


ရေကူးဝတ်စုံ၊ ဘီကီနီတွေ ဝတ်တာ ရွှေထူးက မကြိုက်ဘူးဆိုလို့ သဲအနေနဲ့ အရင်လို ကမ်းခြေမှာ ရေကူးရင်း အပြတ်လန်းနေတဲ့ ဘီကီနီပုံရိပ်တွေ ထပ်မ်ြငတွေ့ရတော့မှာ မဟုတ်သလို သဲဘက်ကလည်း အသားနာခံပြီး သူမရဲ့ မျက်နာပုံရိပ်ကို ရွှေထူးရဲ့ အသားပေါ် တက်တူးဘယ်တော့မှ မထိုးခိုင်းဘူးလို့လည်း ဆိုထားတာဖြစ်ပါတယ်။



Credit:Celegabar

#Unicode Version# ဖြင့်ဖတ်ပါ ။

ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်စုံတွဲတွေထဲက အပါအဝင်ဖြစ်တဲ့အပြင် ရွှေစုံတွဲလေးလို့ ချစ်စနိုး လို့ ခေါ် ဆိုကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီ တို့က တော့ တစ်ယောက်ကို တစ်ယောက် မခွဲနိုင်တဲ့ အချစ်တွေနဲ့ အတူ ရဲရဲဝင့်ဝင့် လက်တွဲခဲ့ကြတာဖြစ်ပြီး သူတို့ အိမ်ထောင်သက်လေးဟာလည်း လက်ရှိမှာ

(၁) နှစ် ဝန်းကျင် အချိန်လေးကို မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်တဲ့ ရွှေထူးကတော့ သူရဲ့ ဇနီးလေး ရွှေမှုန်ရတီ ကို ဖြစ်ချင်တာမှန်သမျှ အလိုလိုက်သလို အနည်းငယ် ချုပ်ချယ်တာလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရေကူးဝတ်စုံ၊ ဘီကီနီတွေ ဝတ်တာ ရွှေထူးက မကြိုက်ဘူးဆိုလို့ သဲအနေနဲ့ အရင်လို ကမ်းခြေမှာ ရေကူးရင်း အပြတ်လန်းနေတဲ့ ဘီကီနီပုံရိပ်တွေ ထပ်ြမ်ငတွေ့ရတော့မှာ မဟုတ်သလို သဲဘက်ကလည်း အသားနာခံပြီး သူမရဲ့ မျက်နာပုံရိပ်ကို ရွှေထူးရဲ့ အသားပေါ် တက်တူးဘယ်တော့မှ မထိုးခိုင်းဘူးလို့လည်း ဆိုထားတာဖြစ်ပါတယ်။

ဇနီးလေး ရွှေမှုန် ကို ရွှေထူးတစ်ယောက် အရမ်းချစ်ပုံကတော့ အိမ်မှာ အတူတူ ဖုန်းပွတ်နေရင်းက ဂျပန်မှာ ဆာကူရာပန်းတွေ ဝေဆာနေတာကိုတွေ့ပြီး ရွှေမှုန်လေးက သွားကြည့်ချင်တယ်၊ မြင်ချင်တယ် ဆိုလိုက်တဲ့ အပေါ် ရွှေထူးက ချက်ချင်း လေယာဉ်လက်မှတ်ဖြတ်ကာ ဂျပန်နိုင်ငံကို အရောက်ပို့ ပေးခဲ့တာ ဖြစ်ပါတယ်။

သဲ လည်ပတ်ချင်တဲ့ နေရာစုံကို လိုက်ပို့ပေးခဲ့ပြီး ကိုယ်တိုင် အလှဓာတ်ပုံတွေကိုလည်း ရိုက်ကူးပေးခဲ့သလို ဆယ်လီကမ္ဘာပရိသတ်ကြီးကော အဲ့လို ရိုတတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားပြီလား..?

ဖိုးသူတော် (www.phothutaw.com)
Credit:Celegabar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top