ဒါရုိက္တာဝိုင္းနဲ႔ ဏၾကီးဟာ မၾကာေသးမီက က်င္းပျပဳလုပ္သြားခဲ့တဲ့ AIFFA 2019 (Asia International Film Festival & Awards) အာရွရုပ္ရွင္ပြဲေတာ္နဲ ႔ဆုေပးပြဲၾကီးမွာ ဆန္ခါတင္စာရင္းပါဝင္ခဲ့ျပီး တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ ဒါရုိက္တာဝိုင္းရဲ႕ ေရႊၾကာဇာတ္ကားက ဆန္ခါတင္စာရင္းဝင္ခဲ့သလို ဒါရုိက္တာ ဏၾကီးရဲ႕ မီဇာတ္ကားနဲ႔ မင္းသမီးပိုင္္ျဖိဳးသုက အေကာင္းဆံုးမင္းသမီးဆုဆန္္ခါတင္္ပါဝင္ျပီး တကယ္လည္းဆုရရွိခ့ဲတာပဲျဖစ္ပါတယ္။ အခုလတ္တေလာ လူမႈကြန္ယက္ေတြမွာပ်ံ႕နွံ႔ေနတာကေတာ့ အဲဒီ ဆုေပးပြဲမွာ အင္တာဗ်ဴးေတြေျဖခဲ့တဲ့ ဒါရိုက္တာဝုိင္းနဲ႔ ပိုင္ျဖိဳးသုတို႔ဇနီးေမာင္နွံရဲ႕ video ေတြက လူမႈကြန္ယက္ေတြမွာပ်ံ႕နွံ႕လာပါတယ္။

အဲဒီ video ေတြထဲမွာ ပုိင္ျဖိဳးသုတို႔ဇနီးေမာင္နွံကုိ အင္တာဗ်ဴးထားရာမွာ ေခ်ာေမြ႕သြက္လက္တဲ့အဂၤလိပ္စကားနဲ႔ စတုိင္က်စြာ ခ်က္နဲ႔လက္နဲ႔ေျဖဆိုထားတာကိုေတြ႕ရပါတယ္။ AIFFA 2019 မွာ ပါဝင္ရတဲ့ ခံစားခ်က္ကုိ ဒါရိုက္္တာက ဏၾကီးက “တကယ္ကိုအရမ္းေကာင္းတဲ့ပြဲတစ္ပြဲပါ။ ဒါက ကြ်န္ေတာ့္္ကို မ်က္စိပြင့္နားပြင့္ျဖစ္ေစတယ္။ တကယ္ေကာင္းတဲ့ ရုပ္ရွင္ေတြအမ်ားၾကီး အာရွမွာ ထြက္လာေနတယ္။ ကြ်န္ေတာ္တို႔ ဒီထက္အမ်ားၾကီးပုိျပီးၾကိဳးစားရမယ္။ အဲဒါက ေကာင္းပါတယ္။ ခံစားခ်က္လည္းေကာင္းတယ္။

