အငွားကားေလးတစီးနဲ႔ လား႐ႈိးကေန ရန္ကုန္အျပန္၊ သီေပါၿမိဳ႕ေလးလြန္ေတာ့ ဆိုင္ကယ္ေတြ၊ ေထာ္လာဂ်ီေတြ၊ လိုက္ထရပ္ကားေတြေပၚမွာ တိုင္းရင္းသားဝတ္စံု လွလွပပ ဝတ္ထားတဲ့သူေတြကို သတိထားမိပါတယ္။

‘ေဘာ္ႀကိဳဘုရားပြဲက တေပါင္းလျပည့္ေန႔ ဒီေန႔ေနာက္ဆံုးေလ’

ကားေမာင္းသူက ကားေတြ ဆိုင္ကယ္ေတြကို သတိထား ေရွာင္ကြင္းရင္း ေျပာျပပါတယ္။ သူ႔ပါးစပ္ထဲမွာ ကြမ္းေတြငံုထားတာမို႔ ပီပီသသ မဟုတ္ေပမယ့္ သူေျပာတာကို နားလည္လိုက္ပါတယ္။

‘ေဘာ္ႀကိဳဘုရားကို ဘာေၾကာင့္ ေဘာ္ႀကိဳဘုရားလို႔ ေခၚရတာလဲ’

အတူပါလာတဲ့ ကိုေက်ာ္စြာမင္းက သတင္းေထာက္ပီပီ ေမးခြန္းနဲ႔ စ လိုက္ပါတယ္။

ဒီလမ္းမွာ နိစၥဓူဝ သြားလာေနတဲ့ ကားဆရာလည္း အသံထြက္မလာ။ အၾကားအျမင္မ်ားတဲ့ အသက္ ၉၂ ႏွစ္အရြယ္ ဟံသာဝတီ ဦးအုန္းႀကိဳင္လည္း ႏႈတ္ဆိတ္။ က်ေနာ္လည္း ဒီေမးခြန္းရဲ႕ အေျဖကိုပဲ သိခ်င္ေနတာ။ ခုမွမဟုတ္။ လြန္ခဲ့တဲ့ ၈ ႏွစ္ေလာက္က သီေပါေထာင္မွာ ေထာင္နန္းစံေနတုန္းကတည္းပါ။

ေဘာ္ႀကိဳဘုရားပြဲရွိၿပီဆိုရင္ ေထာင္ဝန္ထမ္းတခ်ိဳ႕က ဘုရားပြဲအျပန္ ကေရကရာမုန္႔ေတြ ဝယ္လာၿပီး က်ေနာ့္ကို လက္ေဆာင္ေပးေနၾက။ ဘုရားပြဲ ဘယ္ေလာက္စည္ကားသလဲဆိုတာ၊ ဘယ္ရြာက ဘယ္မိန္းကေလးေတြ ဘယ္ေလာက္လွတယ္ဆိုတာ သူတို႔ေတြ စကားေဖာင္ဖြဲ႔ေနၾက။ က်ေနာ္ကေတာ့ တိုက္ခန္းထဲမွာ အက်ဥ္းက်ေနရသူမို႔ အျပင္ေလကို စိတ္ကူးနဲ႔ ႐ႉေနရ။

စိတ္ကူးထဲမွာေတာ့ ဒု႒ဝတီျမစ္ေရစီးေပၚမွာ အာ႐ုံေတြ စီးေမ်ာေနရ။ ဘဝတူ အက်ဥ္းသားေတြကလည္း တေပါင္းလျပည့္မနက္ ေထာင္တြင္း ဘုန္းေတာ္ႀကီးတရားပြဲ မၿပီးေသးခင္ကတည္းက ေထာင္သားအခ်င္းခ်င္း ေဘာ္ႀကိဳဘုရားပြဲမွာ မိသားစုနဲ႔အတူ လက္ခ်င္းတြဲ၊  ခ်စ္သူနဲ႔အတူ လက္ခ်င္းခ်ိတ္၊ အေပါင္းအေဖာ္ေတြနဲ႔အတူ ပခံုးခ်င္းဖက္တဲ့အေၾကာင္း အိပ္မက္ေဟာင္းေတြ ေျပာၾက။ သံေခ်ာင္းေခါက္လို႔ ထမင္းစားခ်ိန္ေတာင္ မရပ္ႏိုင္ၾကေသး။

ေဒသခံအက်ဥ္းသားေတြ ေျပာတဲ့ ေဘာ္ႀကိဳဘုရားအေၾကာင္းကေတာ့ ဒီလိုပါ။ ေမာင္းမမိႆံေတြရဲ႕ ကုန္းေခ်ာစကားေတြေၾကာင့္ အေနာ္ရထာမင္းႀကီးက သူသိပ္ခ်စ္တဲ့ မင္းသမီး ေစာမြန္လွကို အမ်က္ေတာ္ရွၿပီး သူ႔ေနရပ္ ရွမ္းျပည္ကို ျပန္ပို႔လိုက္သတဲ့။ ေစာမြန္လွ ဖခမည္းေတာ္က သမီးေတာ္ကို ရွမ္းျမန္မာနယ္စပ္ မုေ႒ာေစတီနားမွာ လာႀကိဳသတဲ့။

