အိမ္ေထာင္ေရးတစ္ခုမွာ ဘာအေရးႀကီးဆံုးလဲ
အိမ္ ေထာင္ေရးတစ္ခုမွာ ဘာအေရးႀကီးဆံုးလဲ ???အခ်စ္ေရး? နားလည္မႈ႕? သစၥာတရား?
အကုန္လံုးအေရးႀကီးမယ္ထင္မိတယ္
ရီးစားခ်စ္သူျဖစ္တယ္ ကိုယ့္ေကာင္မေလးကိုယ့္ခ်စ္သူကအေခ်ာဆံုး ခ်စ္လိုက္တာတုန္ေရာ
မိုးမျမင္ေနမျမင္လပါမျမင္ေတာ့ဘူး။ ဒီမိန္းကေလးမွဒီမိန္းကေလး လက္ထက္လိုက္ၾကတယ္ ကေလးေမြးတယ္။ ဆက္ျပီးလွပေနတဲ့သူရွိတယ္။
ဝလာမယ္ပံုပ်က္သြားမယ္ အဲ့လိုလဲရွိမယ္။ အိမ္မွာေနေတာ့ မင္းသမီးေလးတစ္ပါးလို
ေယာက္က်ားရလိုက္ေတာ့ ဘဝတစ္စိတ္တစ္ပိုင္းေျပာင္းပီ ကေလးရလိုက္ရင္ ဘဝတစ္ခု လံုးေျပာင္းသြားတယ္။ မိဘကၾကည့္ကူလို႔ လြယ္ကူတဲ့သူရွိမယ္။
အနားမွာဘယ္သူမွမရွိလို႔ ခက္ခဲတဲ့သူရွိမယ္။ ကေလးကိုဂ႐ုစိုက္ ေလ့က်င့္ ျပင္ဆင္ရင္း
ကိုယ့္အတြက္ဆိုတာေမ့သြားတတ္တယ္။ လွဖို႔ပဖ္ို႔ထက္ ကေလးက်န္းမာေရးကအေရးႀကီးတယ္။
ဝလို႔ဝလာမွန္းမသိေတာ့ဘူး ႐ုပ္ေျပာင္းသြားတာမသိေတာ့ဘူး မလွေတာ့တာ သတိမထားမိဘူး
ဒါကေယာက္က်ားေတြအတြက္အေၾကာင္းျပခ်က္လား။ နင္ကမွနင့္နင္ဂ႐ုမစိုက္တာ သူကအငယ္ဖက္လွည့္မွာေပါ့။ နင္ကလွလွပပမွမေနတာ သူကအေပ်ာ္ရွာမွာေပါ့။
ဒါေတြကိုမိန္းမေတြက လက္ခံရမွာလား။ မိန္းမလုပ္တဲ့သူရဲ႕အပစ္တဲ့လား။ သူသစၥာမရွိတာ ေဖာက္ျပန္တာက မိန္းမလုပ္တဲ့သူကမလွေတာ့လို႔တဲ့လား။
ခ်စ္တယ္ဆိုတာ ႐ုပ္ပ်က္သြားလဲခ်စ္ေနရမယ္။ ေလျဖတ္သြားလဲခ်စ္ေနရမယ္။ အိပ္ယာ ထဲလဲေနလဲခ်စ္ေနရမယ္။ ဒုကၡိတျဖစ္လဲခ်စ္ေနမွာမဟုတ္ဘူးလား။
ခုက ခႏၶာကိုယ္ကဝလာတာပဲရွိေသးတာေလ ဒါလဲ သူ႔ေၾကာင့္ကေလးရလို႔ ကေလးေမြးရတာေလ
ဒါကအေၾကာင္းျပခ်က္ျဖစ္သင့္လား။အ လို႔ခံရတယ္လို႔ေျပာတဲ့သူေတြကိုေမးခ်င္မိတယ္။
ဘယ္လိုမွမအတာလဲ ?
-မေဖာက္ျပန္တဲ့ေယာက္က်ားကိုေရြးယူထားတာမ်ိဳးလား(ေရြးလို႔ရလား ႀကိဳသိရလို႔လား ????)