လူေကာင္းေတြအမ်ားၾကီးနဲ႔လည္းကြ်န္ေတာ္ေတြ႕ခြင့္ရတယ္”လို႔ ေခ်ာေမြ႕တဲ့လူၾကီးလူေကာင္းဆန္တဲ့ အဂၤလိပ္စာအသံုးအနႈန္းနဲ႔ေျပာသြားခဲ့ျပီး မီ ရုပ္ရွင္ဇာတ္ကားၾကီး ဆန္ခါတင္စာရင္းပါခဲ့တဲ့ ရင္ခုန္သံကုိေတာ့ “ကြ်န္ေတာ္ ေတာ္ေတာ္ေလးအံ့ၾသသြားခဲ့တယ္။ ကြ်န္ေတာ္တို႔က ဆန္ခါတင္စာရင္းသံုးခုမွာ မီက ပါေနတာ။ အေကာင္းဆံုးဇာတ္ကားနဲ႔ အေကာင္းဆံုးအမ်ိဳးသမီးသရုပ္ေဆာင္ဆုလည္းပါတယ္။ ကြ်န္ေတာ္တို႔ တကယ္လည္း အံ့ၾသသြားခဲ့ျပီး ဒီလိုအသိအမွတ္ျပဳခံရတာ တကယ္ေကာင္းပါတယ္။ ကြ်န္ေတာ္တို႔အရမ္းလည္းေပ်ာ္ပါတယ္”လို႔ ေျဖၾကားသြားခဲ့ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ အေကာင္းဆံုးအမ်ိဳးသမီးသရုပ္ေဆာင္အျဖစ္ ဆန္ခါတင္ပါဝင္ရတဲ့ ခံစားခ်က္ကို “ကြ်န္မလည္း အမ်ိဳးသားေျပာသလုိပဲ ေတာ္ေတာ္ေလးအံ့ၾသသြားခဲ့တာ့ပါ။ ဆန္ခါတင္စာရင္းမွာပါတယ္လို႔ ေျပာေတာ့ ကြ်န္မျဖင့္ ယံုေတာင္မယံုနုိင္ဘူး။ ကြ်န္မတို႔ ဒီလိုလာေရာက္ပါဝင္ရတာ အရမ္းကုိဂုဏ္ယူရပါတယ္။ ကြ်န္မတို႔ရဲ႕ဇာတ္ကားက ဆန္ခါတင္ထဲပါတဲ့အတြက္လည္းပုိျပီး ဂုဏ္ယူရပါတယ္။ ကြ်န္မ ကုိယ့္ကုိယ္ကုိယ္ေတာင္ ဘယ္လိုခံစားရလဲ ေျပာမျပတတ္ေတာ့ဘူး”လို႔ ေကာင္းမြန္တဲ့ေလယူေလသိမ္းနဲ႔အဂၤလိပ္လိုေျဖၾကားသြားခဲ့တာပါ။

ဒါရိုက္တာဝိုင္းကေတာ့ AIFFA 2019 နဲ႔ပတ္သက္ျပီးဘယ္လိုခံစားရလဲဆိုတဲ့ ေမးခြန္းကို “ဘာပဲေျပာေျပာ ခမ္းနားတဲ့ပြဲတစ္ပြဲပါ”လို႔ ျမန္မာလိုေျဖၾကားထားျပီး ေရႊၾကာရုပ္္ရွင္ဇာတ္ကား ဆန္ခါတင္ပါဝင္တဲ့အတြက္ ရင္ခုန္သံနဲ႔ ဇာတ္ပို႔ေတြအေၾကာင္းေမးထားတဲ့ေမးခြန္းကိုေတာ့ “ဒီတဲလန္႔အသစ္တစ္္ေယာက္မင္းသားအသစ္တစ္ေယာက္ကုိ ေရႊၾကာမွာ nominated ဝင္တဲ့အတြက္အရမ္းဝမ္းသာပါတယ္။

ဂုဏ္လည္းယူပါတယ္”လို႔ ျမန္မာလိုပဲေျဖသြားပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ျပီး ပရိသတ္ေတြက ဒါရိုက္္တာဝိုင္္းကုိ အဂၤလိပ္လိုမေျဖလို႔ ေဝဖန္ေနၾကတဲ့လူေတြရွိသလို ဇာတ္ပုိ႔အေၾကာင္းေမးတာကုိ မင္းသားအေၾကာင္းေျဖသြားလို႔ အဂၤလိပ္လုိနားမလည္ဘူးဆိုျပီး ေဝဖန္သူေတြလည္းမ်ားျပားေနသလုိ အဂၤလိပ္စာကုိကုိယ့္မိခင္ဘာသာစကားလိုေအးေအးေဆးေဆးရယ္ေမာရင္္းသံုးနႈန္းသြားနဲ႔ ဒါရိုက္တာဏၾကီးတို႔ဇနီးေမာင္နွံနဲ႔ နိႈင္းယွဥ္ျပီးေတာ့လည္း ျပင္းထန္စြာေဝဖန္ခံေနရတာျဖစ္ပါတယ္။

