ေလ့က်င့္ခန္းေတြဟာ သင့္ကိုယ္ခႏၶာအတြက္သာမက အသက္ႀကီးရင့္တဲ့ ဦးေႏွာက္ေတြအတြက္ပါ အက်ိဳးရွိတယ္ဆိုတာ သင္သိၿပီးျဖစ္ႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ အသက္ႀကီးလို႔ျဖစ္တဲ့ ဦးေႏွာက္ေရာဂါေတြကို ေရွာင္က်ဥ္ႏိုင္ပါသလား၊ အေျဖကေတာ့ မွန္ပါတယ္။ ေအာက္ေဖၚျပပါ ေလ့က်င့္ခန္းသံုးခုဟာ သင္သိသင့္တဲ့ ဦးေႏွာက္အတြက္ေကာင္းမြန္တဲ့ ေလ့က်င့္ခန္းေတြပဲ ျဖစ္ပါတယ္။

ေလ့က်င့္ခန္းေတြက အသက္ႀကီးရင့္တဲ့ ဦးေႏွာက္ကို ကူညီႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းဟာ မွတ္ဥာဏ္မေကာင္းျခင္းနဲ႔ Alzheimer’s ေရာဂါေတြကို ကာကြယ္ေပးပါတယ္။ ေလ့က်င့္ခန္းဟာ insulin resistance၊ ေရာင္ရမ္းျခင္း ေတြကို ေလ်ာ့က်ေစၿပီး ဦးေႏွာက္မွာ ရွိတဲ့ ဆဲလ္ေတြရဲ႕ ဖြံ႔ၿဖိဳးမႈကို လႈံေဆာ္ေပးကာ ဦးေႏွာက္ဆဲလ္အသစ္ ျဖစ္ေပၚမႈကို အားေပးပါတယ္။ ဦးေႏွာက္မွာ ဆဲလ္အသစ္ ျဖစ္တာနည္းေလေလ အသက္ႀကီးလာတဲ့အခါ ေသြးေၾကာေတြ ဒုကၡေရာက္ေလေလ ျဖစ္တာေၾကာင့္ ဒါဟာ အေရးႀကီးပါတယ္။

ေလ့လာမႈေတြက ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္ကို ေကာင္းေကာင္းအိပ္ေပ်ာ္ေစၿပီး စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးလည္း ေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။ ေကာင္းစြာ အိပ္ေပ်ာ္ျခင္းဟာ သင့္မွတ္ဥာဏ္ ကို ထိခိုက္ေစတဲ့ အလုပ္ေၾကာင့္  ျဖစ္တဲ့စိတ္ဖိစီးမႈနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ေအရိုးဗစ္ ေလ့က်င့္ခန္းမ်ား

ေအရိုးဗစ္ ေလ့က်င့္ခန္း ေတြဟာ သင့္ရဲ႕ ႂကြက္သား၊ အဆစ္၊ အရိုးေတြေပၚမွာ ဖိအားသက္ေရာက္ျခင္း သိပ္မမ်ားတာေၾကာင့္ ထိေရာက္မႈနည္းတဲ့ ေလ့က်င့္ခန္းေတြလို႔ သက္မွတ္ႏိုင္ပါတယ္။ ေအရိုးဗစ္ ေလ့က်င့္ခန္းေတြဟာ ႏွလံုးခုန္ကို ပိုျမန္ေစႏိုင္ၿပီး ေသြးကို ဦးေႏွာက္ထဲကိုပိုမိုညွစ္ထုတ္ ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္ဆဲလ္အသစ္ျဖစ္ဖို႔နဲ႔ သူတို႔အခ်င္းခ်င္းၾကားက ဆက္သြယ္မႈကို ကူူညီေပးႏိုင္ပါတယ္။

အေတြ႔မ်ားတဲ့ ေအရိုးဗစ္ ေလ့က်င့္ခန္းေတြကေတာ့ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း၊ စက္ဘီးစီးျခင္းနဲ႔ ေရကူးျခင္းေတြပဲ ျဖစ္ပါတယ္။ တစ္ေန႔ကို ေလ့က်င့္ခန္း၄၅ မိနစ္ေလာက္၊ တစ္ပတ္မွာ အနည္းဆံုး သံုးႀကိမ္လုပ္ျခင္းဟာ အက်ိဳး ရွိပါတယ္။

