ေအးပါေတာ္…။ ရွင္ပဲ ေျပာေတာ့။ ရွင္ပဲ ေျပာေတာ့”၂၀၁၂ ခုႏွစ္

မိန္းမေရ…ငါ့သား ခ်စ္သူက အေခ်ာေလးပါလားကြ”“ပိုက္ဆံလည္း ခ်မ္းသာတယ္ဆုိေတာ့ ငါတို႔ဘက္ကလည္း တစ္ခုခုေတာ့လုပ္ေပးဖို႔လိုတာေပါ့။ မဟုတ္ရင္ ငါ့သားႀကီးခမ်ာ မ်က္ႏွာငယ္ရရွာမွာ”ငါတို႔ေနတဲ့ ေျမက…တို႔အဘိုးအဘြားႀကီး ႏွစ္ေယာက္အတြက္ ႀကီးမေနဘူးလားကြ”“ေပ ၄၀ ထဲက ေပ ၂၀ ကို ထုတ္ေရာင္းၿပီး သားႀကီး မဂၤလာေဆာင္အတြက္သံုးေပးလိုက္ရင္ ေကာင္းမယ္ေနာ္ မိန္းမ။

သူလည္း ေတာ္ေတာ္ ေပ်ာ္ရွာမွာ”“ရွင့္ကိုေတာ့ ကြ်န္မ မေျပာေတာ့ဘူး။ ရွင့္သားႀကီးအတြက္ဆိုရင္ ကြ်န္မကိုပါေရာင္းစားေပးမလား မသိပါဘူးေတာ္။ ရွင့္သေဘာ၊ ရွင့္သေဘာ”

၂၀၁၄ ခုႏွစ္
(က)“ဟလို…သားႀကီးလား…ေဖေဖပါ”“ေဖေဖ အသံုးစရိတ္ျပတ္ေနလို႔ေဖေဖ့ကို ေငြနည္းနည္းေလာက္ ေပးပါလား သားႀကီးရယ္”“ဟာ…ေဖေဖကလည္းဗ်ာ”“ၿပီးခဲ့တဲ့ လ,တုန္းကပဲကြ်န္ေတာ္ ေဖေဖ့ကို ေငြ သံုးေသာင္း ေပးထားေသးတယ္မလား”ဟုတ္တယ္ သားႀကီးရဲ႕…ေဖေဖ ေဆးဝယ္ေသာက္ေနရလို႔ ေငြက သိပ္အသံုးမခံဘူးကြယ္”“မင္းေမေမ မရွိကတည္းကေဖေဖ့ က်န္းမာေရးကလည္း သိပ္မေကာင္းေတာ့ဘူး သားႀကီးရယ္

(ခ)“သားႀကီးတို႔ လင္မယားပါလား…ဘယ္က လွည့္လာတာလဲ“ကြ်န္ေတာ္…ဟုိဘက္ ရပ္ကြက္ထဲမွာ ကိစၥတစ္ခုနဲ႔လာရင္း လမ္းႀကံဳလို႔ ဝင္လာတာ ေဖေဖ”“ဒါဆို…သားကို ေျပာစရာ ရွိတာနဲ႔အေတာ္ပဲ”“သားမလာရင္ သားဆီကို ဖုန္းဆက္ၿပီး ေျပာမလို႔”“သားႀကီး…ေဖေဖ့ မ်က္မွန္က သိပ္ၾကည့္လို႔ မေကာင္းေတာ့ဘူး”“ေဖေဖ ပါဝါတိုးရမလားမသိဘူး“သားႀကီး အဆင္ေျပရင္ေဖေဖကို မ်က္စိေဆးခန္း ေခၚသြားေပးၿပီး မ်က္မွန္ေလး လဲေပးပါလား သားႀကီးရယ္”

ေဖေဖကလည္း…မ်က္မွန္က အေကာင္းႀကီး ရွိေသးတာပဲကို”“ကြ်န္ေတာ္လည္း အခုက မအားေသးဘူး”“ေဖေဖ့ေျမးက ဖာလူဒါေသာက္ခ်င္တယ္ဆိုလို႔ သြားတိုက္ရဦးမွာ”“ဒီလိုလုပ္ေလ…ကြ်န္ေတာ္ အားတဲ့တစ္ေန႔ ေဖေဖ့ကို လာေခၚမယ္ေလ”