မင္းသမီးေလး ေစာမြန္လွဟာ ဖခင္နဲ႔ေတြ႔တဲ႔ေနရာမွာပဲ ရင္ကြဲနာက် ကြယ္လြန္သြားသတဲ့။ အဲဒီေနရာမွာပဲ ဖခမည္းေတာ္က ေစာမြန္လွဘုရားကို တည္ခဲ့သတဲ့။ ဖခင္က သမီးေတာ္ကို ႀကိဳတဲ့ေနရာမို႔ ေဘာ္ႀကိဳ (ဖခင္က ႀကိဳတဲ့ေနရာ) လို႔ ေခၚၿပီး ဘုရားကိုလည္း ေဘာ္ႀကိဳဘုရားလို႔ ေခၚတဲ့အေၾကာင္း ေျပာျပပါတယ္။

သားစဥ္ေျမးဆက္ သိခဲ့ရတဲ့ ပါးစပ္ရာဇဝင္ကို ေျပာရင္း  သူတို႔မ်က္လံုးထဲမွာ ေစာမြန္လွ မင္းသမီးေလးကို သနားခ်စ္ခင္ လြမ္းဆြတ္စိတ္၊ ျမန္မာေတြအေပၚ မုန္းတည္း နာၾကည္းစိ္တ္ေတြ အထင္းသား ေပၚလြင္ေနတာ ခုထိ ျမင္ေယာင္ေနပါေသးတယ္။

ကိုေက်ာ္စြာမင္းရဲ႕ ေမးခြန္းကိုေျဖဖို႔ ႀကိဳးစားေနခ်ိန္မွာပဲ ကေ်နာ္တုိ႔စီးလာတဲ့ ကားဟာ ေဘာ္ႀကိဳဘုရားပြဲေရွ႕ကို ေရာက္ေနပါၿပီ။ ေဘာ္ႀကိဳဘုရားဟာ မႏၱေလး လား႐ႈိး ျပည္ေထာင္စုလမ္းမ ေဘးမွာရွိၿပီး ေက်ာက္မဲနဲ႔ သီေပါၿမိဳ႕ၾကားမွာ တည္ရွိပါတယ္။ ဒု႒ဝတီျမစ္ကေတာ့ အဲဒီဘုရားနဲ႔ မနီးမေဝးမွာ ျဖတ္သန္းစီးဆင္းပါတယ္။

ဘုရားပြဲမွာ ရွမ္းျပည္ထြက္ကုန္ လိေမၼာ္၊ သံပုရာေတြ ေအာက္ျပည္ေအာက္ရြာက ငါးေျခာက္ေတြ၊ ေရာင္းခ်ေနတာကို ေတြ႔ရပါတယ္။ ထူးျခားမႈကေတာ့ ဘုရားဖူးလာသူေတြဟာ သစ္လြင္တဲ့ ႐ုိးရာဝတ္စံုေတြ ဝတ္ဆင္ထားတာပါ။ ေရွးတုန္းကေတာ့ ဒီဘုရားပြဲမွာ ေလာင္းကစားပြဲေတြနဲ႔ စည္ကားခဲ့တယ္လို႔ သိရပါတယ္။

 ေရွး ရွမ္းေစာ္ဘြားေတြဟာ ဒု႒ဝတီျမစ္ေၾကာင္းအတိုင္း ေဖာင္ေတာ္နဲ႔ ဘုရားပြဲလာၾကသလို ဆင္ေတြနဲ႔လည္း ဘုရားပြဲ လာၾကတယ္လို႔ သိရပါတယ္။ ပြဲခင္းထဲက ျမင္ကြင္းေတြကို ဓာတ္ပံုေဆာင္းပါးေရးမယ္ စိတ္ကူးနဲ႔ ရသေလာက္အခ်ိန္တြင္းမွာ ပံုအမ်ားဆံုးရေအာင္ ႐ုိက္ကူးခဲ့ပါတယ္။ ရန္ကုန္ျပန္ေရာက္ေတာ့ ေဘာ္ႀကိဳဘုရားသမိုင္းကို အင္တာနက္ေပၚမွာ ရွာေဖြခဲ့ပါတယ္။

ေဘာ္ႀကိဳဘုရားလို႔ေခၚတဲ့ ေဘာ္ႀကိဳေစတီရဲ႕ မူရင္းဘြဲ႔ေတာ္က မုေ႒ာေစတီပါ။ ေဘာ္ႀကိဳရြာရဲ႕ အေနာက္ဘက္မွာ တည္ရွိပါတယ္။ ဘုရားဒါယကာဟာ သီရိဓမၼာေသာကမင္းႀကီး ျဖစ္ပါတယ္။ မင္းႀကီးဟာ ေဂါတမျမတ္စြာဘုရား ပရိနိဗၺာန္ျပဳၿပီး ႏွစ္ေပါင္း ၂၃၄ ႏွစ္ၾကာမွာ ပါဋလိပုတ္ျပည္ႀကီးနဲ႔ ဇမၺဴဒီပါ တကၽြန္းလံုးကို အစိုးရတဲ့သူ ျဖစ္ပါတယ္။

