိွ​ေသာ တံတားသည္​ အ႐ွည္​​ေပ ၃၄၅ ​ေပ၊ အက်ယ္​ ၆၂ ​ေပ ၄ လက္​မ ျဖစ္​ၿပီး တံတား၏​ေဘးတစ္​ဖက္​တစ္​ခ်က္​စီတြင္​ ၆ ​ေပ က်ယ္​ လူသြားလမ္​း ႏွစ္​လမ္​းပါရိွမည္​ျဖစ္​ကာ …..

တံတားသစ္​ ​ေဆာက္​လုပ္​​ေရး လုပ္​ငန္​းခြင္​တြင္​ တန္ ၄၀ ရိွ​Crane ကရိန္​း(Hitachi KH-150 Crone) တစ္​စီး၊ တန္​ ၇၀ (SUMITOMO LS-138 RHD Crone)တစ္​စီး၊ Back Hoe(Exnvator Liebherr- 926) တစ္​စီးတို႔ျဖင္​့ တည္​​ေဆာက္​လ်ွက္​ရိွၿပီး ….

ပထမအဆင္​့ တံတားအသစ္​ကို ၂လမ္​းသြားၿပီးစီး​ေအာင္​ တည္​​​​ေဆာက္​ၿပီးစီးသည္​ႏွင္​့ မူလတံတား​ေဟာင္​းအား ဖ်က္​ျပစ္​မည္​ျဖစ္​ေ​ၾကာင္​းး ​ေလးလမ္​းသြားတံတားသစ္​အား ၂၀၂၁ ခုႏွစ္​ ​ေဖ​ေဖာ္​ဝါရီလတြင္​ အၿပီးတည္​​ေဆာက္​ဖြင္​့လွစ္​သြားမည္​ ျဖစ္​​ေၾကာင္​း တံတားသစ္​တည္​​ေဆာက္​​ေရးမွ တာဝန္​ရိွသူတစ္​ဦးက ႐ွင္​းျပသည္​။

ငလိုက္​​ေခ်ာင္​း​ေလးလမ္​းသြား ကြန္​ကရစ္​တံတားသစ္​ကို ပ်ဥ္​းမနား ဇာတိခံ “စိုး”လ်ွပ္​စစ္​​ေဖာင္​​ေဒး႐ွင္​း ဥကၠဌ ဦးစိုးတင္​့ မိသားစုမွ ႏိုင္​ငံ​ေတာ္​သို႔ သိန္​း​ေပါင္​း ၂ ​ေသာင္​းခဲြ ​ေပးအပ္​လွဴ ဒါန္​းကာ ​ေနျပည္​​ေတာ္​​ေကာင္​စီ၏ ႀကီးၾကပ္​ လမ္​းၫႊန္​မႈျဖင္​့ သက္​ဆိုင္​ရာဌာနမ်ားမွ ဝိုင္​းဝန္​းပံ့ပိုး ကူညီ​ေဆာင္​ရြက္​ကာ ​ေရႊ​ေတာင္​ဖံြ႔ၿဖိဳးတိုးတက္​မႈ ကုမၸဏီလီမိတက္​မွ တာဝန္​ယူတည္​​ေဆာက္​​ေနျခင္​း ျ​ဖစ္​​ေၾကာင္​း သိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:-ျမန္​မာ့အလင္​း

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျဉ်းမနားမြို့ခံ “စိုး”လျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌကြီး ဦးစိုးတင့် မိသားစုမှ ! ငလိုက်ချောင်း တံတားကြီး အသစ်ဆာက်လုပ်ရန် နိုင်ငံတော်သို့ သိန်းပေါင်း ၂ သောင်းခွဲလှူဒါန်းမှုဖြင့် တံတားအသစ်ကြီး တည်ဆောက်နေပြီ။

မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့၏ အဓိကအချက်အချာကျသည့် ရန်ကုန်+မန္တလေး ကားလမ်းဟောင်းလမ်းမကြီး ငလိုက်ချောင်းကူး တံတားကြီးသည် ယခုအခါတွင် နှစ်ကာလကြာမြင့်သည်နှင့်အမျှ တံတား၏ကြံ့ခိုင်မှု အားနည်းလာသည်ဖြစ်ရာ …

အဆိုပါမူလတံတား၏ အနောက်ဘက်တွင် လေးလမ်းသွား ကွန်ကရစ်တံတားအသစ်အား ယခု ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပန္နက်ရိုက်ကာတည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယခု အသစ်တည်ဆောက်လျက်ရှိသော တံတားသည် အရှည်ပေ ၃၄၅ ပေ၊ အကျယ် ၆၂ ပေ ၄ လက်မ ဖြစ်ပြီး တံတား၏ဘေးတစ်ဖက်တစ်ချက်စီတွင် ၆ ပေ ကျယ် လူသွားလမ်း နှစ်လမ်းပါရှိမည်ဖြစ်ကာ …..

တံတားသစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တန် ၄၀ ရှိCrane ကရိန်း(Hitachi KH-150 Crone) တစ်စီး၊ တန် ၇၀ (SUMITOMO LS-138 RHD Crone)တစ်စီး၊ Back Hoe(Exnvator Liebherr- 926) တစ်စီးတို့ဖြင့် တည်ဆောက်လျှက်ရှိပြီး ….

ပထမအဆင့် တံတားအသစ်ကို ၂လမ်းသွားပြီးစီးအောင် တည်ဆောက်ပြီးစီးသည်နှင့် မူလတံတားဟောင်းအား ဖျက်ပြစ်မည်ဖြစ်ကြောင်းး လေးလမ်းသွားတံတားသစ်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တံတားသစ်တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ငလိုက်ချောင်းလေးလမ်းသွား ကွန်ကရစ်တံတားသစ်ကို ပျဉ်းမနား ဇာတိခံ “စိုး”လျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌ ဦးစိုးတင့် မိသားစုမှ နိုင်ငံတော်သို့ သိန်းပေါင်း ၂ သောင်းခွဲ ပေးအပ်လှူ ဒါန်းကာ နေပြည်တော်ကောင်စီ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ကာ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:-မြန်မာ့အလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top