သင္နဲ႔သူခ်စ္ခဲ့ၾကတဲ့ ခ်စ္သက္တမ္းက ဘာမွထိုက္တန္တဲ့ အမွတ္တရမ႐ွိခဲ့ရင္ ဘာလို႔ ျပန္ဆံုေတြ႔ၾကဦးမလဲ… ဒီလို ျပန္ေတြ႔ဆံုမႈက ေပ်ာ္႐ႊင္ျခင္းေတြ သယ္ေပးလာႏိုင္မွာ မဟုတ္ပါဘူး။

သူရုပ္က်ၿပီး ဘဝက သူထင္သလို ျဖစ္မေနခဲ့တာကို သင္ျမင္ေတာ့ သူနဲ႔သင္လမ္းခဲြခဲ့တာ သိပ္ကံေကာင္းတယ္လို႔ သင္ထင္တယ္။ ဒါေပမယ့္ သူနဲ႔ျပန္လည္ဆံုေတြ႔ၿပီးေနာက္ သြားပါဦးမယ္ေနာ္လို႔ သင္ႏႈတ္ဆက္ေတာ့ ကိုယ္ခ်င္းမစာနာတဲ့ကိုယ့္ကိုယ္ကိုယ္ သင္အားနာမိျပန္တယ္။ ဒီလို ခံစားခ်က္က ခံစားရခက္တာမို႔ ဘာလို႔ ျပန္လည္ဆံုေတြ႔ၾကဦးမလဲ..

သူနဲ႔ သင္ျပန္ဆံုတယ္။ သူက ေအာင္ျမင္တိုးတက္လို႔။ သင့္ဘဝက သင္ထင္သလို ျဖစ္မေနဘူး။ သူနဲ႔လမ္းခဲြၿပီးေနာက္ မေပ်ာ္႐ႊင္တဲ့သင့္ဘဝကို သူျမင္သြားလို႔ သင့္ရဲ႕ မိမိကိုယ္ကိုေလးစားစိတ္ေတြ ဘယ္နားသြားထားရမွန္းမသိ ျဖစ္တယ္။ ဒီလိုဆို ဘာလို႔ ျပန္လည္ဆံုေတြ႔ၾကဦးမလဲ…

ေသြးသားထဲစဲြထင္ေနတဲ့ အတိတ္က အမွတ္တရေၾကာင့္ သူ႔ကို သင္သတိရတတ္တယ္။ အခုခ်ိန္မွာ သူဘယ္လိုမ်ားျဖစ္ေနမလဲ၊ အဆင္ေျပရဲ႕လားလို႔လည္း သင္သိခ်င္တယ္။ အရင္တုန္းက အတူသြားခဲ့ဖူးတဲ့ေနရာေရာက္တိုင္း သင့္ရင္ ခုန္မိတတ္ေသးတယ္။ “သူ႔ကိုဒီေနရာမွာ ေတြ႔မိဦးမလား” လို႔ သင္ေတြးတတ္တယ္။ တကယ္လို႔ ဒီလိုခံစားခ်က္မ်ဳိး ႐ွိေနေသးတယ္ဆိုရင္ အေကာင္းဆံုးက က်န္႐ွိေနေသးတဲ့ဘဝမွာ သူနဲ႔ သင္ထပ္မဆံုေတြ႔ပါနဲ႔။

သူ႔ကို သင္ဘယ္ေတာ့မွ ျပန္မဆံုေတြ႔ေတာ့ လွပတဲ့အတိတ္ကလည္း သင့္ရင္မွာ တစ္သက္လံုးကိန္းေအာင္းတယ္။ တကယ္လို႔ သူနဲ႔ ျပန္ဆံုေတြ႔ရင္ ဒီလိုျဖစ္ခ်င္မွလည္း ျဖစ္လိမ့္မယ္။ သူက အရင္ကသူ မဟုတ္ေတာ့ဘူး။ အရင္တုန္းက သူ႔အသိဉာဏ္ပညာကို သင္သိပ္ႀကိဳက္ခဲ့တယ္။ ဒါေပမယ့္ အခုျပန္ဆံုေတြ႔ခ်ိန္မွာေတာ့ သူဟာ နည္းနည္းမွ တိုးတက္မလာတာကို သင္သိလိုက္တယ္။

တကယ္လို႔ သူနဲ႔ထပ္ျပန္ဆံုရင္ သူ႔ကိုမခဲြခြာေစေတာ့ဘူးလို႔ သင္ေတြးတယ္။ ဒါေပမယ့္ ဒီကေန႔မွာ သူ႔ကို သင္ေတြ႔ေတာ့ အင္း.. ဒီေလာက္လည္း မဟုတ္ေတာ့ပါလားလို႔ သင္ခံစားရတယ္။ ဘယ္အခ်ိန္ကတည္းက စခဲ့မွန္းမသိ.. သူ႔အေပၚ သင္ခံစားခ်က္မဲ့ေနခဲ့ၿပီ။ သူ႔ကို အရင္လို သင္ခ်စ္စိတ္မ႐ွိေတာ့ၿပီ။ ျပန္လည္ေတြ႔ဆံုၿပီး သင္ေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့တယ္…. ဒါဟာ ကိုယ့္အတိတ္က လွပတဲ့အမွတ္တရကို သင္ကိုယ္တိုင္ ဖ်က္ဆီးပစ္လိုက္တာပါပဲ။ ဒါဟာ သိပ္ဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္ေပါ့။

