ပဲခူးတိုင္းေဒသႀကီး ျဖဴးၿမိဳ ့နယ္ ေဇယ်ဝတီၿမိဳ ့ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚတြင္ ယေန ့နံနက္ ၆ နာရီခန္႔က လမ္းေဘးရပ္ထားသည့္ ကုန္တင္ယာဥ္ကို ခရီးသည္တင္ယာဥ္က ဝင္တိုက္မိရာမွ ယာဥ္ေမာင္းအမ်ိဳးသား ေသဆံုးၿပီး ၉ ဦး ထိခုိက္ဒဏ္ရာမ်ား ရ႐ွိခဲ့သည္ဟု ေဇယ်ဝတီ နယ္ေျမရဲစခန္းမွ စံုစမ္းသိ႐ွိရသည္။

ခရီးသည္ ၁၂ ဦးခန္႔ လိုက္ပါလာသည့္ ေ႐ႊနန္းေတာ္ယာဥ္လိုင္းပိုင္ TOYOTA HIACE အမ်ဳိးအစားယာဥ္သည္ ရန္ကုန္-မႏၲေလး လမ္းေဟာင္းအတိုင္း ေတာင္ဘက္မွ ေျမာက္ဘက္သို႔ ေမာင္းႏွင္လာစဥ္ မိုင္တိုင္ ၁၄၅ အနီး လမ္းေဘးရပ္ထားသည့္ ၁၈ ဘီးေနာက္တြဲကုန္ယာဥ္ကို ေနာက္မွဝင္တိုက္ခဲ့ရာ ယာဥ္ေမာင္းအမ်ိဳးသား ပြဲခ်င္းၿပီးေသဆံုးကာ ခရီးသည္ ၉ ဦး ဒဏ္ရာရရွိခဲ့သည္ဟု ေဇယ်ဝတီ နယ္ေျမရဲစခန္းမွ စံုစမ္းသိ႐ွိရသည္။

“လမ္းေဘးရပ္ထားသည့္ ကုန္တင္ကားကို အ႐ွိန္လြန္ၿပီး ဝင္တိုက္မိတာပါ။ ကားက ျဖဴးဘက္ကေန ေဇယ်ဝတီဘက္ကို အလာမွာျဖစ္တာပါ။ ခရီးသည္တင္ ယာဥ္ေမာင္းက အခင္းျဖစ္ရာေနရာမွာ ဆံုးသြားတယ္”ဟု ေဇယ်ဝတီနယ္ေျမ ရဲစခန္းမွဴး ရဲအုပ္ျမင့္ဟန္က ေျပာၾကားသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ပတ္သက္ၿပီး ေ႐ႊနန္းေတာ္ယာဥ္လိုင္းမွ ယာဥ္ေမာင္း ဦးကိုဟိန္းကို ေဇယ်ဝတီ နယ္ေျမရဲစခန္းက ယာဥ္ (ပ) ၉ / ၂၀၁၉ ပုဒ္မ ၃၀၄ - က/ ၃၃၇/ ၃၃၈ အရ အမႈဖြင့္လွစ္ အေရးယူ ေဆာင္ရြက္ထားသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့နံနက် ၆ နာရီခန့်က လမ်းဘေးရပ်ထားသည့် ကုန်တင်ယာဉ်ကို ခရီးသည်တင်ယာဉ်က ဝင်တိုက်မိရာမှ ယာဉ်မောင်းအမျိုးသား သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဇေယျဝတီ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ခရီးသည် ၁၂ ဦးခန့် လိုက်ပါလာသည့် ရွှေနန်းတော်ယာဉ်လိုင်းပိုင် TOYOTA HIACE အမျိုးအစားယာဉ်သည် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၁၄၅ အနီး လမ်းဘေးရပ်ထားသည့် ၁၈ ဘီးနောက်တွဲကုန်ယာဉ်ကို နောက်မှဝင်တိုက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံးကာ ခရီးသည် ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဇေယျဝတီ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“လမ်းဘေးရပ်ထားသည့် ကုန်တင်ကားကို အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ။ ကားက ဖြူးဘက်ကနေ ဇေယျဝတီဘက်ကို အလာမှာဖြစ်တာပါ။ ခရီးသည်တင် ယာဉ်မောင်းက အခင်းဖြစ်ရာနေရာမှာ ဆုံးသွားတယ်”ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်ဟန်က ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရွှေနန်းတော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးကိုဟိန်းကို ဇေယျဝတီ နယ်မြေရဲစခန်းက ယာဉ် (ပ) ၉ / ၂၀၁၉ ပုဒ်မ ၃၀၄ - က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top