-ေဖာက္ျပန္ခ်င္ေဖာက္ျပန္ ေနခ်င္သလိုေနမယ္ဆိုတာမ်ိဳးကိုလား
-လွပေက်ာ့ရွင္းေအာင္ေနပီးေယာက္က်ားေနာက္တေကာက္ေကာက္လိုက္ေနတာမ်ိဳးလား
-ကိုယ္တိုင္စီးပြားေရးလုပ္ပီးေယာက္က်ားကိုက်ေတာ့အိမ္မွာထားထားတာမ်ိဳးလား
ေယာက္က်ားျဖစ္သူရဲ႕ နားလည္မႈ႕ သစၥာတရားနဲ႔
နားလည္မႈ႕ရပီး ဂ႐ုစိုက္မႈ႕ကိုခံေနရတဲ့ မိန္းမတိုင္းကေရာ အၿမဲလွေနလို႔လားေနာ္??????
ေလာကမွာျပီးျပည့္စံုတဲ့သူဆိုတာမရွိဘူး။ မိန္းမတိုင္းလဲမျပည့္စံုဘူး
-လွပေက်ာ့ရွင္းပီးခန္႔ညားတဲ့သူရွိမယ္
-႐ိုး႐ိုးေလးနဲ႔ယဥ္ယဥ္ေလးလွတဲ့သူရွိမယ္
-smartက်က်နဲ႔စီးပြားေရးလုပ္ပီးstyleျပည့္တဲ့သူရွိမယ္ -ေငြထိုင္ျဖဳန္းပီးအလွအပအေပ်ာ္ပါးမက္တဲ့မိန္းမရွိမယ္
-မလွေပမဲ့အိမ္မႈ႕ကိစၥႏိုင္နင္းတဲ့မိန္းမရွိမယ္
-လွပပီး ေငြရွာေတာ္တဲ့မိန္းမရွိမယ္ အိမ္မႈ႕ဖက္မႏိုင္တာလဲရွိမယ္
အရာရာမျပည့္စံုႏိုင္ဘူး
ရွိရင္လဲ အဲ့လိုမိန္းမ ကိုယ္နဲ႔တန္လို႔လား ျပန္စဥ္းစားၾကည့္ အဲ့ေလာက္ျပည့္စံုေနတဲ့မိန္းမကေကာ ကိုယ့္ကိုယ္လက္ထက္ပါ့မလားျပန္စဥ္းစား ကိုယ့္အလွည့္ေတာင္ေရာက္ပါ့မလားလို႔စဥ္းစား
ေယာက္က်ားေတြလဲ ျပည့္စံုတဲ့သူဆိုတာမရွိဘူူး. ဒါေပမဲ့ အသိတရားနဲ႔စည္းဆိုတာေတာ့ လူတိုင္းရွိသင့္တယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
အိမ်ထောင်ရေးတစ်ခုမှာ ဘာအရေးကြီးဆုံးလဲ ???အချစ်ရေး? နားလည်မှု့? သစ္စာတရား?
အကုန်လုံးအရေးကြီးမယ်ထင်မိတယ်
ရီးစားချစ်သူဖြစ်တယ် ကိုယ့်ကောင်မလေးကိုယ့်ချစ်သူကအချောဆုံး ချစ်လိုက်တာတုန်ရော
မိုးမမြင်နေမမြင်လပါမမြင်တော့ဘူး။ ဒီမိန်းကလေးမှဒီမိန်းကလေး လက်ထက်လိုက်ကြတယ် ကလေးမွေးတယ်။ ဆက်ပြီးလှပနေတဲ့သူရှိတယ်။
ဝလာမယ်ပုံပျက်သွားမယ် အဲ့လိုလဲရှိမယ်။ အိမ်မှာနေတော့ မင်းသမီးလေးတစ်ပါးလို
ယောက်ကျားရလိုက်တော့ ဘဝတစ်စိတ်တစ်ပိုင်းပြောင်းပီ ကလေးရလိုက်ရင် ဘဝတစ်ခု လုံးပြောင်းသွားတယ်။ မိဘကကြည့်ကူလို့ လွယ်ကူတဲ့သူရှိမယ်။
အနားမှာဘယ်သူမှမရှိလို့ ခက်ခဲတဲ့သူရှိမယ်။ ကလေးကိုဂရုစိုက် လေ့ကျင့် ပြင်ဆင်ရင်း
ကိုယ့်အတွက်ဆိုတာမေ့သွားတတ်တယ်။ လှဖို့ပဖို့ထက် ကလေးကျန်းမာရေးကအရေးကြီးတယ်။
ဝလို့ဝလာမှန်းမသိတော့ဘူး ရုပ်ပြောင်းသွားတာမသိတော့ဘူး မလှတော့တာ သတိမထားမိဘူး