ေစတီသမိုင္းအရ သီရိဓမၼာေသာက မင္းတရားႀကီးလက္ထက္ ကိုးတိုင္းကိုးဌာနကို ဗုဒၶသာသနာျပဳေတြ ေစလႊတ္ခဲ့ပါတယ္။ အဲဒီသာသနာျပဳေတြထဲက သာသနာျပဳ မေထရ္တပါးဟာ  ေဂါတမဘုရားအေလာင္း ဝက္မင္းျဖစ္တုန္းက က်က္စားေပ်ာ္ပါးခဲ့တဲ့ ဝက္လူးအိုင္ေနရာ၊ နမၼတူျမစ္ကမ္းေဘးမွာ သရိယဓာတ္ေတာ္ ေမြေတာ္ေတြကို ဌာပနာ ေစတီတည္ထားခဲ့ပါတယ္။

အဲဒီေစတီကို  မုေ႒ာေစတီလို႔ ဘြဲ႔ေတာ္ ေခၚခဲ့ပါတယ္။ အဲဒီေဒသကို ရွမ္းလူမ်ိဳးမ်ား မေရာက္ခင္ကတည္းက တည္ရွိခဲ႔တယ္လို႔ မွန္းဆႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဦးကုလားရာဇဝင္မွာ သာသနာသကၠရာဇ္ ၄၈၅ ခုႏွစ္မွ ရွမ္းလူမ်ိဳးေတြ အုန္းေဘာင္ (သီေပါ) ကို ေရာက္လာၿပီး ၿမိဳ႕သစ္တည္တယ္လို႔ ေရးထားလို႔ပါ။

မုေ႒ာေစတီေတာ္ႀကီးရဲ႕ မုခ္ေလးမုခ္မွာ ထုလုပ္ထားတဲ့ ႐ုပ္ပြားေတာ္ေလးဆူကို နရပတိစည္သူမင္းက သူနန္းတက္တဲ့ႏွစ္ ျမန္မာသကၠရာဇ္ ၅၃၆ မွာ ရွမ္းျမန္မာခ်စ္ၾကည္ေရးကို ရည္စူးၿပီး လႉဒါန္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

က်ေနာ္ဖတ္မိတဲ့ ဘုရားသမိုင္းမွာ အေနာ္ရထာမင္းႀကီးလည္း မပါ၊ မင္းသမီးေလး ေစာမြန္လွလည္း မပါ။ဒီလိုဆိုေတာ့ က်ေနာ္ၾကားခဲ့တဲ့ ေဒသခံ အက်ဥ္းသားေတြရဲ႕ ပါးစပ္ရာဇဝင္ဟာ တခုခုေတာ့ လိုေနၿပီေပါ့။

ေဒသတခု၊ လူမ်ိဳးစုတခုရဲ႕ ဓေလ႔ထံုးစံ ယဥ္ေက်းမႈေတြကို ေလ့လာရင္ သက္ႀကီးစကား သက္ငယ္ၾကား ဆိုတဲ့ ပါးစပ္ရာဇဝင္ေတြကို စုေဆာင္းေလ႔လာဆန္းစစ္ မွတ္တမ္းတင္ရသလို ေက်ာက္စာ၊ ေပစာ၊ စတဲ့ မွတ္တမ္းေတြ၊ ဓာတ္ပံုေတြ၊ ႐ုပ္သံေတြ စတဲ့ အေထာက္အထားေတြကိုလည္း ရႏိုင္ရင္ ရႏိုင္သေလာက္ ေလ့လာရပါတယ္။

ေနာက္ခံသမိုင္းမရွိတဲ့ ယဥ္ေက်းမႈ၊ ဓေလ့ထံုးစံဆိုတာ အျမစ္မပါတဲ့ သစ္ပင္တပင္လို ရွင္သန္ဖြံ႔ၿဖိဳးမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေတာက္ပတဲ့ အနာဂတ္ကို အိပ္မက္ မက္ေနသူေတြဟာ ယဥ္ေက်းမႈ ဓေလ့ထံုးစံရဲ႕ ေနာက္ခံသမိုင္းေတြကို တူးဆြေလ့ ရွိၾကတာပါ။ ေဘာ္ႀကိဳဘုရားနဲ႔ ဆက္စပ္ၿပီး ေဘာ္ႀကိဳရြာကေလးရဲ႕ သမိုင္းကို တူးဆြမိလိုက္ေတာ့မွ ေဒသခံ အက်ဥ္းသားေတြ ေျပာတဲ့ ပါးစပ္ရာဇဝင္ကေလးဟာ အသက္ဝင္လာပါတယ္။

