မဂၤလာဦးညဆိုတာ ခ်စ္သူႏွစ္ေယာက္ တစ္စိတ္တည္း တစ္ကိုယ္တည္း အျဖစ္ စတင္ၿပီး ေပါင္းသင္းဆက္ဆံမယ့္ အမွတ္တရအခ်ိန္အခါပါ။ ဒီအခ်ိန္ဒီအခါကစလို႔ ႏွစ္ကိုယ့္တစ္စိတ္ေနၾကရေတာ့မယ္မလား၊ ဒီလိုႏွစ္ကိုယ့္တစ္စိတ္ေနတဲ့အခ်ိန္မွာ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရး ျဖစ္ဖုိ႔ လိုပါတယ္။

 ေပ်ာ္စရာေကာင္းတဲ့အိမ္ေထာင္ေရး ျဖစ္ဖုိိ႔ ခ်စ္တင္းေႏွာတာကိုလည္း ေမ့ထားလို႔ မရဘူးေလေနာ္။ ဒီေတာ့ မဂၤလာဦးညကစလို႔ အဆင္ေျပေျပျဖစ္ၿပီး မလြဲေခ်ာ္ရေအာင္ ႀကိဳတင္ျပင္ဆင္သင့္တာေလးေတြ ေျပာျပမယ္ေနာ္။
တကိုယ္ရည္သန္႔ရွင္းေရး

ခ်စ္တင္းေႏွာတဲ့အခါ ခႏၶာကိုယ္မွာ အနံ႔ဆိုးေတြ ရွိေနရင္ ဘယ္အဆင္ေျပမလဲ၊ ဒီေတာ့ တကိုယ္ရည္ သန္႔ရွင္းေရးကို ဦးစားေပးၿပီး ေဆာင္ရြက္ထားသင့္ပါတယ္။ သန္႔ရွင္းၿပီး ေမႊးႀကိဳင္ေနရင္ ခ်စ္တင္းေႏွာတဲ့အခါ စိတ္သာယာၾကည္ႏူးမႈ ပိုရေစတယ္ေလ။ ဒီေတာ့ ခ်စ္တင္းမေႏွာခင္ ေရအရင္ခ်ိဳးလို္က္ပါ။

အာရံုစိုက္ပါ

ခ်စ္တင္းေႏွာတဲ့အခါ စိတ္ပ်က္လက္ပ်က္ မျဖစ္ဘဲ ဆြဲေဆာင္မႈ ရွိေနဖုိ႔ အရမ္း အေရးႀကီးပါတယ္။ ဆြဲေဆာင္မႈ ရွိေနဖုိ႔ဆိုရင္ေတာ့ ကိုယ့္အိမ္ေထာင္ဘက္ရဲ႕ မ်က္စိထဲမွာ ကိုယ္သာ အလွဆံုး ျဖစ္ေနဖု႔ိ လိုတယ္ေနာ္။ ခ်စ္တင္းေႏွာတဲ့အခါမွာ ဆြဲေဆာင္မႈ ရွိဖုိ႔ အတြင္းခံကို Sexy က်က်ေလး ဝတ္တတ္ဖုိ႔ လိုပါတယ္။ ကိုယ့္ရဲ႕အသားအေရ အေရာင္၊ ခႏၶာကိုယ္နဲ႔ လိုက္မယ့္ အတြင္းခံေလး ေရြးခ်ယ္ပါ။

စိတ္ကသိကေအာက္ ျဖစ္ေအာင္ မလုပ္ပါနဲ႔

ခ်စ္တင္းေႏွာျခင္းအစမွာေတာ့ အဆင္မေျပတာေလးေတြ ရွိေကာင္းရွိတတ္ပါတယ္။ ဒါေပမယ့္ ကိုယ္ကလည္း သူ႔စိတ္ကိုလိုက္ဖုိ႔လိုသလို သူကလည္း ကိုယ့္စိတ္ကို လိုက္ေလ်ာဖို႔ လိုပါတယ္။ စိတ္ကသိကေအာက္ ျဖစ္ေအာင္ ေျပာတာ၊ ျပဳမူတာေတြက ဆြဲေဆာင္မႈ ေလ်ာ့က်ေစပါတယ္။

ခ်စ္တင္းေႏွာတဲ့အခါ လြဲေခ်ာ္မႈေတြ မျဖစ္ရေအာင္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစမယ့္ စကားေတြ မေျပာပါနဲ႔ေနာ္။ ဥပမာ “မဂၤလာဦးညကို ရက္ေရြ႔ၾကမယ္ေလ”၊ “အရမ္းအိပ္ခ်င္ေနၿပီ”၊ “မနက္က် အလုပ္သြားရမွာ” ဒါမ်ိဳးေလးေတြ မေျပာဘဲ မဂၤလာဦးညကို ျဖတ္သန္းပါေနာ္။
လိုက္ေလ်ာပါ

