20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ေတာင္ႀကီးၿမိဳ႕ ကံ သာရပ္ကြက္ မဂၤလာလမ္းရွိ ျမင္း ျဖဴႏွစ္ေကာင္ တိုင္းရင္းေဆးတိုက္ တြင္ ဧၿပီ ၂၇ ရက္ ညဥ္႔နက္ပိုင္းက ေလးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ံုးက အတည္ျပဳသည္။

အဆိုပါေနအိမ္တြင္ အလုပ္ လုပ္သည့္ အမ်ိဳးသမီးတစ္ဦး ဧၿပီ ၂၈ ရက္ နံနက္ အလုပ္ဆင္းရန္ ေဆးတိုက္သို႔ လာေရာက္ခ်ိန္မွ စတင္သိရိွျခင္းျဖစ္သည္ဟု ရဲ မွတ္တမ္းတြင္ ေဖာ္ျပထားသည္။
လူသတ္မႈသည္ ေဆးတိုက္ပိုင္ရွင္ ခရီးသြားေနခ်ိန္တြင္ျဖစ္ပြားခဲ့ၿပီး ေမြးစားသမီး၊ သမက္၊ ေျမးႏွင့္ အိမ္အကူတို႔ ေသဆံုးခဲ့သည္။

ဘာေတြျဖစ္ခဲ့လဲ

ထိုသို႔စစ္ေဆးစဥ္ စိုင္းေဆ မြန္း (၂၇) ႏွစ္သည္ ဦးေခါင္း ေနာက္ေစ့  ျပတ္ရွဒဏ္ရာ၊ နဖူး ညိဳမည္း၊ နန္းခမ္းလိႈင္ (၂၃) ႏွစ္ သည္ လည္ပင္း၌ ႏိုင္လြန္ႀကိဳး ခ်ည္လ်က္  ဦးေခါင္းေနာက္ေစ့ ေၾကမြ၊  ခုနစ္လသားအရြယ္ေမာင္ ဖဖကို ပါးစပ္အျမႇဳပ္ထြက္လ်က္၊ မေအးမိုး (၁၇)ႏွစ္ကိုပလတ္စတစ္ ႀကိဳးလည္ပင္းခ်ည္လ်က္ဦးေခါင္း ေနာက္ေစ့ ေၾကမြဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း ေတြ႕ရိွရ သည္ဟုရဲမွတ္တမ္းကဆိုသည္။

အိမ္ရွင္၏ ေမြးစားသမီး၊ သမက္၊ ေျမးႏွင့္ အိမ္အကူတုိ႔ ကြယ္လြန္ၿပီး အိမ္ရွင္ေဆးတိုက္ ပိုင္ရွင္ ေဒၚနန္းခမ္းေရႊပင္လံုၿမိဳ႕ အလွဴသို႔ သြားေရာက္ေနစဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း  ရပ္မိ ရပ္ဖအခ်ိဳ႕ကေျပာသည္။
ဓာတ္ပံု – စည္သာ ( ေတာင္ၾကီး )

ဘာေတြပါသြားလဲ

အဆိုပါ ျဖစ္စဥ္အတြင္း ေရႊ ေခ်ာင္းႏွင့္ လက္ဝတ္လက္စား ၇၇ က်ပ္သား၊ ေငြက်ပ္သိန္း ၄၀ ေက်ာ္ဖိုး စုစုေပါင္းက်ပ္သိန္း ၁,၅၀၀ ေက်ာ္ ေပ်ာက္ဆံုးခဲ့သည္ ဟု ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ခင္ေမာင္ဦးကေျပာ သည္။

ရဲမွတ္တမ္းတြင္လည္း ျပစ္ မႈက်ဴးလြန္ခဲ့သူသည္ အဆိုပါေန အိမ္အခန္းမ်ားအားလံုး ေမႊ ေႏွာက္ရွာေဖြထားသည္ကို ေတြ႕ ရေၾကာင္းေဖာ္ျပထားသည္။

အခင္းျဖစ္ေသာ အိမ္ပံုစံ

အဆိုပါ ျဖစ္စဥ္ျဖစ္ပြားခဲ့ သည့္ ေနအိမ္အုတ္တံတိုင္းမွာ  ၁၀ ေပေက်ာ္ရိွၿပီး ဘရိတ္ဆူးႀကိဳး မ်ားလည္း တပ္ဆင္ထားသည္ကို ေတြ႕ရသည္။