ေကာဇာသကၠရာဇ္ ၄ဝဝ ေလာက္က ပုဂံျပည့္ရွင္ အေနာ္ရထာမင္းဟာ မိုင္းေမာျပည္သူ မိဖုရားေစာမြန္လွ (ေခၚ) ရွင္မြန္လွကို ေမာင္းမမိႆံတခ်ိဳ႕က ကုန္းေခ်ာတာေၾကာင့္ မိဖုရားအရာကခ်ၿပီး မိုင္းေမာျပည္ကို ျပန္ပို႔ခဲ့ပါတယ္။

ေစာမြန္လွရဲ႕ ခမည္းေတာ္ မိုင္းေမာေစာ္ဘြားႀကီးဟာ မုေ႒ာေစတီနားက ဆားတြင္းရွိတဲ့ ေနရာက သမီးေတာ္ကို လာႀကိဳပါတယ္။ အဲဒီေနရာကို ေပါ့ႀကိဳလို႔ ေနာင္အခါ ေခၚခဲ့ၾကပါတယ္။  အဲဒီေနရာမွာပဲ ေစာမြန္လွ ရင္ကြဲနာက် ကြယ္လြန္သြားပါေတာ့တယ္။

ခမည္းေတာ္က သမီးေတာ္ကို ရည္စူးၿပီး နမၼတူျမစ္ကမ္းနဖူးမွာပဲ ႐ုပ္ပြားေတာ္၊ ဆင္းတုေတာ္နဲ႔ သရီယဓာတ္ေတာ္ေတြနဲ႔ ဌာပနာေစတီတဆူ တည္ထားခဲ့ပါတယ္။ အဲဒီေစတီကို ေစာမြန္လွေစတီလို႔ ေခၚေဝၚခဲ့ၾကပါတယ္။ ေစာ္ဘြားႀကီးက ေစတီနားမွာ ေပါ့ႀကိဳရြာ (အဖလာႀကိဳတဲ့ရြာ) တည္ေပးခဲ့ပါတယ္။ ေနာင္အခါေတာ့ ေဘာ္ႀကိဳရြာလို႔ ေခၚၾကပါတယ္။ ဒီလိုနဲ႔ ေဘာ္ႀကိဳရြာကေလး ျဖစ္ေပၚလာပါတယ္။

အဲဒီသမိုင္းေၾကာင္းကိုေထာက္ရင္ ေဘာ္ႀကိဳရြာမွာ ေစတီႏွစ္ဆူ ရွိပါတယ္။ တဆူက အေသာကမင္းႀကီးရဲ႕ မုေ႒ာေစတီနဲ႔ ေစာမြန္လွ ခမည္းေတာ္ ေစာ္ဘြားႀကီးတည္ခဲ့တဲ့ ေစာမြန္လွေစတီပါ။ ေဘာ္ႀကိဳရြာကို တည္ခဲ့တာလည္း ေစာမြန္လွ ခမည္းေတာ္ပါပဲ။ ေဘာ္ႀကိဳဘုရားလို႔ လူသိမ်ားတဲ့ မုေ႒ာေစတီဟာ ေဘာ္ႀကိဳရြာ မတည္ခင္ကတည္းက ရွိေနတာပါ။

မုေ႒ာေစတီကို ေဘာ္ႀကိဳရြာ အေနာက္ဘက္မွာ တည္ခဲ့တာေၾကာင့္ ရြာနာမည္ကို အစြဲျပဳၿပီး ေဘာ္ႀကိဳဘုရားလို႔ လူသိမ်ားခဲ့ပါတယ္။ တနည္းေျပာရရင္ မုေ႒ာေစတီေနာက္မွ တည္ခဲ့တဲ့ ရြာနာမည္ဟာ မူရင္း မုေ႒ာေစတီဘြဲ႔ကို လႊမ္းမိုးသြားၿပီး ေဘာ္ႀကိဳဘုရားလို႔ လူသိမ်ားလာတာပါ။

ေဘာ္ႀကိဳရြာနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ တည္ခဲ့တဲ့ ေစာမြန္လွေစတီကေတာ့ ေစာမြန္လွေစတီ အမည္နဲ႔ပဲ ေဘာ္ႀကိဳရြာမွာ တည္ရွိေနပါတယ္။ တကယ္ဆို ေစာမြန္လွေစတီကိုပဲ ေဘာ္ႀကိဳဘုရားအျဖစ္ ေခၚေဝၚသင့္သလို ေရႊမုေ႒ာဘုရားကိုလည္း မူလဘြဲ႔ေတာ္အတိုင္း ေခၚၾကမယ္ဆိုရင္ ဒီလို အထင္အျမင္ တိမ္းေစာင္းမႈမ်ိဳး ရွိမွာမဟုတ္ဘူးလို႔ အျမင္ရွိၾကပါတယ္။