ေယာဂ

ေယာဂဟာ ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳခဲ့ၾကတဲ့ ေလ့က်င့္ခန္း တစ္မ်ိဳးျဖစ္ပါတယ္။ ေယာဂဟာ စိတ္နဲ႔ ကိုယ္ခႏၶာရဲ႕ ဆက္စပ္မႈေပၚ အဓိကထားပါတယ္။ ဒါေၾကာင့္ စိတ္ေရာကိုယ္ပါ တည္ၿငိမ္ ေအးခ်မ္းေစပါတယ္။

Sahaja yoga ကို လုပ္ၾကည့္ႏိုင္ပါတယ္။ ဒီေယာဂအမ်ိဳးအစားဟာ စိတ္ပူျခင္းကို ေလ်ာ့ေစၿပီး ဘဝအရည္အတြး ျမင့္ေစကာ စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္ေပးပါတယ္။ Hatha yoga ကေတာ့ ဖိအားကို ေလ်ာ့ဖို႔ ကူညီေပးႏိုင္ပါတယ္။

ကြ်မ္းက်င္သူေတြသင္ေပးတဲ့ ေယာဂသင္တန္း တက္ျခင္း (သို႔) အိမ္ တြင္ ေယာဂကစားျခင္းေတြ လုပ္ႏိုင္ပါတယ္။ ေယာဂလုပ္ဖို႔ ပစၥည္းကိရိယာ အမ်ားႀကီးမလိုအပ္ပါဘူး။ ဖ်ာတစ္ခုသာ လိုအပ္မွာ ျဖစ္ပါတယ္။

ထိုက္က်ိ (Tai Chi)

Tai Chi ဟာ တရုတ္ရိုးရာ ကစားနည္းတစ္ခုျဖစ္ၿပီး Tai Chi Chuan လို႔ အသိမ်ားပါတယ္။ အခုေခတ္မွာေတာ့ Tai Chi ကို ေလ့က်င့္ခန္းအေနနဲ႔ အသံုးျပဳၾကပါတယ္။ သူ႔မွာ ညင္သာတဲ့ ကိုယ္ခႏၶာ လႈပ္ရွားမႈေတြနဲ႔ အေၾကာဆန္႔ျခင္းေတြ ပါဝင္ပါတယ္။ Tai Chi မွာ အသက္ျပင္းျပင္းရွဴၿပီး လႈပ္ရွားမႈေတြကို ျဖည္းညင္းစြာ ျပဳလုပ္ရတာ ျဖစ္ပါတယ္။

ဒီလႈပ္ရွားမႈေတြကို ရပ္နားမႈမရွိပဲ ျပဳလုပ္ရတာျဖစ္ၿပီး ကုိယ္ခႏၶာဟာ ညင္သာစြာ လႈပ္ရွားေနမွာျဖစ္ပါတယ္။ Tai Chi ဟာ ေယဘုယ်အားျဖင့္ စိတ္ခ်ရေပမယ့္ သင့္မွာ အရိုးက်ိဳးျခင္း၊ အဆစ္ျပႆနာေတြရွိရင္ ဒီနည္းကို မျပဳလုပ္မီ ဆရာဝန္ကို ေမးျမန္းသင့္ပါတယ္။

အသက္ႀကီးသူေတြေတာင္မွ ေလ့က်င့္ခန္းလုပ္ျခင္းကေန အက်ိဳးေက်းဇူး ရရွိႏိုင္ပါတယ္။ ဦးေႏွာက္အပါအဝင္ ကိုယ္ခႏၶာ အစိတ္အပိုင္းအကုန္လံုးဟာ ေလ့က်င့္ခန္းေၾကာင့္ အက်ိဳးရွိႏိုင္ပါတယ္။ ဒါေပမယ့္ သင့္အတြက္ သင့္ေလ်ာ္တဲ့ ေလ့က်င့္ခန္းအမ်ိဳးအစားကို သိရွိဖို႔ ဆရာဝန္၊ ဆရာမ၊ အျခားက်န္းမာေရးေစာင့္ေရွာက္သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက အသက်ကြီးရင့်တဲ့ ဦးနှောက်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတာ သင်သိပြီးဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါတွေကို ရှောင်ကျဉ်နိုင်ပါသလား၊ အဖြေကတော့ မှန်ပါတယ်။ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းသုံးခုဟာ သင်သိသင့်တဲ့ ဦးနှောက်အတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းတွေက အသက်ကြီးရင့်တဲ့ ဦးနှောက်ကို ကူညီနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ မှတ်ဉာဏ်မကောင်းခြင်းနဲ့ Alzheimer’s ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းဟာ insulin resistance၊ ရောင်ရမ်းခြင်း တွေကို လျော့ကျစေပြီး ဦးနှောက်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးကာ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးနှောက်မှာ ဆဲလ်အသစ် ဖြစ်တာနည်းလေလေ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ ဒုက္ခရောက်လေလေ ဖြစ်တာကြောင့် ဒါဟာ အရေးကြီးပါတယ်။