‘‘ေနအိမ္က ၿခံလံုတယ္။ ေတာ္႐ံုလူအနားကပ္လုိ႔ မရဘူး။ အုတ္တံတိုင္းလည္း အျမင့္ႀကီးကို သံဆူးႀကိဳးေတြ တပ္ထားတယ္။ ေနာက္ အယ္ေဇးရွင္းေခြးႀကီး လည္း ေမြးထားတယ္။ အခင္းျဖစ္ တုန္းက တံခါးဆင္း ဖြင့္ေပးတဲ့ပံု ေပါက္တယ္’’  ဟု ကံသာရပ္ကြက္ ေန ေဒသခံတစ္ဦးက ေျပာသည္။
အိမ္မွာ ေမြးထားတဲ့ ေခြးၾကီး (ဓာတ္ပံု − ဒါ ဏီ)

အနီး၀န္းက်င္တြင္ ေနထိုင္ သူအခ်ိဳ႕က အဆိုပါေနအိမ္မွာ လူ၀င္လူထြက္ သိပ္မရွိသကဲ့သို႔  ပတ္၀န္းက်င္ႏွင့္လည္း အဆက္ အဆံ အေရာတ၀င္ ေနထိုင္ျခင္း မရွိဘဲ သီးျခားေအးေအးေဆးေဆး ေနတတ္သည္ဟု ဆိုသည္။

‘‘ေသသြားတဲ့ ကေလးမေလး ကလည္း မ်က္စိေရွ႕တင္ႀကီးလာ တာပဲ။ ရပ္ကြက္ထဲမွာလည္း႐ိုး႐ိုး ေအးေအးေလးပါပဲ’’ ဟု ကံသာ ရပ္ကြက္ေန ကိုေသာ္တာကေျပာ သည္။

အိမ္ပိုင္ရွင္ထံ ဆက္သြယ္ ေမးျမန္း၍ မရေသးေသာ္လည္း ကံသာရပ္ကြက္ေန ဦးစိုင္းလူက ‘‘ေဆးက အရင္အဘြားရဲ႕ ေယာက္်ားေခတ္က လုပ္လာ တယ္။ သူ႔ေယာက္်ားကြယ္လြန္ ေတာ့ အဘြားက အလုပ္သမား ေတြနဲ႕ ေဆးကိုဆက္လုပ္ေနတယ္’’ ဟု ေျပာသည္။

ကြယ္လြန္သူ ေဖ့စ္ဘြတ္ခ္၌ ေနာက္ဆံုးတင္ခဲ့ေသာ ပို႔စ္

အိမ္ပိုင္ရွင္၏ ေမြးစားသမီး  ကြယ္လြန္သူ နန္းခမ္းလိႈင္သည္ အခင္းျဖစ္ပြားသည့္ ည ၁၁ နာရီ ခန္႔ အထိ လူမႈကြန္ရက္သံုးစြဲၿပီး ေတာင္ႀကီးၿမိဳ႕နယ္ လွ်ပ္စစ္႐ံုး၏ အလွည့္က် ဓာတ္အားျဖန္႔ေ၀မည့္ အသိေပးစာကို ျပန္လည္မွ်ေ၀ ထားေသးသည္။

ယမန္ေန႔နံနက္ ၎ကြယ္ လြန္ေၾကာင္း သတင္းမ်ားထြက္ ေပၚလာၿပီးေနာက္ နန္းခမ္းလိႈင္ ၏ မိတ္ေဆြမ်ားက အဆိုပါပို႔စ္ ေအာက္တြင္ မယံုႏိုင္ေၾကာင္း၊ စိတ္မေကာင္း ျဖစ္ရေၾကာင္း မွတ္ခ်က္မ်ား ေရးသားထားသည္ ကို ေတြ႕ရသည္။