ေဘာႀကိဳဘုရားသမိုင္းနဲ႔ ဆက္စပ္ၿပီး ေဘာ္ႀကိဳရြာသမိုင္းနဲ႔ ရွမ္းမင္းသမီးေလး ေစာမြန္လွရဲ႕ ေၾကကြဲဖြယ္ရာ ဇာတ္လမ္းကေလးကိုေတာ့ ဒီေန႔အထိ ေဒသခံေတြက ေဆြးတျမည့္ျမည့္နဲ႔ ေျပာေနၾကတုန္းပါ။

တကယ္ေတာ့ ေဘာ္ႀကိဳသမိုင္းဟာ အျခားအျခား သမိုင္းေတြထဲမွာလိုပဲ ေၾကကြဲမႈေတြ၊ နာၾကည္းမႈ၊ ခါးသီးမႈေတြ ရွိေနပါတယ္။ ဒါေတြဟာ ေဖ်ာက္ဖ်က္ပစ္ရမယ့္ ေျခရာေတြ မဟုတ္သလို ထမ္းပိုးထားရမယ့္ အာဃာတ ဝန္ထုပ္ဝန္ပိုးေတြလည္း မဟုတ္ပါဘူး။ ေရွ႕ဆက္ရမယ့္ ခရီးအတြက္ သင္ယူရမယ့္ သင္ခန္းစာပါ။ သင္ခန္းစာ မယူမိရင္ေတာ့ အမွားေတြ ထပ္သလဲလဲ လုပ္မိၾကဦးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သားႀကီးေမာင္ေဇယ်
# Unicode Version # ျဖင့္ ဖတ္ပါ #


အငှားကားလေးတစီးနဲ့ လားရှိုးကနေ ရန်ကုန်အပြန်၊ သီပေါမြို့လေးလွန်တော့ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ လိုက်ထရပ်ကားတွေပေါ်မှာ တိုင်းရင်းသားဝတ်စုံ လှလှပပ ဝတ်ထားတဲ့သူတွေကို သတိထားမိပါတယ်။

‘ဘော်ကြိုဘုရားပွဲက တပေါင်းလပြည့်နေ့ ဒီနေ့နောက်ဆုံးလေ’

ကားမောင်းသူက ကားတွေ ဆိုင်ကယ်တွေကို သတိထား ရှောင်ကွင်းရင်း ပြောပြပါတယ်။ သူ့ပါးစပ်ထဲမှာ ကွမ်းတွေငုံထားတာမို့ ပီပီသသ မဟုတ်ပေမယ့် သူပြောတာကို နားလည်လိုက်ပါတယ်။

‘ဘော်ကြိုဘုရားကို ဘာကြောင့် ဘော်ကြိုဘုရားလို့ ခေါ်ရတာလဲ’

အတူပါလာတဲ့ ကိုကျော်စွာမင်းက သတင်းထောက်ပီပီ မေးခွန်းနဲ့ စ လိုက်ပါတယ်။

ဒီလမ်းမှာ နိစ္စဓူဝ သွားလာနေတဲ့ ကားဆရာလည်း အသံထွက်မလာ။ အကြားအမြင်များတဲ့ အသက် ၉၂ နှစ်အရွယ် ဟံသာဝတီ ဦးအုန်းကြိုင်လည်း နှုတ်ဆိတ်။ ကျနော်လည်း ဒီမေးခွန်းရဲ့ အဖြေကိုပဲ သိချင်နေတာ။ ခုမှမဟုတ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က သီပေါထောင်မှာ ထောင်နန်းစံနေတုန်းကတည်းပါ။

ဘော်ကြိုဘုရားပွဲရှိပြီဆိုရင် ထောင်ဝန်ထမ်းတချို့က ဘုရားပွဲအပြန် ကရေကရာမုန့်တွေ ဝယ်လာပြီး ကျနော့်ကို လက်ဆောင်ပေးနေကြ။ ဘုရားပွဲ ဘယ်လောက်စည်ကားသလဲဆိုတာ၊ ဘယ်ရွာက ဘယ်မိန်းကလေးတွေ ဘယ်လောက်လှတယ်ဆိုတာ သူတို့တွေ စကားဖောင်ဖွဲ့နေကြ။ ကျနော်ကတော့ တိုက်ခန်းထဲမှာ အကျဉ်းကျနေရသူမို့ အပြင်လေကို စိတ်ကူးနဲ့ ရှူနေရ။

စိတ်ကူးထဲမှာတော့ ဒုဋ္ဌဝတီမြစ်ရေစီးပေါ်မှာ အာရုံတွေ စီးမျောနေရ။ ဘဝတူ အကျဉ်းသားတွေကလည်း တပေါင်းလပြည့်မနက် ထောင်တွင်း ဘုန်းတော်ကြီးတရားပွဲ မပြီးသေးခင်ကတည်းက ထောင်သားအချင်းချင်း ဘော်ကြိုဘုရားပွဲမှာ မိသားစုနဲ့အတူ လက်ချင်းတွဲ၊  ချစ်သူနဲ့အတူ လက်ချင်းချိတ်၊ အပေါင်းအဖော်တွေနဲ့အတူ ပခုံးချင်းဖက်တဲ့အကြောင်း အိပ်မက်ဟောင်းတွေ ပြောကြ။ သံချောင်းခေါက်လို့ ထမင်းစားချိန်တောင် မရပ်နိုင်ကြသေး။

