ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕၊ ဦးစိုးတင့္ရပ္ကြက္အနီး ကင္းေခ်ာင္းေပါက္ေခ်ာင္း၊ ေလးၿမိဳ႕ ျမစ္ကမ္းနားေဘးမွာ ေျခေထာက္ႏွစ္ဖက္ကို ႀကိဳးခ်ည္ထားၿပီး ေက်ာက္တုံးနဲ႔ တြဲေလာင္း ေသဆုံးေနတဲ့ လူတဦးကုိ တြ႔ရွိခဲ့ရတယ္လို႔ ဦးစိုးတင့္ရပ္ကြက္ေနထိုင္သူေတြက ေျပာပါတယ္။

ေမ်ာပါလာတဲ့သူက ေယာက်္ားတဦးျဖစ္ၿပီး ဒီကေန႔ မနက္ပိုင္းက အဲ့ဒီ ဦးစိုးတင့္ ရပ္ကြက္မွာ ေနထိုင္သူေတြက ေလးၿမိဳ႕ ျမစ္ကမ္းနားေဘးမွာ အေလာင္းတေလာင္းကို ေတြ႔ရွိခဲ့ တယ္လို႔ မ်က္ျမင္ေတြ႔ရွိခဲ့တဲ့ ကိုစိုးႏိုင္ကေျပာပါတယ္။

“အဲ့ဒီမွာ လူေတြဝိုင္းၾကည့္ေနလို႔ က်ေနာ္က သြားၾကည့္တာ။ ေယာက်္ားအေလာင္းပဲ၊ ကမ္းနားမွာကပ္ၿပီးေတာ့ ေမွာက္လွ်က္ျဖစ္ေနတာ၊ ေျခေထာက္ႏွစ္ဖက္ကိုေတာ့ ႀကိဳးခ်ည္ ထားတယ္။ ေနာက္ၿပီးေတာ့ ေျခေထာက္ကို ေက်ာက္လုံးတလုံး တြဲခ်ဥ္ထားတယ္။ ေလးၿမိဳ႕ျမစ္ဘက္က ဒီေရအက်နဲ႔ ေမ်ာလာတာျဖစ္မယ္”လို႔ေျပာပါတယ္။

ေမ်ာပါလာတဲ့ အေလာင္းဟာ ပြေဖာင္ေနၿပီး ေျခေထာက္ေတြနဲ႔ ေပါင္းေတြမွာ ပြင္းပဲ့ေနတာ ေတြ တခ်ိဳ႕ေတြရၿပီး ဘယ္သူဘယ္ဝါဆိုတာ မသိဘူးလို႔ ရပ္ကြက္ေနသူေတြကေျပာပါတယ္။ လက္ရွိေတြ႔ခဲ့ရွိခဲ့တဲ့ အေလာင္းကိုေတာ့ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ေတြကို အေၾကာင္းၾကားထားတယ္လို႔ ဦးစိုးတင့္ရပ္ကြက္ေနသူေတြကေျပာပါတယ္။

မင္းျပားၿမိဳ႕ရဲစခန္းစခန္းမႉးက “က်ေနာ္တို႔ဆီကုိ အဲ့သတင္းမေရာက္ေသးဘူးခင္ဗ်၊ ေရာက္တာနဲ႔ က်ေနာ္တို႔ အတည္ျပဳၿပီးေတာ့ ျပန္ေျပာေပးပါ့မယ္ဗ်” လို႔ ေျပာပါတယ္။ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္မွာ ညမထြက္ရ အမိန္႔တရပ္ ထုတ္ျပန္ထားၿပီး မင္းျပားၿမိဳ႕နယ္လည္း ပါဝင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အနီး ကင်းချောင်းပေါက်ချောင်း၊ လေးမြို့ မြစ်ကမ်းနားဘေးမှာ ခြေထောက်နှစ်ဖက်ကို ကြိုးချည်ထားပြီး ကျောက်တုံးနဲ့ တွဲလောင်း သေဆုံးနေတဲ့ လူတဦးကို တွ့ရှိခဲ့ရတယ်လို့ ဦးစိုးတင့်ရပ်ကွက်နေထိုင်သူတွေက ပြောပါတယ်။

မျောပါလာတဲ့သူက ယောကျ်ားတဦးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက အဲ့ဒီ ဦးစိုးတင့် ရပ်ကွက်မှာ နေထိုင်သူတွေက လေးမြို့ မြစ်ကမ်းနားဘေးမှာ အလောင်းတလောင်းကို တွေ့ရှိခဲ့ တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ကိုစိုးနိုင်ကပြောပါတယ်။

“အဲ့ဒီမှာ လူတွေဝိုင်းကြည့်နေလို့ ကျနော်က သွားကြည့်တာ။ ယောကျ်ားအလောင်းပဲ၊ ကမ်းနားမှာကပ်ပြီးတော့ မှောက်လျှက်ဖြစ်နေတာ၊ ခြေထောက်နှစ်ဖက်ကိုတော့ ကြိုးချည် ထားတယ်။ နောက်ပြီးတော့ ခြေထောက်ကို ကျောက်လုံးတလုံး တွဲချဉ်ထားတယ်။ လေးမြို့မြစ်ဘက်က ဒီရေအကျနဲ့ မျောလာတာဖြစ်မယ်”လို့ပြောပါတယ်။

မျောပါလာတဲ့ အလောင်းဟာ ပွဖောင်နေပြီး ခြေထောက်တွေနဲ့ ပေါင်းတွေမှာ ပွင်းပဲ့နေတာ တွေ တချို့တွေရပြီး ဘယ်သူဘယ်ဝါဆိုတာ မသိဘူးလို့ ရပ်ကွက်နေသူတွေကပြောပါတယ်။ လက်ရှိတွေ့ခဲ့ရှိခဲ့တဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ ဦးစိုးတင့်ရပ်ကွက်နေသူတွေကပြောပါတယ်။

မင်းပြားမြို့ရဲစခန်းစခန်းမှူးက “ကျနော်တို့ဆီကို အဲ့သတင်းမရောက်သေးဘူးခင်ဗျ၊ ရောက်တာနဲ့ ကျနော်တို့ အတည်ပြုပြီးတော့ ပြန်ပြောပေးပါ့မယ်ဗျ” လို့ ပြောပါတယ်။ရခိုင်ပြည်နယ်က မြို့နယ် ၅ မြို့နယ်မှာ ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ထားပြီး မင်းပြားမြို့နယ်လည်း ပါဝင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top