ဒါရိုက္တာ ခရစ္စတီးနားခီကေတာ့ မၾကာေသးမီက သူမရဲ႕လူမႈကြန္ယက္မွာ လူတစ္ေယာက္အဂၤလိပ္စာအားနည္းတာကုိမေလွာင္သင့္ဘူးလို႔ ေရးသားထားခဲ့တာလည္းျမင္္ေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဒါရိုက္တာဝိုင္းရဲ႕ ေမးခြန္းမွားေျဖသြားတာနဲ႔ ျမန္မာလိုပဲေျဖသြားတာနဲဲ႔ပတ္သက္ျပီး ဘယ္္လိုျမင္ၾကလဲ။ ကုိယ့္အျမင္ေလးေတြကိုေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:nanmalgyi

#Unicode Version#
ဒါရိုက်တာဝိုင်းနဲ့ ဏကြီးဟာ မကြာသေးမီက ကျင်းပပြုလုပ်သွားခဲ့တဲ့ AIFFA 2019 (Asia International Film Festival & Awards) အာရှရုပ်ရှင်ပွဲတော်နဲ့ဆုပေးပွဲကြီးမှာ ဆန်ခါတင်စာရင်းပါဝင်ခဲ့ပြီး တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းရဲ့ ရွှေကြာဇာတ်ကားက ဆန်ခါတင်စာရင်းဝင်ခဲ့သလို ဒါရိုက်တာ ဏကြီးရဲ့ မီဇာတ်ကားနဲ့ မင်းသမီးပိုင်ဖြိုးသုက အကောင်းဆုံးမင်းသမီးဆုဆန်ခါတင်ပါဝင်ပြီး တကယ်လည်းဆုရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုလတ်တလော လူမှုကွန်ယက်တွေမှာပျံ့နှံ့နေတာကတော့ အဲဒီ ဆုပေးပွဲမှာ အင်တာဗျူးတွေဖြေခဲ့တဲ့ ဒါရိုက်တာဝိုင်းနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံရဲ့ video တွေက လူမှုကွန်ယက်တွေမှာပျံ့နှံ့လာပါတယ်။

အဲဒီ video တွေထဲမှာ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကို အင်တာဗျူးထားရာမှာ ချောမွေ့သွက်လက်တဲ့အင်္ဂလိပ်စကားနဲ့ စတိုင်ကျစွာ ချက်နဲ့လက်နဲ့ဖြေဆိုထားတာကိုတွေ့ရပါတယ်။ AIFFA 2019 မှာ ပါဝင်ရတဲ့ ခံစားချက်ကို ဒါရိုက်တာက ဏကြီးက “တကယ်ကိုအရမ်းကောင်းတဲ့ပွဲတစ်ပွဲပါ။ ဒါက ကျွန်တော့််ကို မျက်စိပွင့်နားပွင့်ဖြစ်စေတယ်။ တကယ်ကောင်းတဲ့ ရုပ်ရှင်တွေအများကြီး အာရှမှာ ထွက်လာနေတယ်။ ကျွန်တော်တို့ ဒီထက်အများကြီးပိုပြီးကြိုးစားရမယ်။ အဲဒါက ကောင်းပါတယ်။ ခံစားချက်လည်းကောင်းတယ်။

လူကောင်းတွေအများကြီးနဲ့လည်းကျွန်တော်တွေ့ခွင့်ရတယ်”လို့ ချောမွေ့တဲ့လူကြီးလူကောင်းဆန်တဲ့ အင်္ဂလိပ်စာအသုံးအနှုန်းနဲ့ပြောသွားခဲ့ပြီး မီ ရုပ်ရှင်ဇာတ်ကားကြီး ဆန်ခါတင်စာရင်းပါခဲ့တဲ့ ရင်ခုန်သံကိုတော့ “ကျွန်တော် တော်တော်လေးအံ့သြသွားခဲ့တယ်။ ကျွန်တော်တို့က ဆန်ခါတင်စာရင်းသုံးခုမှာ မီက ပါနေတာ။ အကောင်းဆုံးဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုလည်းပါတယ်။ ကျွန်တော်တို့ တကယ်လည်း အံ့သြသွားခဲ့ပြီး ဒီလိုအသိအမှတ်ပြုခံရတာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့အရမ်းလည်းပျော်ပါတယ်”လို့ ဖြေကြားသွားခဲ့ပါတယ်။