ဒေသခံအကျဉ်းသားတွေ ပြောတဲ့ ဘော်ကြိုဘုရားအကြောင်းကတော့ ဒီလိုပါ။ မောင်းမမိဿံတွေရဲ့ ကုန်းချောစကားတွေကြောင့် အနော်ရထာမင်းကြီးက သူသိပ်ချစ်တဲ့ မင်းသမီး စောမွန်လှကို အမျက်တော်ရှပြီး သူ့နေရပ် ရှမ်းပြည်ကို ပြန်ပို့လိုက်သတဲ့။ စောမွန်လှ ဖခမည်းတော်က သမီးတော်ကို ရှမ်းမြန်မာနယ်စပ် မုဋ္ဌောစေတီနားမှာ လာကြိုသတဲ့။

မင်းသမီးလေး စောမွန်လှဟာ ဖခင်နဲ့တွေ့တဲ့နေရာမှာပဲ ရင်ကွဲနာကျ ကွယ်လွန်သွားသတဲ့။ အဲဒီနေရာမှာပဲ ဖခမည်းတော်က စောမွန်လှဘုရားကို တည်ခဲ့သတဲ့။ ဖခင်က သမီးတော်ကို ကြိုတဲ့နေရာမို့ ဘော်ကြို (ဖခင်က ကြိုတဲ့နေရာ) လို့ ခေါ်ပြီး ဘုရားကိုလည်း ဘော်ကြိုဘုရားလို့ ခေါ်တဲ့အကြောင်း ပြောပြပါတယ်။

သားစဉ်မြေးဆက် သိခဲ့ရတဲ့ ပါးစပ်ရာဇဝင်ကို ပြောရင်း  သူတို့မျက်လုံးထဲမှာ စောမွန်လှ မင်းသမီးလေးကို သနားချစ်ခင် လွမ်းဆွတ်စိတ်၊ မြန်မာတွေအပေါ် မုန်းတည်း နာကြည်းစိတ်တွေ အထင်းသား ပေါ်လွင်နေတာ ခုထိ မြင်ယောင်နေပါသေးတယ်။

ကိုကျော်စွာမင်းရဲ့ မေးခွန်းကိုဖြေဖို့ ကြိုးစားနေချိန်မှာပဲ ကျေနာ်တို့စီးလာတဲ့ ကားဟာ ဘော်ကြိုဘုရားပွဲရှေ့ကို ရောက်နေပါပြီ။ ဘော်ကြိုဘုရားဟာ မန္တလေး လားရှိုး ပြည်ထောင်စုလမ်းမ ဘေးမှာရှိပြီး ကျောက်မဲနဲ့ သီပေါမြို့ကြားမှာ တည်ရှိပါတယ်။ ဒုဋ္ဌဝတီမြစ်ကတော့ အဲဒီဘုရားနဲ့ မနီးမဝေးမှာ ဖြတ်သန်းစီးဆင်းပါတယ်။

ဘုရားပွဲမှာ ရှမ်းပြည်ထွက်ကုန် လိမ္မော်၊ သံပုရာတွေ အောက်ပြည်အောက်ရွာက ငါးခြောက်တွေ၊ ရောင်းချနေတာကို တွေ့ရပါတယ်။ ထူးခြားမှုကတော့ ဘုရားဖူးလာသူတွေဟာ သစ်လွင်တဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတာပါ။ ရှေးတုန်းကတော့ ဒီဘုရားပွဲမှာ လောင်းကစားပွဲတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။

 ရှေး ရှမ်းစော်ဘွားတွေဟာ ဒုဋ္ဌဝတီမြစ်ကြောင်းအတိုင်း ဖောင်တော်နဲ့ ဘုရားပွဲလာကြသလို ဆင်တွေနဲ့လည်း ဘုရားပွဲ လာကြတယ်လို့ သိရပါတယ်။ ပွဲခင်းထဲက မြင်ကွင်းတွေကို ဓာတ်ပုံဆောင်းပါးရေးမယ် စိတ်ကူးနဲ့ ရသလောက်အချိန်တွင်းမှာ ပုံအများဆုံးရအောင် ရိုက်ကူးခဲ့ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ ဘော်ကြိုဘုရားသမိုင်းကို အင်တာနက်ပေါ်မှာ ရှာဖွေခဲ့ပါတယ်။

ဘော်ကြိုဘုရားလို့ခေါ်တဲ့ ဘော်ကြိုစေတီရဲ့ မူရင်းဘွဲ့တော်က မုဋ္ဌောစေတီပါ။ ဘော်ကြိုရွာရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ဘုရားဒါယကာဟာ သီရိဓမ္မာသောကမင်းကြီး ဖြစ်ပါတယ်။ မင်းကြီးဟာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၄ နှစ်ကြာမှာ ပါဋလိပုတ်ပြည်ကြီးနဲ့ ဇမ္ဗူဒီပါ တကျွန်းလုံးကို အစိုးရတဲ့သူ ဖြစ်ပါတယ်။