ခ်စ္တင္းေႏွာတဲ့အခါမွာ လြဲေခ်ာ္မႈေတြ မရွိရေလေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ေတြ၊ ဆႏၵေတြကို လိုက္ေလ်ာပါ။ အခ်ိန္ယူပါ။ ဒီအခ်က္က အရမ္းအေရးႀကီးပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


မင်္ဂလာဦးညဆိုတာ ချစ်သူနှစ်ယောက် တစ်စိတ်တည်း တစ်ကိုယ်တည်း အဖြစ် စတင်ပြီး ပေါင်းသင်းဆက်ဆံမယ့် အမှတ်တရအချိန်အခါပါ။ ဒီအချိန်ဒီအခါကစလို့ နှစ်ကိုယ့်တစ်စိတ်နေကြရတော့မယ်မလား၊ ဒီလိုနှစ်ကိုယ့်တစ်စိတ်နေတဲ့အချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်။

 ပျော်စရာကောင်းတဲ့အိမ်ထောင်ရေး ဖြစ်ဖို့ ချစ်တင်းနှောတာကိုလည်း မေ့ထားလို့ မရဘူးလေနော်။ ဒီတော့ မင်္ဂလာဦးညကစလို့ အဆင်ပြေပြေဖြစ်ပြီး မလွဲချော်ရအောင် ကြိုတင်ပြင်ဆင်သင့်တာလေးတွေ ပြောပြမယ်နော်။
တကိုယ်ရည်သန့်ရှင်းရေး

ချစ်တင်းနှောတဲ့အခါ ခန္ဓာကိုယ်မှာ အနံ့ဆိုးတွေ ရှိနေရင် ဘယ်အဆင်ပြေမလဲ၊ ဒီတော့ တကိုယ်ရည် သန့်ရှင်းရေးကို ဦးစားပေးပြီး ဆောင်ရွက်ထားသင့်ပါတယ်။ သန့်ရှင်းပြီး မွှေးကြိုင်နေရင် ချစ်တင်းနှောတဲ့အခါ စိတ်သာယာကြည်နူးမှု ပိုရစေတယ်လေ။ ဒီတော့ ချစ်တင်းမနှောခင် ရေအရင်ချိုးလိုက်ပါ။

အာရုံစိုက်ပါ

ချစ်တင်းနှောတဲ့အခါ စိတ်ပျက်လက်ပျက် မဖြစ်ဘဲ ဆွဲဆောင်မှု ရှိနေဖို့ အရမ်း အရေးကြီးပါတယ်။ ဆွဲဆောင်မှု ရှိနေဖို့ဆိုရင်တော့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ မျက်စိထဲမှာ ကိုယ်သာ အလှဆုံး ဖြစ်နေဖု့ိ လိုတယ်နော်။ ချစ်တင်းနှောတဲ့အခါမှာ ဆွဲဆောင်မှု ရှိဖို့ အတွင်းခံကို Sexy ကျကျလေး ဝတ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့အသားအရေ အရောင်၊ ခန္ဓာကိုယ်နဲ့ လိုက်မယ့် အတွင်းခံလေး ရွေးချယ်ပါ။

စိတ်ကသိကအောက် ဖြစ်အောင် မလုပ်ပါနဲ့

ချစ်တင်းနှောခြင်းအစမှာတော့ အဆင်မပြေတာလေးတွေ ရှိကောင်းရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း သူ့စိတ်ကိုလိုက်ဖို့လိုသလို သူကလည်း ကိုယ့်စိတ်ကို လိုက်လျောဖို့ လိုပါတယ်။ စိတ်ကသိကအောက် ဖြစ်အောင် ပြောတာ၊ ပြုမူတာတွေက ဆွဲဆောင်မှု လျော့ကျစေပါတယ်။

ချစ်တင်းနှောတဲ့အခါ လွဲချော်မှုတွေ မဖြစ်ရအောင် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ မပြောပါနဲ့နော်။ ဥပမာ “မင်္ဂလာဦးညကို ရက်ရွေ့ကြမယ်လေ”၊ “အရမ်းအိပ်ချင်နေပြီ”၊ “မနက်ကျ အလုပ်သွားရမှာ” ဒါမျိုးလေးတွေ မပြောဘဲ မင်္ဂလာဦးညကို ဖြတ်သန်းပါနော်။
လိုက်လျောပါ

ချစ်တင်းနှောတဲ့အခါမှာ လွဲချော်မှုတွေ မရှိရလေအောင် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ၊ ဆန္ဒတွေကို လိုက်လျောပါ။ အချိန်ယူပါ။ ဒီအချက်က အရမ်းအရေးကြီးပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top