ပိုင်ဖြိုးသုကတော့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ် ဆန်ခါတင်ပါဝင်ရတဲ့ ခံစားချက်ကို “ကျွန်မလည်း အမျိုးသားပြောသလိုပဲ တော်တော်လေးအံ့သြသွားခဲ့တာ့ပါ။ ဆန်ခါတင်စာရင်းမှာပါတယ်လို့ ပြောတော့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။ ကျွန်မတို့ ဒီလိုလာရောက်ပါဝင်ရတာ အရမ်းကိုဂုဏ်ယူရပါတယ်။ ကျွန်မတို့ရဲ့ဇာတ်ကားက ဆန်ခါတင်ထဲပါတဲ့အတွက်လည်းပိုပြီး ဂုဏ်ယူရပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်လိုခံစားရလဲ ပြောမပြတတ်တော့ဘူး”လို့ ကောင်းမွန်တဲ့လေယူလေသိမ်းနဲ့အင်္ဂလိပ်လိုဖြေကြားသွားခဲ့တာပါ။

ဒါရိုက်တာဝိုင်းကတော့ AIFFA 2019 နဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲဆိုတဲ့ မေးခွန်းကို “ဘာပဲပြောပြော ခမ်းနားတဲ့ပွဲတစ်ပွဲပါ”လို့ မြန်မာလိုဖြေကြားထားပြီး ရွှေကြာရုပ်ရှင်ဇာတ်ကား ဆန်ခါတင်ပါဝင်တဲ့အတွက် ရင်ခုန်သံနဲ့ ဇာတ်ပို့တွေအကြောင်းမေးထားတဲ့မေးခွန်းကိုတော့ “ဒီတဲလန့်အသစ်တစ်ယောက်မင်းသားအသစ်တစ်ယောက်ကို ရွှေကြာမှာ nominated ဝင်တဲ့အတွက်အရမ်းဝမ်းသာပါတယ်။

ဂုဏ်လည်းယူပါတယ်”လို့ မြန်မာလိုပဲဖြေသွားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဒါရိုက်တာဝိုင်းကို အင်္ဂလိပ်လိုမဖြေလို့ ဝေဖန်နေကြတဲ့လူတွေရှိသလို ဇာတ်ပို့အကြောင်းမေးတာကို မင်းသားအကြောင်းဖြေသွားလို့ အင်္ဂလိပ်လိုနားမလည်ဘူးဆိုပြီး ဝေဖန်သူတွေလည်းများပြားနေသလို အင်္ဂလိပ်စာကိုကိုယ့်မိခင်ဘာသာစကားလိုအေးအေးဆေးဆေးရယ်မောရင်းသုံးနှုန်းသွားနဲ့ ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံနဲ့ နှိုင်းယှဉ်ပြီးတော့လည်း ပြင်းထန်စွာဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ်စတီးနားခီကတော့ မကြာသေးမီက သူမရဲ့လူမှုကွန်ယက်မှာ လူတစ်ယောက်အင်္ဂလိပ်စာအားနည်းတာကိုမလှောင်သင့်ဘူးလို့ ရေးသားထားခဲ့တာလည်းမြင်တွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒါရိုက်တာဝိုင်းရဲ့ မေးခွန်းမှားဖြေသွားတာနဲ့ မြန်မာလိုပဲဖြေသွားတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ကြလဲ။ ကိုယ့်အမြင်လေးတွေကိုပြောခဲ့ကြပါဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top