တကယ္လို႔ တစ္ေန႔ေန႔မွာ ငါတို႔လမ္းခဲြၾကရရင္ ဘယ္ေတာ့ ဘယ္ေတာ့ခါမွ ငါ့လက္က်န္ဘဝမွာ နင့္နဲ႔ျပန္လည္မဆံုေၾကး…

ဖိုးသူေတာ္(www.phothutaw.com)
Credit:Amy Chaung

#ႏိုင္းႏိုင္းစေန
#Unicode Version#
သင်နဲ့သူချစ်ခဲ့ကြတဲ့ ချစ်သက်တမ်းက ဘာမှထိုက်တန်တဲ့ အမှတ်တရမရှိခဲ့ရင် ဘာလို့ ပြန်ဆုံတွေ့ကြဦးမလဲ… ဒီလို ပြန်တွေ့ဆုံမှုက ပျော်ရွှင်ခြင်းတွေ သယ်ပေးလာနိုင်မှာ မဟုတ်ပါဘူး။

သူရုပ်ကျပြီး ဘဝက သူထင်သလို ဖြစ်မနေခဲ့တာကို သင်မြင်တော့ သူနဲ့သင်လမ်းခွဲခဲ့တာ သိပ်ကံကောင်းတယ်လို့ သင်ထင်တယ်။ ဒါပေမယ့် သူနဲ့ပြန်လည်ဆုံတွေ့ပြီးနောက် သွားပါဦးမယ်နော်လို့ သင်နှုတ်ဆက်တော့ ကိုယ်ချင်းမစာနာတဲ့ကိုယ့်ကိုယ်ကိုယ် သင်အားနာမိပြန်တယ်။ ဒီလို ခံစားချက်က ခံစားရခက်တာမို့ ဘာလို့ ပြန်လည်ဆုံတွေ့ကြဦးမလဲ..

သူနဲ့ သင်ပြန်ဆုံတယ်။ သူက အောင်မြင်တိုးတက်လို့။ သင့်ဘဝက သင်ထင်သလို ဖြစ်မနေဘူး။ သူနဲ့လမ်းခွဲပြီးနောက် မပျော်ရွှင်တဲ့သင့်ဘဝကို သူမြင်သွားလို့ သင့်ရဲ့ မိမိကိုယ်ကိုလေးစားစိတ်တွေ ဘယ်နားသွားထားရမှန်းမသိ ဖြစ်တယ်။ ဒီလိုဆို ဘာလို့ ပြန်လည်ဆုံတွေ့ကြဦးမလဲ…

သွေးသားထဲစွဲထင်နေတဲ့ အတိတ်က အမှတ်တရကြောင့် သူ့ကို သင်သတိရတတ်တယ်။ အခုချိန်မှာ သူဘယ်လိုများဖြစ်နေမလဲ၊ အဆင်ပြေရဲ့လားလို့လည်း သင်သိချင်တယ်။ အရင်တုန်းက အတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း သင့်ရင် ခုန်မိတတ်သေးတယ်။ “သူ့ကိုဒီနေရာမှာ တွေ့မိဦးမလား” လို့ သင်တွေးတတ်တယ်။ တကယ်လို့ ဒီလိုခံစားချက်မျိုး ရှိနေသေးတယ်ဆိုရင် အကောင်းဆုံးက ကျန်ရှိနေသေးတဲ့ဘဝမှာ သူနဲ့ သင်ထပ်မဆုံတွေ့ပါနဲ့။

သူ့ကို သင်ဘယ်တော့မှ ပြန်မဆုံတွေ့တော့ လှပတဲ့အတိတ်ကလည်း သင့်ရင်မှာ တစ်သက်လုံးကိန်းအောင်းတယ်။ တကယ်လို့ သူနဲ့ ပြန်ဆုံတွေ့ရင် ဒီလိုဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ သူက အရင်ကသူ မဟုတ်တော့ဘူး။ အရင်တုန်းက သူ့အသိဉာဏ်ပညာကို သင်သိပ်ကြိုက်ခဲ့တယ်။ ဒါပေမယ့် အခုပြန်ဆုံတွေ့ချိန်မှာတော့ သူဟာ နည်းနည်းမှ တိုးတက်မလာတာကို သင်သိလိုက်တယ်။

တကယ်လို့ သူနဲ့ထပ်ပြန်ဆုံရင် သူ့ကိုမခွဲခွာစေတော့ဘူးလို့ သင်တွေးတယ်။ ဒါပေမယ့် ဒီကနေ့မှာ သူ့ကို သင်တွေ့တော့ အင်း.. ဒီလောက်လည်း မဟုတ်တော့ပါလားလို့ သင်ခံစားရတယ်။ ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိ.. သူ့အပေါ် သင်ခံစားချက်မဲ့နေခဲ့ပြီ။ သူ့ကို အရင်လို သင်ချစ်စိတ်မရှိတော့ပြီ။ ပြန်လည်တွေ့ဆုံပြီး သင်မျှော်လင့်ချက်မဲ့သွားခဲ့တယ်…. ဒါဟာ ကိုယ့်အတိတ်က လှပတဲ့အမှတ်တရကို သင်ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပါပဲ။ ဒါဟာ သိပ်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပေါ့။

တကယ်လို့ တစ်နေ့နေ့မှာ ငါတို့လမ်းခွဲကြရရင် ဘယ်တော့ ဘယ်တော့ခါမှ ငါ့လက်ကျန်ဘဝမှာ နင့်နဲ့ပြန်လည်မဆုံကြေး…


ဖိုးသူတော်(www.phothutaw.com)
Credit:Amy Chaung

#နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top