အေရးယူမႈ

‘‘တရားခံ ျပစ္မႈက်ဴးလြန္တဲ့ သူကိုေတာ့ စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္’’ ဟု ဒုရဲမွဴးႀကီးခင္ ေမာင္ဦးကေျပာသည္။အခင္းျဖစ္ပြားစဥ္ အေနအထားမ်ားကို စစ္ ေဆးေနဆဲျဖစ္ၿပီး ျပစ္မႈက်ဴးလြန္ ခဲ့သည့္ တရားခံကို ဖမ္းဆီးရမိႏုိင္ ရန္ ဆက္လက္ေဆာင္ရြက္ေန သည္ဟု ဒုရဲမွဴးႀကီး ခင္ေမာင္ဦး ကေျပာသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းတြင္ ျပစ္ မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၀၂ (က) လူသတ္မႈ၊ ပုဒ္မ ၃၉၄ ခိုးမႈတို႔ျဖင့္ အမႈဖြင့္ထားကာ ယမန္ေန႔ည ၈ နာရီအထိ တရားခံဖမ္းဆီးရမိျခင္း မရိွေသးေပ။
ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily
(ဓာတ္ပံု − ဂြၽန္ခ်စ္ၿငိမ္း)
ဓာတ္ပံု – စည္သာ ( ေတာင္ၾကီး )
#Unicode Version#
 တောင်ကြီးမြို့ ကံ သာရပ်ကွက် မင်္ဂလာလမ်းရှိ မြင်း ဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက် တွင် ဧပြီ ၂၇ ရက် ညဉ့်နက်ပိုင်းက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုသည်။

အဆိုပါနေအိမ်တွင် အလုပ် လုပ်သည့် အမျိုးသမီးတစ်ဦး ဧပြီ ၂၈ ရက် နံနက် အလုပ်ဆင်းရန် ဆေးတိုက်သို့ လာရောက်ချိန်မှ စတင်သိရှိခြင်းဖြစ်သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။
လူသတ်မှုသည် ဆေးတိုက်ပိုင်ရှင် ခရီးသွားနေချိန်တွင်ဖြစ်ပွားခဲ့ပြီး မွေးစားသမီး၊ သမက်၊ မြေးနှင့် အိမ်အကူတို့ သေဆုံးခဲ့သည်။

ဘာတွေဖြစ်ခဲ့လဲ

ထိုသို့စစ်ဆေးစဉ် စိုင်းဆေ မွန်း (၂၇) နှစ်သည် ဦးခေါင်း နောက်စေ့  ပြတ်ရှဒဏ်ရာ၊ နဖူး ညိုမည်း၊ နန်းခမ်းလှိုင် (၂၃) နှစ် သည် လည်ပင်း၌ နိုင်လွန်ကြိုး ချည်လျက်  ဦးခေါင်းနောက်စေ့ ကြေမွ၊  ခုနစ်လသားအရွယ်မောင် ဖဖကို ပါးစပ်အမြှုပ်ထွက်လျက်၊ မအေးမိုး (၁၇)နှစ်ကိုပလတ်စတစ် ကြိုးလည်ပင်းချည်လျက်ဦးခေါင်း နောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရ သည်ဟုရဲမှတ်တမ်းကဆိုသည်။

အိမ်ရှင်၏ မွေးစားသမီး၊ သမက်၊ မြေးနှင့် အိမ်အကူတို့ ကွယ်လွန်ပြီး အိမ်ရှင်ဆေးတိုက် ပိုင်ရှင် ဒေါ်နန်းခမ်းရွှေပင်လုံမြို့ အလှူသို့ သွားရောက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ရပ်မိ ရပ်ဖအချို့ကပြောသည်။
ဓာတ်ပုံ – စည်သာ ( တောင်ကြီး )

ဘာတွေပါသွားလဲ

အဆိုပါ ဖြစ်စဉ်အတွင်း ရွှေ ချောင်းနှင့် လက်ဝတ်လက်စား ၇၇ ကျပ်သား၊ ငွေကျပ်သိန်း ၄၀ ကျော်ဖိုး စုစုပေါင်းကျပ်သိန်း ၁,၅၀၀ ကျော် ပျောက်ဆုံးခဲ့သည် ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးကပြော သည်။

ရဲမှတ်တမ်းတွင်လည်း ပြစ် မှုကျူးလွန်ခဲ့သူသည် အဆိုပါနေ အိမ်အခန်းများအားလုံး မွှေ နှောက်ရှာဖွေထားသည်ကို တွေ့ ရကြောင်းဖော်ပြထားသည်။

အခင်းဖြစ်သော အိမ်ပုံစံ

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ သည့် နေအိမ်အုတ်တံတိုင်းမှာ  ၁၀ ပေကျော်ရှိပြီး ဘရိတ်ဆူးကြိုး များလည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။