(ဂ)“သားႀကီးေရ”“ေဖေဖ့က်န္းမာေရးက သိပ္မေကာင္းေတာ့ဘူးကြယ္”“ေနလို႔ ထိုင္လို႔လည္း သိပ္မေကာင္းဘူး။ အေမာလည္း ခဏခဏေဖာက္ေနတယ္”“သားႀကီး အဆင္ေျပရင္ သားႀကီးအိမ္မွာ ေဖေဖ့ကုိ ေခၚထားပါလား”“သားႀကီးအိမ္မွာ ေဖေဖလိုက္ေနရမယ္ဆိုရင္ေျမးေလးမ်က္ႏွာကို ၾကည့္ရရံုနဲ႔တင္ ေဖေဖ့က်န္းမာေရး တစ္ဝက္သက္သာပါၿပီ”“ဟာ…ေဖေဖ အဲ့ဒါေတာ့ အဆင္မေျပဘူးဗ်”

ကြ်န္ေတာ့္ မိန္းမက အိမ္မွာ အသက္ႀကီးရြယ္အိုေတြ ေနတာ သေဘာမက်ဘူး”အဲ့ဒါေၾကာင့္ သူ႔အေဖ၊ အေမကိုေတာင္ ေခၚမထားဘူး”“ကြ်န္ေတာ္ လံုးဝ အဆင္မေျပလို႔ပါ ေဖေဖ။ ကြ်န္ေတာ့္ကိုနားလည္ေပးပါ”

၂၀၁၅ ခုႏွစ္။လူဆိုတဲ့ သတၱဝါဟာ ကိုယ္စိုက္ခဲ့တဲ့ အသီးကို မစားရရင္ေတာင္ အရိပ္ကေလးေတာ့ ခိုခ်င္ၾကတာသဘာဝပါ သားႀကီးရယ္။’

သားႀကီးအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္မွာစိုးလို႔ေဖေဖ့ ဆႏၵနဲ႔ ေဖေဖကိုယ္တိုင္ ဆံုးျဖတ္ၿပီး ဘုိးဘြားရိပ္သာမွာပဲ သြားေနဖို႔အသင့္ျဖစ္ပါၿပီ သားႀကီးတို႔ မိသားစုဘဝေလး ေအးခ်မ္းသာယာပါေစ။ခလုတ္မထိ ဆူးမၿငိပါေစနဲ႔လို႔ ေဖေဖ ဆုေတာင္းခဲ့ပါတယ္ သားႀကီးရယ္။

၂၀၁၆ ခုႏွစ္ဘိုးဘြားရိပ္သာတစ္ခု၏ ကုတင္နံပါတ္ (၁၃)ရွိ အဘိုးအိုတစ္ဦး၏ မ်က္ဝန္းမွ မ်က္ရည္တို႔ တသြင္သြင္ စီးက်ေနသည္ကို စာဖတ္သူတို႔ ျမင္ေတြ႔ရပါလိမ့္မည္။ထိုအဘိုးအို ဘာေတြ ေတြးၿပီး၊ အဘယ္ေၾကာင့္ ငိုေၾကြးေနရွာသလဲ ဆိုသည္ကိုလည္း စာဖတ္သူတို႔ နားလည္ သေဘာေပါက္ၾကမည္ကို ကြ်န္ေတာ္ အေသအခ်ာသိပါသည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခြက္ဒစ္ေပးပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”၂၀၁၂ ခုနှစ်

မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”“ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”“ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။

သူလည်း တော်တော် ပျော်ရှာမှာ”“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”

၂၀၁၄ ခုနှစ်
(က)“ဟလို…သားကြီးလား…ဖေဖေပါ”“ဖေဖေ အသုံးစရိတ်ပြတ်နေလို့ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”“ဟာ…ဖေဖေကလည်းဗျာ”“ပြီးခဲ့တဲ့ လ,တုန်းကပဲကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”ဟုတ်တယ် သားကြီးရဲ့…ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”“မင်းမေမေ မရှိကတည်းကဖေဖေ့ ကျန်းမာရေးကလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်

(ခ)“သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ“ကျွန်တော်…ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”“သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”“သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”“ဖေဖေ ပါဝါတိုးရမလားမသိဘူး“သားကြီး အဆင်ပြေရင်ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”

ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”“ကျွန်တော်လည်း အခုက မအားသေးဘူး”“ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”

(ဂ)“သားကြီးရေ”“ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”“သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”“သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”

ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”

၂၀၁၅ ခုနှစ်။လူဆိုတဲ့ သတ္တဝါဟာ ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာသဘာဝပါ သားကြီးရယ်။’

သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့အသင့်ဖြစ်ပါပြီ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။

၂၀၁၆ ခုနှစ်ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top