စေတီသမိုင်းအရ သီရိဓမ္မာသောက မင်းတရားကြီးလက်ထက် ကိုးတိုင်းကိုးဌာနကို ဗုဒ္ဓသာသနာပြုတွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီသာသနာပြုတွေထဲက သာသနာပြု မထေရ်တပါးဟာ  ဂေါတမဘုရားအလောင်း ဝက်မင်းဖြစ်တုန်းက ကျက်စားပျော်ပါးခဲ့တဲ့ ဝက်လူးအိုင်နေရာ၊ နမ္မတူမြစ်ကမ်းဘေးမှာ သရိယဓာတ်တော် မွေတော်တွေကို ဌာပနာ စေတီတည်ထားခဲ့ပါတယ်။

အဲဒီစေတီကို  မုဋ္ဌောစေတီလို့ ဘွဲ့တော် ခေါ်ခဲ့ပါတယ်။ အဲဒီဒေသကို ရှမ်းလူမျိုးများ မရောက်ခင်ကတည်းက တည်ရှိခဲ့တယ်လို့ မှန်းဆနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးကုလားရာဇဝင်မှာ သာသနာသက္ကရာဇ် ၄၈၅ ခုနှစ်မှ ရှမ်းလူမျိုးတွေ အုန်းဘောင် (သီပေါ) ကို ရောက်လာပြီး မြို့သစ်တည်တယ်လို့ ရေးထားလို့ပါ။

မုဋ္ဌောစေတီတော်ကြီးရဲ့ မုခ်လေးမုခ်မှာ ထုလုပ်ထားတဲ့ ရုပ်ပွားတော်လေးဆူကို နရပတိစည်သူမင်းက သူနန်းတက်တဲ့နှစ် မြန်မာသက္ကရာဇ် ၅၃၆ မှာ ရှမ်းမြန်မာချစ်ကြည်ရေးကို ရည်စူးပြီး လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျနော်ဖတ်မိတဲ့ ဘုရားသမိုင်းမှာ အနော်ရထာမင်းကြီးလည်း မပါ၊ မင်းသမီးလေး စောမွန်လှလည်း မပါ။ဒီလိုဆိုတော့ ကျနော်ကြားခဲ့တဲ့ ဒေသခံ အကျဉ်းသားတွေရဲ့ ပါးစပ်ရာဇဝင်ဟာ တခုခုတော့ လိုနေပြီပေါ့။

ဒေသတခု၊ လူမျိုးစုတခုရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို လေ့လာရင် သက်ကြီးစကား သက်ငယ်ကြား ဆိုတဲ့ ပါးစပ်ရာဇဝင်တွေကို စုဆောင်းလေ့လာဆန်းစစ် မှတ်တမ်းတင်ရသလို ကျောက်စာ၊ ပေစာ၊ စတဲ့ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံတွေ စတဲ့ အထောက်အထားတွေကိုလည်း ရနိုင်ရင် ရနိုင်သလောက် လေ့လာရပါတယ်။

နောက်ခံသမိုင်းမရှိတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဆိုတာ အမြစ်မပါတဲ့ သစ်ပင်တပင်လို ရှင်သန်ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး။ ဒါကြောင့် တောက်ပတဲ့ အနာဂတ်ကို အိပ်မက် မက်နေသူတွေဟာ ယဉ်ကျေးမှု ဓလေ့ထုံးစံရဲ့ နောက်ခံသမိုင်းတွေကို တူးဆွလေ့ ရှိကြတာပါ။ ဘော်ကြိုဘုရားနဲ့ ဆက်စပ်ပြီး ဘော်ကြိုရွာကလေးရဲ့ သမိုင်းကို တူးဆွမိလိုက်တော့မှ ဒေသခံ အကျဉ်းသားတွေ ပြောတဲ့ ပါးစပ်ရာဇဝင်ကလေးဟာ အသက်ဝင်လာပါတယ်။

ကောဇာသက္ကရာဇ် ၄ဝဝ လောက်က ပုဂံပြည့်ရှင် အနော်ရထာမင်းဟာ မိုင်းမောပြည်သူ မိဖုရားစောမွန်လှ (ခေါ်) ရှင်မွန်လှကို မောင်းမမိဿံတချို့က ကုန်းချောတာကြောင့် မိဖုရားအရာကချပြီး မိုင်းမောပြည်ကို ပြန်ပို့ခဲ့ပါတယ်။