လေ့လာမှုတွေက လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကောင်းစွာ အိပ်ပျော်ခြင်းဟာ သင့်မှတ်ဉာဏ် ကို ထိခိုက်စေတဲ့ အလုပ်ကြောင့်  ဖြစ်တဲ့စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။

အေရိုးဗစ် လေ့ကျင့်ခန်းများ

အေရိုးဗစ် လေ့ကျင့်ခန်း တွေဟာ သင့်ရဲ့ ကြွက်သား၊ အဆစ်၊ အရိုးတွေပေါ်မှာ ဖိအားသက်ရောက်ခြင်း သိပ်မများတာကြောင့် ထိရောက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေလို့ သက်မှတ်နိုင်ပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းတွေဟာ နှလုံးခုန်ကို ပိုမြန်စေနိုင်ပြီး သွေးကို ဦးနှောက်ထဲကိုပိုမိုညှစ်ထုတ် ပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ဆဲလ်အသစ်ဖြစ်ဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်သွယ်မှုကို ကူူညီပေးနိုင်ပါတယ်။

အတွေ့များတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းတွေပဲ ဖြစ်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ခန်း၄၅ မိနစ်လောက်၊ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လုပ်ခြင်းဟာ အကျိုး ရှိပါတယ်။

ယောဂ

ယောဂဟာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတဲ့ လေ့ကျင့်ခန်း တစ်မျိုးဖြစ်ပါတယ်။ ယောဂဟာ စိတ်နဲ့ ကိုယ်ခန္ဓာရဲ့ ဆက်စပ်မှုပေါ် အဓိကထားပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တည်ငြိမ် အေးချမ်းစေပါတယ်။

Sahaja yoga ကို လုပ်ကြည့်နိုင်ပါတယ်။ ဒီယောဂအမျိုးအစားဟာ စိတ်ပူခြင်းကို လျော့စေပြီး ဘဝအရည်အတွး မြင့်စေကာ စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးပါတယ်။ Hatha yoga ကတော့ ဖိအားကို လျော့ဖို့ ကူညီပေးနိုင်ပါတယ်။

ကျွမ်းကျင်သူတွေသင်ပေးတဲ့ ယောဂသင်တန်း တက်ခြင်း (သို့) အိမ်တွင် ယောဂကစားခြင်းတွေ လုပ်နိုင်ပါတယ်။ ယောဂလုပ်ဖို့ ပစ္စည်းကိရိယာ အများကြီးမလိုအပ်ပါဘူး။ ဖျာတစ်ခုသာ လိုအပ်မှာ ဖြစ်ပါတယ်။

ထိုက်ကျိ (Tai Chi)

Tai Chi ဟာ တရုတ်ရိုးရာ ကစားနည်းတစ်ခုဖြစ်ပြီး Tai Chi Chuan လို့ အသိများပါတယ်။ အခုခေတ်မှာတော့ Tai Chi ကို လေ့ကျင့်ခန်းအနေနဲ့ အသုံးပြုကြပါတယ်။ သူ့မှာ ညင်သာတဲ့ ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေနဲ့ အကြောဆန့်ခြင်းတွေ ပါဝင်ပါတယ်။ Tai Chi မှာ အသက်ပြင်းပြင်းရှူပြီး လှုပ်ရှားမှုတွေကို ဖြည်းညင်းစွာ ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေကို ရပ်နားမှုမရှိပဲ ပြုလုပ်ရတာဖြစ်ပြီး ကိုယ်ခန္ဓာဟာ ညင်သာစွာ လှုပ်ရှားနေမှာဖြစ်ပါတယ်။ Tai Chi ဟာ ယေဘုယျအားဖြင့် စိတ်ချရပေမယ့် သင့်မှာ အရိုးကျိုးခြင်း၊ အဆစ်ပြဿနာတွေရှိရင် ဒီနည်းကို မပြုလုပ်မီ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

အသက်ကြီးသူတွေတောင်မှ လေ့ကျင့်ခန်းလုပ်ခြင်းကနေ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ ဦးနှောက်အပါအဝင် ကိုယ်ခန္ဓာ အစိတ်အပိုင်းအကုန်လုံးဟာ လေ့ကျင့်ခန်းကြောင့် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်အတွက် သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကို သိရှိဖို့ ဆရာဝန်၊ ဆရာမ၊ အခြားကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top