ဒါကယောက်ကျားတွေအတွက်အကြောင်းပြချက်လား။ နင်ကမှနင့်နင်ဂရုမစိုက်တာ သူကအငယ်ဖက်လှည့်မှာပေါ့။ နင်ကလှလှပပမှမနေတာ သူကအပျော်ရှာမှာပေါ့။
ဒါတွေကိုမိန်းမတွေက လက်ခံရမှာလား။ မိန်းမလုပ်တဲ့သူရဲ့အပစ်တဲ့လား။ သူသစ္စာမရှိတာ ဖောက်ပြန်တာက မိန်းမလုပ်တဲ့သူကမလှတော့လို့တဲ့လား။
ချစ်တယ်ဆိုတာ ရုပ်ပျက်သွားလဲချစ်နေရမယ်။ လေဖြတ်သွားလဲချစ်နေရမယ်။ အိပ်ယာ ထဲလဲနေလဲချစ်နေရမယ်။ ဒုက္ခိတဖြစ်လဲချစ်နေမှာမဟုတ်ဘူးလား။
ခုက ခန္ဓာကိုယ်ကဝလာတာပဲရှိသေးတာလေ ဒါလဲ သူ့ကြောင့်ကလေးရလို့ ကလေးမွေးရတာလေ
ဒါကအကြောင်းပြချက်ဖြစ်သင့်လား။အ လို့ခံရတယ်လို့ပြောတဲ့သူတွေကိုမေးချင်မိတယ်။
ဘယ်လိုမှမအတာလဲ ?
-မဖောက်ပြန်တဲ့ယောက်ကျားကိုရွေးယူထားတာမျိုးလား(ရွေးလို့ရလား ကြိုသိရလို့လား ????)
-ဖောက်ပြန်ချင်ဖောက်ပြန် နေချင်သလိုနေမယ်ဆိုတာမျိုးကိုလား
-လှပကျော့ရှင်းအောင်နေပီးယောက်ကျားနောက်တကောက်ကောက်လိုက်နေတာမျိုးလား
-ကိုယ်တိုင်စီးပွားရေးလုပ်ပီးယောက်ကျားကိုကျတော့အိမ်မှာထားထားတာမျိုးလား
ယောက်ကျားဖြစ်သူရဲ့ နားလည်မှု့ သစ္စာတရားနဲ့
နားလည်မှု့ရပီး ဂရုစိုက်မှု့ကိုခံနေရတဲ့ မိန်းမတိုင်းကရော အမြဲလှနေလို့လားနော်??????
လောကမှာပြီးပြည့်စုံတဲ့သူဆိုတာမရှိဘူး။ မိန်းမတိုင်းလဲမပြည့်စုံဘူး
-လှပကျော့ရှင်းပီးခန့်ညားတဲ့သူရှိမယ်
-ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးလှတဲ့သူရှိမယ်
-smartကျကျနဲ့စီးပွားရေးလုပ်ပီးstyleပြည့်တဲ့သူရှိမယ် -ငွေထိုင်ဖြုန်းပီးအလှအပအပျော်ပါးမက်တဲ့မိန်းမရှိမယ်
-မလှပေမဲ့အိမ်မှု့ကိစ္စနိုင်နင်းတဲ့မိန်းမရှိမယ်
-လှပပီး ငွေရှာတော်တဲ့မိန်းမရှိမယ် အိမ်မှု့ဖက်မနိုင်တာလဲရှိမယ်
အရာရာမပြည့်စုံနိုင်ဘူး
ရှိရင်လဲ အဲ့လိုမိန်းမ ကိုယ်နဲ့တန်လို့လား ပြန်စဉ်းစားကြည့် အဲ့လောက်ပြည့်စုံနေတဲ့မိန်းမကကော ကိုယ့်ကိုယ်လက်ထက်ပါ့မလားပြန်စဉ်းစား ကိုယ့်အလှည့်တောင်ရောက်ပါ့မလားလို့စဉ်းစား
ယောက်ကျားတွေလဲ ပြည့်စုံတဲ့သူဆိုတာမရှိဘူူး. ဒါပေမဲ့ အသိတရားနဲ့စည်းဆိုတာတော့ လူတိုင်းရှိသင့်တယ်
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay