ၿမန္မာေ႐ႊရတဲ့ စကိတ္ကစားနည္းမွာ ေရခဲျပင္စကိတ္မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံေတြခ်ည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရ တာျဖစ္ၿပီး ဘရာဇီး၊အာဂ်င္တီးနားတို႔ကို ေက်ာ္ျဖတ္ရယူႏိုင္ခဲ့တာပါ။

ေတာင္ကိုရီးယားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ကမာၻ႔ ေရခဲျပင္ စကိတ္ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံက အားကစားသမား ၃ ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ေရခဲျပင္ စကိတ္အမ်ိဳးအစားေပါင္း ၁၀ မ်ိဳး ထည့္သြင္းက်င္းပခဲ့တဲ့ အဆိုပါၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံက short track speed ၿပိဳင္ပြဲ တစ္မ်ိဳးတည္းကိုသာ ဝင္ၿပိဳင္ခဲ့တာပါ။

မေန႔က ေျခစစ္ပြဲစဥ္မွာ ျမန္မာကစားသမား ၃ ဦးအေနနဲ႔ ေအာင္ျမင္စြာ ကစားႏိုင္ခဲ့လို႔ ဒီကေန႔ မနက္ပိုင္းမွာ က်င္းပတဲ့ ဗိုလ္လုပြဲအဆင့္ကို ၃ ဦးစလုံး တက္ေရာက္ကစားႏိုင္ခဲ့ပါတယ္။

ဗိုလ္လုပြဲမွာေတာ့ ျမန္မာက မင္းသုခက ပထမ ေ႐ႊတံဆိပ္ဆုကို ရရွိခဲ့ၿပီး ဒုတိယဆုကိုေတာ့ သီရိလကၤာက ရရွိခဲ့ကာ တတိယဆုကိုေတာ့ ျမန္မာကပင္ ေကာင္းသန႔္က ဆြတ္ခူးခဲ့တာပါ။

အခု ျမန္မာအသင္း ေ႐ႊရခဲ့တဲ့ ၿပိဳင္ပြဲအမ်ိဳးအစားမွာ ကမာၻ႔ႏိုင္ငံ ၁၅ ႏိုင္ငံက ကစားသမားေတြ ပါဝင္ခဲ့ၿပီး ဒီ ၿပိဳင္ပြဲ အမ်ိဳးအစားကေတာ့ ေရခဲျပင္စကိတ္မဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံေတြကိုသာ ပါဝင္ယွဥ္ၿပိဳင္ေစခဲ့တာ ျဖစ္တာေၾကာင့္လည္း အိမ္ရွင္ေတာင္ကိုရီးယားမပါဝင္ခဲ့ေပ။

“ကြၽန္ေတာ္တို႔အေနနဲ႔ အခုၿပိဳင္ပြဲအတြက္ MSA ရဲ႕ အဖြဲ႕ဝင္ skater အေယာက္ ၁၀၀ ထဲက စိစစ္ေ႐ြးခ်ယ္ၿပီးမွ ေစလႊတ္ခဲ့တာပါ။မူလေ႐ြးခ်ယ္တုန္းက ကစားသမားေတြကို အသက္ ၁၃ ႏွစ္နဲ႔ ၁၆ ႏွစ္ၾကားကေလးငယ္ေတြကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ တစ္ကယ္လည္း ၿပိဳင္ပြဲက်င္းပေရာ ၁၈ ႏွစ္ေအာက္ျဖစ္ေနခဲ့လို႔ တတိယရတဲ့ ကေလးဆိုရင္ ၁၃ ႏွစ္ပဲ ရွိပါေသးတယ္။ ပထမဆုရတဲ့ကေလးက ၁၆ ႏွစ္ပါ။” လို႔ ျမန္မာႏိုင္ငံ စကိတ္စီးအားကစားအသင္း ဥကၠဌ ဦးလြင္လတ္က ေျပာပါတယ္။

ကမာၻ႔ စကိတ္ၿပိဳင္ပြဲကို ကမာၻ႔ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ျမန္မာအသင္း ပါဝင္ယွဥ္ၿပိဳင္တဲ့ အမ်ိဳးအစားမွာဆိုရင္ ဘရာဇီး၊အာဂ်င္တီးနားက ကစားသမားေတြလည္း ပါဝင္ခဲ့တယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာရွှေရတဲ့ စကိတ်ကစားနည်းမှာ ရေခဲပြင်စကိတ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေချည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရ တာဖြစ်ပြီး ဘရာဇီး၊အာဂျင်တီးနားတို့ကို ကျော်ဖြတ်ရယူနိုင်ခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့ ရေခဲပြင် စကိတ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားသမား ၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ရေခဲပြင် စကိတ်အမျိုးအစားပေါင်း ၁၀ မျိုး ထည့်သွင်းကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံက short track speed ပြိုင်ပွဲ တစ်မျိုးတည်းကိုသာ ဝင်ပြိုင်ခဲ့တာပါ။

မနေ့က ခြေစစ်ပွဲစဉ်မှာ မြန်မာကစားသမား ၃ ဦးအနေနဲ့ အောင်မြင်စွာ ကစားနိုင်ခဲ့လို့ ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ဗိုလ်လုပွဲအဆင့်ကို ၃ ဦးစလုံး တက်ရောက်ကစားနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ မြန်မာက မင်းသုခက ပထမ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ သီရိလင်္ကာက ရရှိခဲ့ကာ တတိယဆုကိုတော့ မြန်မာကပင် ကောင်းသန့်က ဆွတ်ခူးခဲ့တာပါ။

အခု မြန်မာအသင်း ရွှေရခဲ့တဲ့ ပြိုင်ပွဲအမျိုးအစားမှာ ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံက ကစားသမားတွေ ပါဝင်ခဲ့ပြီး ဒီ ပြိုင်ပွဲ အမျိုးအစားကတော့ ရေခဲပြင်စကိတ်မဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုသာ ပါဝင်ယှဉ်ပြိုင်စေခဲ့တာ ဖြစ်တာကြောင့်လည်း အိမ်ရှင်တောင်ကိုရီးယားမပါဝင်ခဲ့ပေ။

“ကျွန်တော်တို့အနေနဲ့ အခုပြိုင်ပွဲအတွက် MSA ရဲ့ အဖွဲ့ဝင် skater အယောက် ၁၀၀ ထဲက စိစစ်ရွေးချယ်ပြီးမှ စေလွှတ်ခဲ့တာပါ။မူလရွေးချယ်တုန်းက ကစားသမားတွေကို အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်ကြားကလေးငယ်တွေကို ရွေးချယ်ခဲ့ပေမယ့် တစ်ကယ်လည်း ပြိုင်ပွဲကျင်းပရော ၁၈ နှစ်အောက်ဖြစ်နေခဲ့လို့ တတိယရတဲ့ ကလေးဆိုရင် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ပထမဆုရတဲ့ကလေးက ၁၆ နှစ်ပါ။” လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်း ဥက္ကဌ ဦးလွင်လတ်က ပြောပါတယ်။

ကမ္ဘာ့ စကိတ်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၃၂ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးအစားမှာဆိုရင် ဘရာဇီး၊အာဂျင်တီးနားက ကစားသမားတွေလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top