ဆက္စီမင္းသမီးအျဖစ္ သူမကိုယ္သူမ ခံယူထားသူ သင္ဇာဝင့္ေက်ာ္ ကေတာ့ လက္ရိွမွာ ေမာဒိုက္ကမ္းေျခကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သူမရဲ႕ ခႏၶာကိုယ္လွပမွုနဲ႔အတူ ဆက္စီက်တဲ့ ဝတ္စားဆင္ယင္မွုေတြက သူမအတြက္ ဆြဲေဆာင္မွုတစ္ခုျဖစ္ေစခဲ့ပါတယ္။ သင္ဇာဝင့္ေက်ာ္ဟာ ၂၀၁၈ ခုႏွစ္တစ္ခုႏွစ္လံုးကိုလည္း သူမရဲ႕ ဖက္ရွင္အခ်ိဳ႕နဲ႔ ပရိသတ္ေတြစိတ္ဝင္စားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။Image may contain: 1 person, smiling, ocean, outdoor, water and nature

ဒါေၾကာင့္လည္း သူမကို ပြဲတက္ဖိတ္ၾကားသူေတြမ်ားစြာရွိခဲ့ျပီး သူမရဲ႕ဖက္ရွင္ေတြကို စိတ္ဝင္တစားျဖစ္ခဲ့ၾကရတဲ့အေနအထားေရာက္ခဲ့တာပါ။ သင္ဇာဝင့္ေက်ာ္ရဲ႕ဖက္ရွင္နဲ႔ပတ္သက္ျပီး လက္ခံသူပရိသတ္မ်ားရွိသလို လက္မခံႏိုင္တဲ့ ပရိသတ္ေတြလည္း ရွိေနခဲ့ပါတယ္။ သူမရဲ႕ဖက္ရွင္အခ်ိဳ႕ေၾကာင့္လည္း လက္တြဲလာခဲ့တဲ့ ခ်စ္သူနဲ႔ လမ္းခြဲမွုေတြျဖစ္ေပၚခဲ့တယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာေျဖဆိုထားခဲ့ဖူးပါတယ္။Image may contain: 1 person, outdoor

သင္ဇာဝင့္ေက်ာ္ဟာ အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့ သူမကိုအျပည့္အဝ နားလည္ေပးႏိုင္သူေတြကိုသာ စဥ္းစားမွာျဖစ္တယ္လို႔ ေျပာထားဖူးတာလည္းျဖစ္ပါတယ္။ ပရိသတ္ေတြက Single လို႔ထင္မွတ္ထားတဲ့ သင္ဇာတစ္ေယာက္ ယေန႔မွာေတာ့ စိတ္ဝင္စားသူ ပရိသတ္အခ်ိဳ႕ရဲ႕ ေဖာ္ထုတ္မွုေၾကာင့္ သူမရဲ႕ ခ်စ္သူကို သိရွိခဲ့ၾကတာျဖစ္ပါတယ္။

သင္ဇာေလးကေတာ့ သူမရဲ႕ ခ်စ္သူနဲ႔အတူ ေမာဒိုက္ကမ္းေျခကိုေရာက္ရွိေနခဲ့တာျဖစ္ျပီးေတာ့ ဒီမတိုင္ခင္မွာလည္း မေလးရွားမွာ ခ်စ္သူနဲ႔အတူ ရွိေနခဲ့တာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေရစိမ္ကန္ထဲက ပံုရိပ္နဲ႔အတူ တက္တူးပံုလက္တစ္ဖက္က သူမရဲ႕ပရိသတ္ေတြၾကား ဂယက္ရိုက္ေစခဲ့တာျဖစ္ပါတယ္။

