ကုိယ့္ကုိကုိယ္ အထင္မေသးပါနဲ႔
လူတစ္ေယာက္ဟာလမ္းေလ်ွာက္လာရင္း ဆင္ေတြကုိ ျမင္ၿပီး ရုတ္တရက္ ရပ္တန္႔လုိက္ပါတယ္။
ဆင္ေတြရဲ႕ေရွ႕လက္မွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ထားၿပီး ေျမျပင္ေပၚမွာ တုတ္ရုိက္ထားတာကုိ ေတြ႕လုိက္ရလုိ႔ ျဖစ္ပါတယ္။
သူ အံ့ၾသသြားပါတယ္။
“ ဒီ ဧရာမသတၱဝါႀကီးေတြကုိ ဘာျဖစ္လုိ႔ ႀကိဳးေသးေသးနဲ႕ ခ်ည္ထားတာေတာင္ ဆင္ေတြမေျပးတာလဲ၊
သံမဏိႀကိဳးလည္း မဟုတ္၊ ေလွာင္အိမ္လည္း မဟုတ္ဘဲနဲ႕ ဒီေကာင္ႀကီးေတြ အလြယ္တကူရုန္းၿပီး ထြက္ေျပးႏုိင္တာကုိ ဘာလုိ႔ မေျပးၾကတာလဲ” လုိ႕ တစ္ေယာက္တည္း ေတြးမိလုိက္ပါတယ္။
အဲလုိနဲ႔ အနီးနားမွာရွိတဲ့ ဆင္ထိန္းကုိ ေမးလုိက္ပါတယ္။
“ အကုိဆင္ထိန္း ဆင္ဆုိတဲ့သတၱဝါက ေတာ္ေတာ္အားသန္တာဗ်၊ ႀကိဳးေသးေသးေလးနဲ႕ ထိန္းထားတာကုိ ဘာလုိ႔မေျပးၾကတာလဲ၊ ရန္မူမွာ မေၾကာက္ဖူးလား၊ သံႀကိဳးလည္း မဟုတ္ဘဲနဲ႔ဗ်ာ၊ အံပါရဲ႕” လုိ႔ ေမးလုိက္ပါတယ္။
ဆင္ထိန္းက
“ ေကာင္းၿပီ ကြ်န္ေတာ္ရွင္းျပမယ္၊ ဒီဆင္ေတြ ငယ္ငယ္တုန္းက ဆင္ေပါက္စ ဘဝတုန္းက ေပါ့ဗ်ာ၊ အဲဒီႀကိဳးေလးနဲ႔ ခ်ီထားတာ၊ သူတုိ႔ မရုန္းႏုိင္ခဲ့ပါဘူး၊
အားက မသန္ေသးတာကုိ၊ အခု ႀကီးလာေတာ့လည္း အဲဒီႀကိဳးေလးနဲ႔ပဲ ခ်ီထားလုိက္တာပဲ၊ ဆင္ေတြရဲ႕စိတ္ထဲမွာ ဒီႀကိဳးကုိ သူတို႔ဘယ္ေတာ့မွာ မရုန္းႏုိင္ဘူးလုိ႔ စိတ္စြဲေနတာဗ်”
လုိ႔ ျပန္ေျဖလုိက္ပါတယ္။
လူ႕ဘဝဆုိတာလည္း အဲဒီအတုိင္းပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ကုိယ္မစြမ္းေဆာင္ခဲ့ႏုိင္တာကုိ တစ္သက္လုံး ငါဘယ္ေတာ့မွ မလုပ္ႏုိင္ဘူးလုိ႔ အရွံဳးေပးလက္ေလ်ာ့တက္ၾကပါတယ္။
တကယ္ေတာ့ ဘဝဆုိတာ လက္ေဝွ႔ႀကိဳးဝုိင္းလုိပါပဲ။ ၾကမ္းျပင္ေပၚ လဲသြားတာကုိ ႀကိဳးဝုိင္းဒုိင္က အရွံဳးလုိ႔ မသတ္မွတ္ပါဘူး။
သင္ျပန္မထလာမွ အရွံဳးလုိ႔ သတ္မွတ္လုိက္တာပါ။ အရွံဳးဆုိတာကုိ ရင္ဝယ္ပုိက္ထားရင္ တစ္သက္လုံးရွံဳးမွာ ေသခ်ာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kyaw Soe Aung
# Unicode Version # ျဖင့္ ဖတ္ပါ #
လူတစ်ယောက်ဟာလမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။
ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။
သူ အံ့သြသွားပါတယ်။
“ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊
သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။
အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။
“ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။
ဆင်ထိန်းက
“ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊
အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ”
လို့ ပြန်ဖြေလိုက်ပါတယ်။
လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။
တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။
သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Kyaw Soe Aung