မြန္ျပည္နယ္ အထူးစုံစမ္းစစ္ေဆးေရးဌာန ညႊန္မွဴးေနအိမ္အား ေဖာက္ထြင္းခိုးယူသည့္ တရားခံေျပး ရဲမင္းပိုင္ ( ၂၄ ႏွစ္) ဆိုသူကို ယေန႔ ညေန ၃ နာရီခဲြခန္႔က သံျဖဴဇရပ္ၿမိဳ႕ ေသမင္းတမန္အေရွ႕ လမ္းမေပၚတြင္​ ဖမ္းဆီးရမိခဲ႔ေၾကာင္း မြန္ျပည္နယ္ရဲအကူတပ္ဖဲြ႕ခဲြ မႈခင္းအကူဌာနစုမွ သိရသည္။

“တရားခံနဲ႔ အတူ ေငြ ၈ သိန္း၊ ဖုန္းတစ္လံုးနဲ႔ အားသြင္းပါဝါဘဏ္​တစ္ခုကိုပါ ေတြ႕ရွိသိမ္းဆည္းရမိခဲ႔တာ” ဟု ဖမ္းဆီးေရးအဖဲြ႕မွ တာဝန္ရွိရဲတပ္ဖဲြ႕ဝင္တစ္ဦးက ဟသၤာမီဒီယာသို႔ ေျပာသည္။

ယခုဖမ္းဆီးရမိခဲ႔သည့္ တရားခံေျပး ရဲမင္းပိုင္သည္ ဧၿပီ ၁၅ ရက္ ညေနပိုင္းက ေမာ္လၿမိဳင္ၿမိဳ႕ ေတာင္႐ိုးတန္း​လမ္းရွိ အထူးစုံစမ္းစစ္​​​ေဆးေရးဌာန ျပည္နယ္ညႊန္မွဴးေနအိမ္အတြင္းမွ ေရႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴမ်ားကို ဝင္ေရာက္ေဖာက္ထြင္း ခိုးယူခဲ့သူ ျဖစ္သည္။

ထိုသို႔ ေနအိမ္အတြင္း ဝင္ေရာက္​ေဖာက္ထြင္းကာ ေရႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴမ်ား ခိုးယူထြက္ေျပးခဲ႔သူကုိ မြန္ျပည္နယ္ရဲတပ္ဖဲြ႕ဝင္မ်ားက လိုက္လံစုံစမ္းေဖာ္ထုတ္ရွာေဖြခဲ႔ရာ ေမာ္လၿမိဳင္ၿမိဳ႕၊ မုပြန္ရပ္ကြက္ ၊ ေက်ာက္​တန္းလမ္းမ (မုပြန္သခ်ဳႋင္းအနီး) ေန ရဲမင္းပိုင္၏ ေနအိမ္ကဳိ ဧျပီ ၁၈ ရက္ ည၈နာရီခြဲခန့္ကမ​​သကာၤ၍ဝင္ေရာက္ရွာေဖြစဥ္ ၎င္း​က ထြက္ေျပးလြတ္ေျမာက္သြားျပီး ယင္းေနအိမ္အတြင္းမွ ခိုးယူထားေသာေရႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴမ်ားကို ရွာေဖြေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ယင္းေနာက္ ေဖာက္ထြင္းခိုးယူထားသည့္ ေရႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴမ်ားအျပင္ ထြက္ေျပးတိမ္းေရွာင္သြားသည့္ ရဲမင္းပိုင္၏ ဇနီးျဖစ္သူ မလိမၼာ၊ အိမ္နီးခ်င္းေနသူ လွႏိုင္ႏွင့္ ၎င္း​၏ ဇနီး အိအိစံတို႔ ၃ ဦးကို ရဲစခန္း၌ ဖမ္းဆီး၍ စစ္ေဆးေဆာင္ရြက္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္းသိရ​သည္။

ယင္းျဖစ္စဥ္နင့္ပတ္သက္ျပီး​ ​ေနအိမ္​အတြင္​း ဝင္ေရာက္ေဖာက္ထြင္းၿပီး ေရႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴမ်ား ခိုးယူခဲ႔သူကို အမႈဖြင့္အေရးယူေပးရန္ ဦးသက္ခိုင္ဦးက တရားလိုျပဳလုပ္ တိုင္တန္းခဲ႔သျဖင့္ မုပြန္နယ္​​ေျမရဲစခန္း​ မွ(ပ)၁၅၈၆/ ၂၀၁၉၊ ရာဇသတ္ျကီးပုဒ္မ-၄၅၄ အရ အမွဳဖြင့္လွစ္ အေရးယူေဆာင္ရြက္ ထားျခင္း ျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေခတ္မင္း ( ဟသၤာမီဒီယာ) Zin Moe

#Unicode Version#
မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်မှူးနေအိမ်အား ဖောက်ထွင်းခိုးယူသည့် တရားခံပြေး ရဲမင်းပိုင် ( ၂၄ နှစ်) ဆိုသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်က သံဖြူဇရပ်မြို့ သေမင်းတမန်အရှေ့ လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ သိရသည်။

“တရားခံနဲ့ အတူ ငွေ ၈ သိန်း၊ ဖုန်းတစ်လုံးနဲ့ အားသွင်းပါဝါဘဏ်တစ်ခုကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တာ” ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

ယခုဖမ်းဆီးရမိခဲ့သည့် တရားခံပြေး ရဲမင်းပိုင်သည် ဧပြီ ၁၅ ရက် ညနေပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန ပြည်နယ်ညွှန်မှူးနေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ဝင်ရောက်ဖောက်ထွင်း ခိုးယူခဲ့သူ ဖြစ်သည်။

ထိုသို့ နေအိမ်အတွင်း ဝင်ရောက်ဖောက်ထွင်းကာ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ခိုးယူထွက်ပြေးခဲ့သူကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖော်ထုတ်ရှာဖွေခဲ့ရာ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် ၊ ကျောက်တန်းလမ်းမ (မုပွန်သချုႋင်းအနီး) နေ ရဲမင်းပိုင်၏ နေအိမ်ကို ဧပြီ ၁၈ ရက် ည၈နာရီခွဲခန့်ကမသကာၤ၍ဝင်ရောက်ရှာဖွေစဉ် ၎င်းင်းက ထွက်ပြေးလွတ်မြောက်သွားပြီး ယင်းနေအိမ်အတွင်းမှ ခိုးယူထားသောရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ဖောက်ထွင်းခိုးယူထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအပြင် ထွက်ပြေးတိမ်းရှောင်သွားသည့် ရဲမင်းပိုင်၏ ဇနီးဖြစ်သူ မလိမ္မာ၊ အိမ်နီးချင်းနေသူ လှနိုင်နှင့် ၎င်းင်း၏ ဇနီး အိအိစံတို့ ၃ ဦးကို ရဲစခန်း၌ ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယင်းဖြစ်စဉ်နင့်ပတ်သက်ပြီး နေအိမ်အတွင်း ဝင်ရောက်ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ခိုးယူခဲ့သူကို အမှုဖွင့်အရေးယူပေးရန် ဦးသက်ခိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မုပွန်နယ်မြေရဲစခန်း မှ(ပ)၁၅၈၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၅၄ အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက် ထားခြင်း ဖြစ်သည်။



ဖိုးသူတော်(www.phothutaw.com)
Credit: ခေတ်မင်း ( ဟင်္သာမီဒီယာ) Zin Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top