ပုံပါခလေးက များသွားလို့ အခုနေပြည်တော်မှာ ဦးနှောက်နဲ့အာရုံကြောဆေးရုံမှာခေါင်းဖွင့်ပြီး သွေးယိုမှူအတွက်အကြီးစား ခွဲစိတ်မှူလုပ်နေရပါတယ်……
သေစေနိုင်တဲ့လက်နက်နဲ့ သေစေနိုင်တဲ့နေရာကို ဝိုင်းရိုက်မှူကြောင့် ခေါင်းခွဲပြီး သွေးယိုမှူကို အကြီးစားခွဲစိတ်မှူအဖြစ် ပြု လုပ်နေရပါသဖြင့် အမှုဖွင့်ခဲ့ပါတယ်……
အမှူကျူးလွန်သူများမှာ… မြို့လှ စိုင်ဂေါင်းရပ်ကွက်နေ…ဌေးဦး ၊ ဇော်ဝင်းညွန့် ၊ ကိုမျိုး ၊ ကောင်းထက်ကျော် ၊ ဖိုးချွဲ တို့ကို……ပုဒ်မ ၃၂၅. နဲ့အမှူဖွင့်ပေးရမည့်အစား ပုဒ်မ ၃၂၃ ဖြင့်ဖွင့်ပေးထားသော မြို့လှရဲစခန်းကို ဘယ်လိုတောင် နားလည်ရမှန်းမသိအောင် စိတ်ပျက်မိပါတယ်……
အချိန်တန်ရင်တော့အမှန်တရားက မားမားမတ်မတ် ရှေ့ရောက်လာမှာပါ……ဒီအဖြစ်ကအမှန်မို့ လူမှူကွန်ယက်ပေါ်မှ ကျမရွှေရတီရေးသားတင်ပြလိုက်ပါသည်ရှင့်……။
#Unicode Version#
ရေတာရှည်မြို့ နယ် မြို့လှမြို့ မြိုမြေရပ်ကွက်နေ ဦးမြင့်နိုင် (သစ်စက်) ဒေါ်မိုးမိုးခိုင်တို့၏သား မောင်အောင်ဖုန်းပြည့် အသက်(၁၅)နှစ် ဆယ်တန်းဖြေဆိုထားသည့်ခလေးရဲ့အဖြစ်မှန်လေးကို…ကျေးဇူးပြု ပြီး ဖတ်ပေးကြပါရှင်……
12-4-19. နေ့ည ၈နာရီခန့်ကမြို့လှ အထက်တန်းကျောင်းရှေ့နားမှာခလေးအချင်းချင်း ရန်ပွဲချိန်းထိုးကြပါတယ်…
ယခုပုံပါခလေးနဲ့ မြို့လှစိုင်ဂေါင်းရပ်ကွက်က ခလေးနဲ့ ရန်ဖြစ်ခဲ့ဖူးတာကစပြီး မကြေနပ်ရာက ပုံပါခလေးနဲ့အတူ ကျန်ခလေးသုံးယောက်က လက်သီးချင်းထိုးမှာမို့ ဘာလက်နက်မှမထည့်ပဲ ချိန်းပွဲကို သွားကြတာပါ…
ဟိုဘက်က ခလေးအဖေနဲ့အတူ ဆွေမျိုးတသိုက်က ဆိုင်ကယ်လေးစီးနဲ့ လူဆယ့်နှစ်ယောက်ကျော်တို့က ဆိုင်ကယ်ထိုးရပ်ပြီး ယခုပုံပါခလေးကို ” ဟေ့ကောင် မင်းလား ငါ့သားနဲ့ထိုးမယ်ဆိုတာ”လို့ ဝိုင်းထားပြီးမေးတော့ “ဟုတ်ကဲ့”လို့ ပုံပါခလေးကပြန်ဖြေပါတယ်…
