20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ ဟင္းလ်ာေတြထဲမွာ ထည့္သြင္းခ်က္ျပဳတ္ေလ့ရွိတဲ့ ေလးညႇင္းပြင့္ရဲ႕ မူလမ်ိဳးရင္း အစကေတာ့ အင္ဒိုနီးရွားႏိုင္ငံကပဲ ျဖစ္ပါတယ္။ အနံ႔စူးရွရွရွိတဲ့ ေလးညႇင္းမွာ ပ႐ိုတင္း၊သံဓာတ္၊ ပိုတက္ဆီယမ္၊ ဟိုက္ဒ႐ိုကလိုရစ္အက္ဆစ္နဲ႔ အမွ်င္ဓာတ္ စတဲ့ အာဟာရတန္ဖိုးေတြ ပါဝင္တာေၾကာင့္ တေန႔ကို ေလးညႇင္းပြင့္ ၂ ပြင့္ခန႔္ စားသံုံးေပး႐ုံနဲ႔ ရရွိလာႏိုင္မယ့္ က်န္းမာေရးေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္

ေလးညႇင္းပြင့္ဟာ အစာေျခဖ်က္ျခင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ထိထိေရာက္ေရာက္ ေကာင္းမြန္ေစႏိုင္ပါတယ္။ အစာမေၾကတာ၊ ပ်ိဳ႕အန္တာ၊ ဗိုက္နာဗိုက္ေအာင့္ျဖစ္တာေတြနဲ႔ ဝမ္းခ်ဳပ္ျခင္းတို႔ကို သက္သာေစႏိုင္ပါတယ္။

(၂) ကိုက္ခဲနာက်င္မႈေတြကို ေပ်ာက္ကင္းေစႏိုင္တယ္

ေလးညႇင္းပြင့္မွာပါဝင္တဲ့ Eugenol ဟာ ကိုက္ခဲနာက်င္မႈေတြနဲ႔ ေရာင္ရမ္းမႈ ေဝဒနာေတြကို ေပ်ာက္ကင္း ေစႏိုင္ပါတယ္။ ေလးညႇင္းပြင့္မွာပါဝင္တဲ့ Eugenol ဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တာေၾကာင့္ ခံတြင္းဖ်န္းေဆးေတြနဲ႔ လည္ေခ်ာင္းနာသက္သာေစတဲ့ ေဆးဝါးေတြမွာ ထည့္သြင္းအသုံးျပဳၾကေလ့ရွိပါတယ္။

(၃) အ႐ိုးအဆစ္ေတြကို ေကာင္းမြန္ေစတယ္

ေလးညႇင္းပြင့္မွာ ပါဝင္တဲ့ Flavonoids,Manganese,Eugeol ဓာတ္ေတြဟာ အ႐ိုးအဆစ္ေတြ ေရာင္ရမ္းနာက်င္မႈကို သက္သာေစႏိုင္တာေၾကာင့္ တိုင္းရင္းေဆးဝါးေတြမွာ ေလးညႇင္းဆီစစ္စစ္ကို ေရာင္ရမ္းနာက်င္မႈေတြအတြက္ အသုံးျပဳေလ့ရွိၾကပါတယ္။

(၄) ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္

ေလးညႇင္းပြင့္မွာပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ ကိုယ္တြင္းခုခံအားစနစ္ကို ျမင့္တက္ေစတဲ့ ေသြးျဖဴဥဆဲလ္ေတြကို ျမင့္တက္ေစတာေၾကာင့္ ေရာဂါေတြကို တြန္းလွန္ေပးႏိုင္တဲ့ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

ေလးညႇင္းပြင့္ဟာ အခုေဖာ္ျပေပးခဲ့တဲ့ က်န္းမာေရးေကာင္းက်ိဳးေတြ ရွိတာမွန္ေပမယ့္ ကိုယ္ဝန္ေဆာင္ေတြ၊ အသည္းက်န္းမာေရးျပႆနာရွိသူေတြ၊ ဓာတ္မတည့္မႈမၾကာခဏျဖစ္တတ္သူေတြနဲ႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာရွိသူေတြအေနနဲ႔ေတာ့ ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ အသုံးမျပဳသင့္ပါဘူး။
ဖိုးသူေတာ္(www.phothutaw.com)
Credit:irrawaddy
Ref : brightside.me

#Unicode Version#
 ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ လေးညှင်းပွင့်ရဲ့ မူလမျိုးရင်း အစကတော့ အင်ဒိုနီးရှားနိုင်ငံကပဲ ဖြစ်ပါတယ်။ အနံ့စူးရှရှရှိတဲ့ လေးညှင်းမှာ ပရိုတင်း၊သံဓာတ်၊ ပိုတက်ဆီယမ်၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရတန်ဖိုးတွေ ပါဝင်တာကြောင့် တနေ့ကို လေးညှင်းပွင့် ၂ ပွင့်ခန့် စားသုံံးပေးရုံနဲ့ ရရှိလာနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်ဟာ အစာခြေဖျက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ထိထိရောက်ရောက် ကောင်းမွန်စေနိုင်ပါတယ်။ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်နာဗိုက်အောင့်ဖြစ်တာတွေနဲ့ ဝမ်းချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

(၂) ကိုက်ခဲနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တယ်

လေးညှင်းပွင့်မှာပါဝင်တဲ့ Eugenol ဟာ ကိုက်ခဲနာကျင်မှုတွေနဲ့ ရောင်ရမ်းမှု ဝေဒနာတွေကို ပျောက်ကင်း စေနိုင်ပါတယ်။ လေးညှင်းပွင့်မှာပါဝင်တဲ့ Eugenol ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ခံတွင်းဖျန်းဆေးတွေနဲ့ လည်ချောင်းနာသက်သာစေတဲ့ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။

(၃) အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်မှာ ပါဝင်တဲ့ Flavonoids,Manganese,Eugeol ဓာတ်တွေဟာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တာကြောင့် တိုင်းရင်းဆေးဝါးတွေမှာ လေးညှင်းဆီစစ်စစ်ကို ရောင်ရမ်းနာကျင်မှုတွေအတွက် အသုံးပြုလေ့ရှိကြပါတယ်။

(၄) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကိုယ်တွင်းခုခံအားစနစ်ကို မြင့်တက်စေတဲ့ သွေးဖြူဥဆဲလ်တွေကို မြင့်တက်စေတာကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

လေးညှင်းပွင့်ဟာ အခုဖော်ပြပေးခဲ့တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတာမှန်ပေမယ့် ကိုယ်ဝန်ဆောင်တွေ၊ အသည်းကျန်းမာရေးပြဿနာရှိသူတွေ၊ ဓာတ်မတည့်မှုမကြာခဏဖြစ်တတ်သူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေအနေနဲ့တော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါဘူး။
ဖိုးသူတော်(www.phothutaw.com)
Credit:irrawaddy
Ref : brightside.me

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top