စိတ္ဝင္စားသူ ပရိသတ္အခ်ိဳ႕က ထိုလက္တစ္ဖက္ပိုင္ရွင္ကို ရွာေဖြခဲ့ရာမွ ႏိုင္ငံျခားသား တစ္ဦးျဖစ္ေနတာကိုေတြ႔ရွိခဲ့ၾကတာပါ။ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္ထဲမွာေတာ့ သင္ဇာနဲ႔အတူ Follow me ပံုစံေလးကို ရိုက္ကူးထားတာေတြ႔ရမွာပါ။ သင္ဇာ့ကိုစိတ္ဝင္စားေနတဲ့ ပရိသတ္ၾကီးေဖာ္ထုတ္လိုက္တဲ့ ပံုရိပ္ေလးေတြကို ေဖာ္ထုတ္လိုက္ၾကတဲ့အျပင္ သင္ဇာကေတာ့ ကမ္းေျခမွာ ခ်စ္သူနဲ႔အတူ လက္ဝါးခ်င္းရိုက္ အထိမ္းအမွတ္ပံုစံ ဗီဒီယိုေလးကို သူမတုိ႔ Story အသီးသီးမွာ တင္ထားခဲ့ၾကတာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:We Love Cele
Video-Thin Zar Wint Kyaw
#Unicode Version#
ဆက်စီမင်းသမီးအဖြစ် သူမကိုယ်သူမ ခံယူထားသူ သင်ဇာဝင့်ကျော် ကတော့ လက်ရှိမှာ မောဒိုက်ကမ်းခြေကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်လှပမှုနဲ့အတူ ဆက်စီကျတဲ့ ဝတ်စားဆင်ယင်မှုတွေက သူမအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ၂၀၁၈ ခုနှစ်တစ်ခုနှစ်လုံးကိုလည်း သူမရဲ့ ဖက်ရှင်အချို့နဲ့ ပရိသတ်တွေစိတ်ဝင်စားအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်း သူမကို ပွဲတက်ဖိတ်ကြားသူတွေများစွာရှိခဲ့ပြီး သူမရဲ့ဖက်ရှင်တွေကို စိတ်ဝင်တစားဖြစ်ခဲ့ကြရတဲ့အနေအထားရောက်ခဲ့တာပါ။ သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး လက်ခံသူပရိသတ်များရှိသလို လက်မခံနိုင်တဲ့ ပရိသတ်တွေလည်း ရှိနေခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်အချို့ကြောင့်လည်း လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာဖြေဆိုထားခဲ့ဖူးပါတယ်။

သင်ဇာဝင့်ကျော်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ သူမကိုအပြည့်အဝ နားလည်ပေးနိုင်သူတွေကိုသာ စဉ်းစားမှာဖြစ်တယ်လို့ ပြောထားဖူးတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေက Single လို့ထင်မှတ်ထားတဲ့ သင်ဇာတစ်ယောက် ယနေ့မှာတော့ စိတ်ဝင်စားသူ ပရိသတ်အချို့ရဲ့ ဖော်ထုတ်မှုကြောင့် သူမရဲ့ ချစ်သူကို သိရှိခဲ့ကြတာဖြစ်ပါတယ်။

သင်ဇာလေးကတော့ သူမရဲ့ ချစ်သူနဲ့အတူ မောဒိုက်ကမ်းခြေကိုရောက်ရှိနေခဲ့တာဖြစ်ပြီးတော့ ဒီမတိုင်ခင်မှာလည်း မလေးရှားမှာ ချစ်သူနဲ့အတူ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရေစိမ်ကန်ထဲက ပုံရိပ်နဲ့အတူ တက်တူးပုံလက်တစ်ဖက်က သူမရဲ့ပရိသတ်တွေကြား ဂယက်ရိုက်စေခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားသူ ပရိသတ်အချို့က ထိုလက်တစ်ဖက်ပိုင်ရှင်ကို ရှာဖွေခဲ့ရာမှ နိုင်ငံခြားသား တစ်ဦးဖြစ်နေတာကိုတွေ့ရှိခဲ့ကြတာပါ။ သူ့ရဲ့အင်စတာဂရမ်အကောင့်ထဲမှာတော့ သင်ဇာနဲ့အတူ Follow me ပုံစံလေးကို ရိုက်ကူးထားတာတွေ့ရမှာပါ။ သင်ဇာ့ကိုစိတ်ဝင်စားနေတဲ့ ပရိသတ်ကြီးဖော်ထုတ်လိုက်တဲ့ ပုံရိပ်လေးတွေကို ဖော်ထုတ်လိုက်ကြတဲ့အပြင် သင်ဇာကတော့ ကမ်းခြေမှာ ချစ်သူနဲ့အတူ လက်ဝါးချင်းရိုက် အထိမ်းအမှတ်ပုံစံ ဗီဒီယိုလေးကို သူမတို့ Story အသီးသီးမှာ တင်ထားခဲ့ကြတာပါ။
ဖိုးသူတော်(www.phothutaw.com)
Credit:We Love Cele
Video-Thin Zar Wint Kyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top