စောမွန်လှရဲ့ ခမည်းတော် မိုင်းမောစော်ဘွားကြီးဟာ မုဋ္ဌောစေတီနားက ဆားတွင်းရှိတဲ့ နေရာက သမီးတော်ကို လာကြိုပါတယ်။ အဲဒီနေရာကို ပေါ့ကြိုလို့ နောင်အခါ ခေါ်ခဲ့ကြပါတယ်။  အဲဒီနေရာမှာပဲ စောမွန်လှ ရင်ကွဲနာကျ ကွယ်လွန်သွားပါတော့တယ်။

ခမည်းတော်က သမီးတော်ကို ရည်စူးပြီး နမ္မတူမြစ်ကမ်းနဖူးမှာပဲ ရုပ်ပွားတော်၊ ဆင်းတုတော်နဲ့ သရီယဓာတ်တော်တွေနဲ့ ဌာပနာစေတီတဆူ တည်ထားခဲ့ပါတယ်။ အဲဒီစေတီကို စောမွန်လှစေတီလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ စော်ဘွားကြီးက စေတီနားမှာ ပေါ့ကြိုရွာ (အဖလာကြိုတဲ့ရွာ) တည်ပေးခဲ့ပါတယ်။ နောင်အခါတော့ ဘော်ကြိုရွာလို့ ခေါ်ကြပါတယ်။ ဒီလိုနဲ့ ဘော်ကြိုရွာကလေး ဖြစ်ပေါ်လာပါတယ်။

အဲဒီသမိုင်းကြောင်းကိုထောက်ရင် ဘော်ကြိုရွာမှာ စေတီနှစ်ဆူ ရှိပါတယ်။ တဆူက အသောကမင်းကြီးရဲ့ မုဋ္ဌောစေတီနဲ့ စောမွန်လှ ခမည်းတော် စော်ဘွားကြီးတည်ခဲ့တဲ့ စောမွန်လှစေတီပါ။ ဘော်ကြိုရွာကို တည်ခဲ့တာလည်း စောမွန်လှ ခမည်းတော်ပါပဲ။ ဘော်ကြိုဘုရားလို့ လူသိများတဲ့ မုဋ္ဌောစေတီဟာ ဘော်ကြိုရွာ မတည်ခင်ကတည်းက ရှိနေတာပါ။

မုဋ္ဌောစေတီကို ဘော်ကြိုရွာ အနောက်ဘက်မှာ တည်ခဲ့တာကြောင့် ရွာနာမည်ကို အစွဲပြုပြီး ဘော်ကြိုဘုရားလို့ လူသိများခဲ့ပါတယ်။ တနည်းပြောရရင် မုဋ္ဌောစေတီနောက်မှ တည်ခဲ့တဲ့ ရွာနာမည်ဟာ မူရင်း မုဋ္ဌောစေတီဘွဲ့ကို လွှမ်းမိုးသွားပြီး ဘော်ကြိုဘုရားလို့ လူသိများလာတာပါ။

ဘော်ကြိုရွာနဲ့ ရှေ့ဆင့်နောက်ဆင့် တည်ခဲ့တဲ့ စောမွန်လှစေတီကတော့ စောမွန်လှစေတီ အမည်နဲ့ပဲ ဘော်ကြိုရွာမှာ တည်ရှိနေပါတယ်။ တကယ်ဆို စောမွန်လှစေတီကိုပဲ ဘော်ကြိုဘုရားအဖြစ် ခေါ်ဝေါ်သင့်သလို ရွှေမုဋ္ဌောဘုရားကိုလည်း မူလဘွဲ့တော်အတိုင်း ခေါ်ကြမယ်ဆိုရင် ဒီလို အထင်အမြင် တိမ်းစောင်းမှုမျိုး ရှိမှာမဟုတ်ဘူးလို့ အမြင်ရှိကြပါတယ်။

ဘောကြိုဘုရားသမိုင်းနဲ့ ဆက်စပ်ပြီး ဘော်ကြိုရွာသမိုင်းနဲ့ ရှမ်းမင်းသမီးလေး စောမွန်လှရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းကလေးကိုတော့ ဒီနေ့အထိ ဒေသခံတွေက ဆွေးတမြည့်မြည့်နဲ့ ပြောနေကြတုန်းပါ။

တကယ်တော့ ဘော်ကြိုသမိုင်းဟာ အခြားအခြား သမိုင်းတွေထဲမှာလိုပဲ ကြေကွဲမှုတွေ၊ နာကြည်းမှု၊ ခါးသီးမှုတွေ ရှိနေပါတယ်။ ဒါတွေဟာ ဖျောက်ဖျက်ပစ်ရမယ့် ခြေရာတွေ မဟုတ်သလို ထမ်းပိုးထားရမယ့် အာဃာတ ဝန်ထုပ်ဝန်ပိုးတွေလည်း မဟုတ်ပါဘူး။ ရှေ့ဆက်ရမယ့် ခရီးအတွက် သင်ယူရမယ့် သင်ခန်းစာပါ။ သင်ခန်းစာ မယူမိရင်တော့ အမှားတွေ ထပ်သလဲလဲ လုပ်မိကြဦးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:သားကြီးမောင်ဇေယျ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top