​ေယာကၡမ အိမ္​​ေပၚ ​ေရာက္​ခါစ ​ေခြၽးမေလး..ေယာကၡမ ကို ကိုယ္​တိုင္​ ခ်က္​​ေကြၽး ခ်င္​လို႔ ဆိုၿပီး မီးဖိုထဲ တကုတ္​ကုတ္​နဲ႔ ခ်က္​ျပဳတ္​ ​ေနပါသတဲ့။​ေယာကၡမႀကီး ကလည္​း ငါ့သား​ေလး မိန္​းမ ရ ​ေတာ္​လိုက္​တာ ဆိုၿပီး ျပဳံးျပဳံး ျပဳံးျပံဳး နဲ႔ သ​ေဘာ​ေတြ က်​ေနတာ​ေပါ့။ထမင္​းစားခ်ိန္​ ​ေရာက္​​ေတာ့ စားပဲြ​ေပၚမွာ အားလုံး ခူးခပ္​ ျပင္​ဆင္​ ​ေပးထားတဲ့ ​ေခြၽးမ​ေလးရဲ႕ အလုိက္​ သိမႈ ကိုလည္​း အမွတ္​ျပည္​့ ​ေပးလိုက္​ျပန္​ သတဲ့။

” ဟား ဒီ​ေန႔​ေတာ့ ငါ့​ေခြၽးမ လက္​ရာ​ေလး စားရခ်ည္​​ ေသးရဲ႕ အ​ေဟး​ေဟး .. ကဲကဲ ခူးခူး ”

” ဟုတ္​ကဲ့ အ​ေဖ ”

ၾကည္​့စမ္​း ၾကည္​့စမ္​း– ေယာကၡမ ကို “အ​ေဖ” တဲ့ လိမ္​မာ လိုက္​တဲ့ က​ေလး…ေခြၽးမ​ေလးက ပန္​ကန္​ထဲ ထမင္​း ခူးခပ္​ၿပီး​ေတာ့ ​​ေယာကၡမျကီး စားမယ္​ ဟန္​ျပင္​​ေတာ့–

” ဟဲ့ သမီး နင္​့ ထမင္​းက ​ေပ်ာ့ျပဲ ေနပါလား ”

” ဪ ဟုတ္​တယ္​ အ​ေဖ အ​ေဖက သြား မ​ေကာင္​း​ေတာ့​ေလ ဝါး​ေနရမွာ စိုးလို႔ တမင္​ ​ေ​ပ်ာ့ေပ်ာ့ခ်က္​လိုက္​ တာပါ အ​ေဖ”

” ​ေဟ အဲ့လိုလား ေအး​ေအး ရပါတယ္​ကြယ္​”

ဪ သိတတ္​ လိုက္​တာ.. ​ေယာကၡမ ဝါး​ေနရင္​ သြားနာမွာ စိုးလို႔ ​ေပ်ာ့​ေပ်ာ့ ျပဲျပဲေလး ခ်က္​ထား ​ေပးတာ တဲ့။

” အ​ေဖ စား​ေနာ္​.. ​သမီး ခပ္​ထည္​့​ ေပးမယ္​ ဒါက ငါးျမင္​း ဆီျပန္​ ”

” ​ေအး​ေအး ”

ထမင္​း​ ေပ်ာ့ျပဲျပဲ​ ေလးနဲ႔ ငါးျမင္​းတုံး​ေလး ကိုျမဳပ္​ၿပီး စားၾကည္​့ လိုက္​​ေတာ့—

” ဟင္​ ဟဲ့သမီး နင္​့ငါးဟင္​း ကလည္​း ​ေပါ့ရႊတ္​ ​ေနပါလား ”

” ဪ ဟုတ္​တယ္​ အ​ေဖ တမင္​ ​ေပါ့​ေပါ့​ေလး ခ်က္​ထားတာ အ​ေဖက ​ေသြးတိုး ရိွတယ္​ မဟုတ္​လား အာ့​ေၾကာင္​့​ေလ ”

ဪ အ​ေဖမွာ ​ေသြးတိုး ရိွလို႔​ေပါ့​ေနာ္​..

​”ေအး​ေအး ​ေအးပါကြယ္​ ”

ၾကည္​့စမ္​း ​ေယာကၡမ ကို ဂ႐ုစိုက္​ပုံမ်ားမွန္​းစမ္​း ဒီ ဝက္​သား ဟင္​း​ေလး ျမည္​့ၾကည္​့ ရ ​ေအာင္​ ”​ေယာကၡမႀကီးက ဝက္​သား တုံး​ေလး ယူၿပီး ထမင္​းထဲ ျမဳပ္​လို႔ အားရ ပါးရ ​ေလႊး လိုက္​တယ္​ ဆိုရင္​ပဲ—

” ဟာ ထြီ ”

” ဟဲ့ နင္​့ ဝက္​သားဟင္​းက ငံ တူး​ ေနပါလား ”