‘‘နေအိမ်က ခြံလုံတယ်။ တော်ရုံလူအနားကပ်လို့ မရဘူး။ အုတ်တံတိုင်းလည်း အမြင့်ကြီးကို သံဆူးကြိုးတွေ တပ်ထားတယ်။ နောက် အယ်ဇေးရှင်းခွေးကြီး လည်း မွေးထားတယ်။ အခင်းဖြစ် တုန်းက တံခါးဆင်း ဖွင့်ပေးတဲ့ပုံ ပေါက်တယ်’’  ဟု ကံသာရပ်ကွက် နေ ဒေသခံတစ်ဦးက ပြောသည်။
အိမ်မှာ မွေးထားတဲ့ ခွေးကြီး (ဓာတ်ပုံ − ဒါ ဏီ)

အနီးဝန်းကျင်တွင် နေထိုင် သူအချို့က အဆိုပါနေအိမ်မှာ လူဝင်လူထွက် သိပ်မရှိသကဲ့သို့  ပတ်ဝန်းကျင်နှင့်လည်း အဆက် အဆံ အရောတဝင် နေထိုင်ခြင်း မရှိဘဲ သီးခြားအေးအေးဆေးဆေး နေတတ်သည်ဟု ဆိုသည်။

‘‘သေသွားတဲ့ ကလေးမလေး ကလည်း မျက်စိရှေ့တင်ကြီးလာ တာပဲ။ ရပ်ကွက်ထဲမှာလည်းရိုးရိုး အေးအေးလေးပါပဲ’’ ဟု ကံသာ ရပ်ကွက်နေ ကိုသော်တာကပြော သည်။

အိမ်ပိုင်ရှင်ထံ ဆက်သွယ် မေးမြန်း၍ မရသေးသော်လည်း ကံသာရပ်ကွက်နေ ဦးစိုင်းလူက ‘‘ဆေးက အရင်အဘွားရဲ့ ယောက်ျားခေတ်က လုပ်လာ တယ်။ သူ့ယောက်ျားကွယ်လွန် တော့ အဘွားက အလုပ်သမား တွေနဲ့ ဆေးကိုဆက်လုပ်နေတယ်’’ ဟု ပြောသည်။

ကွယ်လွန်သူ ဖေ့စ်ဘွတ်ခ်၌ နောက်ဆုံးတင်ခဲ့သော ပို့စ်

အိမ်ပိုင်ရှင်၏ မွေးစားသမီး  ကွယ်လွန်သူ နန်းခမ်းလှိုင်သည် အခင်းဖြစ်ပွားသည့် ည ၁၁ နာရီ ခန့် အထိ လူမှုကွန်ရက်သုံးစွဲပြီး တောင်ကြီးမြို့နယ် လျှပ်စစ်ရုံး၏ အလှည့်ကျ ဓာတ်အားဖြန့်ဝေမည့် အသိပေးစာကို ပြန်လည်မျှေ၀ ထားသေးသည်။

ယမန်နေ့နံနက် ၎င်းကွယ် လွန်ကြောင်း သတင်းများထွက် ပေါ်လာပြီးနောက် နန်းခမ်းလှိုင် ၏ မိတ်ဆွေများက အဆိုပါပို့စ် အောက်တွင် မယုံနိုင်ကြောင်း၊ စိတ်မကောင်း ဖြစ်ရကြောင်း မှတ်ချက်များ ရေးသားထားသည် ကို တွေ့ရသည်။

အရေးယူမှု

‘‘တရားခံ ပြစ်မှုကျူးလွန်တဲ့ သူကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်’’ ဟု ဒုရဲမှူးကြီးခင် မောင်ဦးကပြောသည်။အခင်းဖြစ်ပွားစဉ် အနေအထားများကို စစ် ဆေးနေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန် ခဲ့သည့် တရားခံကို ဖမ်းဆီးရမိနိုင် ရန် ဆက်လက်ဆောင်ရွက်နေ သည်ဟု ဒုရဲမှူးကြီး ခင်မောင်ဦး ကပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ကြီးမြို့မ ရဲစခန်းတွင် ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (က) လူသတ်မှု၊ ပုဒ်မ ၃၉၄ ခိုးမှုတို့ဖြင့် အမှုဖွင့်ထားကာ ယမန်နေ့ည ၈ နာရီအထိ တရားခံဖမ်းဆီးရမိခြင်း မရှိသေးပေ။
ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily

(ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

ဓာတ်ပုံ – စည်သာ ( တောင်ကြီး )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top