




Credit:  ThutaSone

#Unicode Version# ဖြင့်ဖတ်ပါ ။

လတ်တလော ပရိသတ်တွေရဲ့ တီဗွီဖန်သားပြင်ထက်မှာ ထုတ်လွှင့်ချိန်တိုင်း မလွတ်တမ်းစောင့်ကြည့် အားပေးခဲ့ရတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့” ကျွန်မက မဟေသီ” ရုပ်သံဇာတ်လမ်းလေးကတော့ ပရိသတ်တွေကို လက်ပြနုတ်ဆက်ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ဇာတ်သိမ်းလေးကိုလည်း ပရိသတ်တွေ အားကျနှစ်သက်လိမ့် မယ်လို့ ထင်ပါတယ်နော်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် မင်းသားတစ်လက်ဖြစ်တဲ့ မင်းသားချော အောင်ရေချမ်းက တော့ မဟေသီရဲ့ အဓိက အရေးပါသူ ဇာတ်ကောင် မင်းမျိုးနွယ် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကို ဒီရုပ်သံဇာတ်လမ်းလေးနဲ့ အထူးသိမ်းပိုက်ခြင်းခံခဲ့ရသူ မင်းသားတစ်လက်ဖြစ်တာကြောင့်လတ်လောမှာ လူကြိုက် အများဆုံး နဲ့ လူစိတ်ဝင်စားမှု အများဆုံး မင်းသားတစ်ယောက် အနေနဲ့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကလဲ စိတ်ဝင်စားနေကြပါတယ်။

အောင်ရေချမ်းကတော့ ချစ်သူသက်တမ်း သုံးနှစ်ရှိပြီဖြစ်တဲ့ ဆရာဝန်မလေးအကြောင်းကိုပြောပြလာခဲ့ပါတယ်။

သရုပ်ဆောင်အောင်ရေချမ်းနဲ့အလှအပရေးရာဆရာဝန် မခင်မြတ်မွန်ဦးတို့ ချစ်သူနှစ်ဦးကတော့ ချစ်သူသက် တမ်း ၃နှစ် ခန့်ရှိပြီလို့သိရကာ ကျင်လည်ရာနယ်ပယ်ခြင်းမတူတဲ့အတွက် အနုပညာသမားကို နားလည်ပေးဖို့ သူ့ကိုတောင်းဆိုရပြီး ချစ်သူနဲ့ အသက်တူပေမယ့် ကျွန်တော်နဲ့တွေ့ရင်ကလေးဖြစ်သွားတယ်လို့သူ့ချစ်သူအကြောင်းကိုခုလိုပြောပါတယ်။

ပရိသတ်ကြီးကလဲ အောင်ရေချမ်းကိုချစ်ရင် Shareပေးကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ThutaSone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top