“ဒါဆိုမင်းတို့လက်နက်ယူကြမလား”လို့ သူတို့ဘက်က အသင့်ပါလာတဲ့ ဝါးစစ်ပိတ်တုတ် ချိန်းကြိုး တို့ကိုပြပြီးမေးပါတယ်… ပုံပါခလေးက ၁၅နှစ်သားအတွေးနဲ့ပဲ”ဟင်အင်း ကျွန်တော်တို့က ဝမ်းဘိုင်ဝမ်း လက်သီးပဲထိုးကြမှာ”လို့ပြောလိုက်တော့……
“လက်သီးတော့မရဘူးကွ”ဆိုပြီး သူတို့အသင့်ပါလာတဲ့တုတ်နဲ့ ဟိုဘက်ကခလေးတွေရဲ့အသိုင်းဝိုင်းလူကြီးတွေက ဗိုကိကိုနှစ်ချက် စပြီးရိုက်ချိန်မှာ ပုံပါခလေး လဲသွားတာကိုဆက်ပြီးခေါင်းကို တုတ်တွေနဲ့ ဝိုင်းရိုက်ကြပါတယ်……
ပုံပါခလေးရဲ့ဘက်က ခလေးသုံးယောက်လည်း ဟိုဘက်ကလူကြီးတွေ ဝိုင်းရိုက်ကြလို့ အခုမြို့လှတိုက်နယ်ဆေးရုံမှာ ဦးခေါင်းခွံပျော့ ကျော ရင် အရိုက်ခံရ …တယောက်က ခေါင်းငါ့းချက်ချုပ်ရ… အခုထိ မြို့လှဆေးရုံမှာပါ……
ပုံပါခလေးက များသွားလို့ အခုနေပြည်တော်မှာ ဦးနှောက်နဲ့အာရုံကြောဆေးရုံမှာခေါင်းဖွင့်ပြီး သွေးယိုမူှအတွက်အကြီးစား ခွဲစိတ်မူှလုပ်နေရပါတယ်……
အဖြစ်မှန်ကိုအခု ခွဲစိတ်ခန်းရှေ့ကနေရေးသား တင်ပြလိုက်ခြင်းဖြစ်ပါသည်……၁၅ နှစ်သာသာခလေးတွေကို လူကြီးတွေက အသင့်ကြိုတင် ကြံစည်ယူလာတဲ့လက်နက်တွေနဲ့ ရိုက်နက်ကြတာကို အလွန်ခံပြင်းရလို့ပါရှင်……
သေစေနိုင်တဲ့လက်နက်နဲ့ သေစေနိုင်တဲ့နေရာကို ဝိုင်းရိုက်မူှကြောင့် ခေါင်းခွဲပြီး သွေးယိုမူှကို အကြီးစားခွဲစိတ်မူှအဖြစ် ပြု လုပ်နေရပါသဖြင့် အမှုဖွင့်ခဲ့ပါတယ်……
အမူှကျူးလွန်သူများမှာ… မြို့လှ စိုင်ဂေါင်းရပ်ကွက်နေ…ဌေးဦး ၊ ဇော်ဝင်းညွန့် ၊ ကိုမျိူး ၊ ကောင်းထက်ကျော် ၊ ဖိုးချွဲ တို့ကို……ပုဒ်မ ၃၂၅. နဲ့အမူှဖွင့်ပေးရမည့်အစား ပုဒ်မ ၃၂၃ ဖြင့်ဖွင့်ပေးထားသော မြို့လှရဲစခန်းကို ဘယ်လိုတောင် နားလည်ရမှန်းမသိအောင် စိတ်ပျက်မိပါတယ်……
အချိန်တန်ရင်တော့အမှန်တရားက မားမားမတ်မတ် ရှေ့ရောက်လာမှာပါ……ဒီအဖြစ်ကအမှန်မို့ လူမူှကွန်ယက်ပေါ်မှ ကျမရွှေရတီရေးသားတင်ပြလိုက်ပါသည်ရှင့်……။
ဖိုးသူတော်(www.phothutaw.com)
Credit:*အမှန်တရားကိုသာမြတ်နိုးသည့် ရွှေရတီ*