ဪ မွားၿပီ အ​ေဖ​ေရ ဒီဟင္​းက အ​ေဖ့အတြက္​ မဟုတ္​ဘူး အ​ေဖ့သား အတြက္​ သူက ​ေသြး​ေပါင္​ ခဏခဏ က်တတ္​လို႔ ​ေသြးတိုး​ေအာင္​ တမင္​ ငံငံ​ေလး ခ်က္​​ေပးထားတာ ”

” ​ေဟ ”

ဪ တတ္​လိုက္​တဲ့ ​ေခြၽးမ ​​ေသြး​ေပါင္​ က်တတ္​လို႔ ​ေသြးတိုး​ေအာင္​ အငံ ခ်က္​တာတဲ့ အင္​း မွတ္​သား ထားရမယ္​ ​​ေဆးေက်ာင္​း​ေတြ ဘာ​ေတြမ်ား တက္​ခဲ့ဖူးလား မသိ ​ေခြၽးမ ပညာရိွ​ေလး

” ဟဲ့ သမီး ဒါက ဘာဟင္​း တုန္​း ”

” ခ်ဥ္​ရည္​ဟင္​း ပါ အ​ေဖ ”

” မွန္​း ျမည္​းၾကည္​့ ရ​ေအာင္​ ”

” ႐ွလြတ္​ ”

” အမငီး ခ်ဥ္​ ခ်ဥ္​ လိုက္​တာ ဟယ္​ ”

” ဪ အ​ေဖကလည္​း ခ်ဥ္​ရည္​ဟင္​း ပါဆို ခ်ဥ္​ မွာ​ေပါ့ မခ်ဥ္​မွာ စိုးလို႔ သံပုရာ သီး​ေလး ​ေတာင္​ ညႇစ္​လိုက္​​ေသး ”

” ဪ ​ေအး​ေအး ဟုတ္​ပါၿပီကြယ္​ အမ​ေလး ပါ​း ေတြ​ေတာင္​ ​ေတာင္​သြားတယ္​ေတာ္​လိုက္​တဲ့ ​ေခြၽးမ​ေလး ”

” ​ေအးကြယ္​ သမီးရဲ႕​ေစတနာ ​ေတြနဲ႔ဗိုက္​ျပည္​့​ေနပါၿပီ ထမင္​းလည္​း မစားႏိုင္​​ေတာ့ပါဘူး အသီးအရြက္​​ ေၾကာ္​​ေလးပဲ ဒီအတိုင္​း စား​ေတာ့မယ္​ ဟိုပန္​ကန္​ထဲက ဘာ​ေၾကာ္​လဲ သမိ္​ီး”

” ဟုတ္​ အ​ေဖ အဲ့ဒါ ၾကက္​ဟင္​းခါးသီးနဲ႔ ကင္​းပုန္​သီး ​ေရာ ​ေၾကာ္​ထားတာ အ​ေဖ စားၾကည္​့​ေလ ”

” အမ​ေလး သမီးရယ္​ ​ေၾကာင္​လွ်ာသီး နဲ႔ တမာရြက္​ ​ေလး​ပါ ထပ္​ထည္​့လိုက္​ ၿပီးတဲ့ ဟာကို ”

” ဪ ႐ွာ​ေသးတယ္​ အ​ေဖ​ေရ မ​ေတြ႔လို႔ လို႔ ”

” ဟဲ့ ဖလူးမ မသာမ နင္​့ကို ရဲြ႔​ေနတာဟဲ့ အ႐ူးမ ရဲ႕”

” ႐ွင္​ ”

“အမ​ေလး အမ​ေလး ​ေတာ္​လိုက္​တဲ့ ​ေခြၽးမ​ေလး”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ယောက္ခမ အိမ်ပေါ် ရောက်ခါစ ချွေးမလေး..ယောက္ခမ ကို ကိုယ်တိုင် ချက်ကျွေး ချင်လို့ ဆိုပြီး မီးဖိုထဲ တကုတ်ကုတ်နဲ့ ချက်ပြုတ် နေပါသတဲ့။ယောက္ခမကြီး ကလည်း ငါ့သားလေး မိန်းမ ရ တော်လိုက်တာ ဆိုပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ သဘောတွေ ကျနေတာပေါ့။ထမင်းစားချိန် ရောက်တော့ စားပွဲပေါ်မှာ အားလုံး ခူးခပ် ပြင်ဆင် ပေးထားတဲ့ ချွေးမလေးရဲ့ အလိုက် သိမှု ကိုလည်း အမှတ်ပြည့် ပေးလိုက်ပြန် သတဲ့။

” ဟား ဒီနေ့တော့ ငါ့ချွေးမ လက်ရာလေး စားရချည် သေးရဲ့ အဟေးဟေး .. ကဲကဲ ခူးခူး ”

” ဟုတ်ကဲ့ အဖေ ”

ကြည့်စမ်း ကြည့်စမ်း– ယောက္ခမ ကို “အဖေ” တဲ့ လိမ်မာ လိုက်တဲ့ ကလေး…ချွေးမလေးက ပန်ကန်ထဲ ထမင်း ခူးခပ်ပြီးတော့ ယောက္ခမကြီး စားမယ် ဟန်ပြင်တော့–

” ဟဲ့ သမီး နင့် ထမင်းက ပျော့ပြဲ နေပါလား ”

” ဪ ဟုတ်တယ် အဖေ အဖေက သွား မကောင်းတော့လေ ဝါးနေရမှာ စိုးလို့ တမင် ပျော့ပျော့ချက်လိုက် တာပါ အဖေ”

” ဟေ အဲ့လိုလား အေးအေး ရပါတယ်ကွယ်”

ဪ သိတတ် လိုက်တာ.. ယောက္ခမ ဝါးနေရင် သွားနာမှာ စိုးလို့ ပျော့ပျော့ ပြဲပြဲလေး ချက်ထား ပေးတာ တဲ့။

” အဖေ စားနော်.. သမီး ခပ်ထည့် ပေးမယ် ဒါက ငါးမြင်း ဆီပြန် ”

” အေးအေး ”

ထမင်း ပျော့ပြဲပြဲ လေးနဲ့ ငါးမြင်းတုံးလေး ကိုမြုပ်ပြီး စားကြည့် လိုက်တော့—

” ဟင် ဟဲ့သမီး နင့်ငါးဟင်း ကလည်း ပေါ့ရွှတ် နေပါလား ”

” ဪ ဟုတ်တယ် အဖေ တမင် ပေါ့ပေါ့လေး ချက်ထားတာ အဖေက သွေးတိုး ရှိတယ် မဟုတ်လား အာ့ကြောင့်လေ ”

ဪ အဖေမှာ သွေးတိုး ရှိလို့ပေါ့နော်..

”အေးအေး အေးပါကွယ် ”

ကြည့်စမ်း ယောက္ခမ ကို ဂရုစိုက်ပုံများမှန်းစမ်း ဒီ ဝက်သား ဟင်းလေး မြည့်ကြည့် ရ အောင် ”ယောက္ခမကြီးက ဝက်သား တုံးလေး ယူပြီး ထမင်းထဲ မြုပ်လို့ အားရ ပါးရ လွှေး လိုက်တယ် ဆိုရင်ပဲ—

” ဟာ ထွီ ”

” ဟဲ့ နင့် ဝက်သားဟင်းက ငံ တူး နေပါလား ”

ဪ မှားပြီ အဖေရေ ဒီဟင်းက အဖေ့အတွက် မဟုတ်ဘူး အဖေ့သား အတွက် သူက သွေးပေါင် ခဏခဏ ကျတတ်လို့ သွေးတိုးအောင် တမင် ငံငံလေး ချက်ပေးထားတာ ”

” ဟေ ”

ဪ တတ်လိုက်တဲ့ ချွေးမ သွေးပေါင် ကျတတ်လို့ သွေးတိုးအောင် အငံ ချက်တာတဲ့ အင်း မှတ်သား ထားရမယ် ဆေးကျောင်းတွေ ဘာတွေများ တက်ခဲ့ဖူးလား မသိ ချွေးမ ပညာရှိလေး

” ဟဲ့ သမီး ဒါက ဘာဟင်း တုန်း ”

” ချဉ်ရည်ဟင်း ပါ အဖေ ”

” မှန်း မြည်းကြည့် ရအောင် ”

” ရှလွတ် ”

” အမငီး ချဉ် ချဉ် လိုက်တာ ဟယ် ”

” ဪ အဖေကလည်း ချဉ်ရည်ဟင်း ပါဆို ချဉ် မှာပေါ့ မချဉ်မှာ စိုးလို့ သံပုရာ သီးလေး တောင် ညှစ်လိုက်သေး ”

” ဪ အေးအေး ဟုတ်ပါပြီကွယ် အမလေး ပါး တွေတောင် တောင်သွားတယ်တော်လိုက်တဲ့ ချွေးမလေး ”

” အေးကွယ် သမီးရဲ့စေတနာ တွေနဲ့ဗိုက်ပြည့်နေပါပြီ ထမင်းလည်း မစားနိုင်တော့ပါဘူး အသီးအရွက် ကြော်လေးပဲ ဒီအတိုင်း စားတော့မယ် ဟိုပန်ကန်ထဲက ဘာကြော်လဲ သမီး”

” ဟုတ် အဖေ အဲ့ဒါ ကြက်ဟင်းခါးသီးနဲ့ ကင်းပုန်သီး ရော ကြော်ထားတာ အဖေ စားကြည့်လေ ”

” အမလေး သမီးရယ် ကြောင်လျှာသီး နဲ့ တမာရွက် လေးပါ ထပ်ထည့်လိုက် ပြီးတဲ့ ဟာကို ”

” ဪ ရှာသေးတယ် အဖေရေ မတွေ့လို့ လို့ ”

” ဟဲ့ ဖလူးမ မသာမ နင့်ကို ရွဲ့နေတာဟဲ့ အရူးမ ရဲ့”

” ရှင် ”

“အမလေး အမလေး တော်လိုက်တဲ့ ချွေးမလေး”

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top