ရွမ္းျပည္နယ္အတြင္း ၿမဳိ႕နယ္တခ်ဳိ႕မွာ ဧၿပီ ၂၃ ရက္ ညေနပိုင္းက မိုးသက္ေလျပင္းက်ၿပီး မိုးသီးေတြပါ ေႂကြက်လာတဲ့အတြက္ ေနအိမ္နဲ႔  သီးႏွံပင္ေတြ ပ်က္စီးဆံုး႐ႈံးခဲ့ပါတယ္။

ရွမ္းျပည္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕မွာ မေန႔ ညေန ၅ နာရီေလာက္က မိုးႀကီးေလႀကီး က်တာေၾကာင့္ ၀ိန္းေက်ာက္ရပ္ကြက္နဲ႔ မကာအိုခမ္းရပ္ကြက္ထဲက ေနအိမ္တခ်ဳိ႕ ေခါင္းမိုးေတြလန္ ပ်က္စီးသြားတယ္လို႔ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိုင္းေအာင္သိန္းက ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ မေန႔ညေန ၅ နာရီေက်ာ္ေလာက္က မိုးႀကီးေလႀကီးေတြတိုက္လို႔ သြပ္မိုး တဲ့အိမ္က ေခါင္မိုးေတြလႊင့္ထြက္ကုန္တယ္။ လမ္းမႀကီးေပၚက ဆိုင္းဘုတ္ေတြလည္း လဲၿပိဳ ကုန္တယ္။ က်ေနာ္တို႔ ရပ္ကြက္ထဲမွာေတာ့ ေခါင္မိုးပ်က္စီးသြားတဲ့ အိမ္က ၂ လံုးပဲ၊ မကာဟိုခမ္း ရပ္ကြက္ထဲမွာ ပိုမ်ားတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ညတြင္းခ်င္းသြား စစ္ေဆးတယ္လို႔ ေျပာတယ္။ တၿမိဳ႕နယ္လံုး ပ်က္စီးမႈစာရင္းေတြေတာ့ မသိရေသးဘူးခင္ဗ်။”   ဒီကိစၥနဲ႔ ပတ္သက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ တာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းလို႔ မရေသးပါဘူး။



တာခ်ီလိတ္ခ႐ုိင္ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ၀က္ဆိုက္မွာေတာ့ ယမန္ေန႔ညက တိုက္ခ တ္သြားတဲ့ေလျပင္းေၾကာင့္ လြယ္ေတာ္ခမ္းအုပ္စု စန္းလုေက်းရြာမွာ စာသင္ေက်ာင္း ၁ ေက်ာင္းနဲ႔ လူေနအိမ္ ၁၅ လံုး၊ ပါလွ်ံစိုက္ပ်ိဳးေရးဥယ်ာဥ္ျခံ႐ုံး၊ ေနအိမ္လိုင္းခန္း ၁ လံုး၊ မိေက်ာင္း ကား၀ပ္ေရွာ့ဆိုင္ အမိုးလန္သြားတယ္လို႔ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ၀မ္ေကာင္းရပ္ကြက္ထဲမွာ သစ္ပင္ၿပိဳလဲလို႔ ဆိုင္ကယ္စီသြားသူ ၁ ဦး ဒဏ္ရာရၿပီး ေဆး႐ုံပို႔ေပးခဲ့ရသလို တာခ်ီလိတ္ေရႊတိဂံုဘုရားနားက အလႉရွင္တဲမွာလည္း အမိုးေတြ လန္ထြက္ကုန္တယ္လို႔ ေဖာ္ျပပါတယ္။

တရက္တည္းမွာပဲ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ပန္အုပ္စုထဲမွာလည္း မိုးသက္ ေလျပင္းက်တဲ့အတြက္ ဘူးဖာေက်းရြာနဲ႔ ေအးဆုေဒေက်းရြာက ေနအိမ္ ၄ လံုး၊ မိုင္းျဖတ္ၿမိဳ႕ ၀မ္ေဟြရပ္ကြက္ရွိ ရပ္ေတာ္မူဘုန္းႀကီးေက်ာင္း၀င္းထဲမွာ သစ္ပင္လဲက်လာတာေၾကာင့္ ဘုန္းႀကီးေက်ာင္းမ်က္ႏွာက်က္ အုတ္ႂကြပ္ျပားေတြပ်က္စီးခဲ့တယ္လို႔ မိုင္းျဖတ္ၿမိဳ႕နယ္႐ုံးက ထုတ္ျပန္ပါတယ္။

ရွမ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးခ႐ုိင္ ရြာငံၿမိဳ႕နယ္ထဲမွာလည္း မေန႔ညေန ၄ နာရီေက်ာ္က  မိုးသည္းထန္ၿပီး ၾကက္ဥအရြယ္ မိုးသီးေတြပါေႂကြက်တာေၾကာင့္ ရြာငံၿမိဳ႕ေပၚ ၃ ရပ္ကြက္နဲ႔ ေက်ာက္ပံု၊ ၾကံေတာ၊ ေရဦးဇံု၊ ေက်ာက္ေျမာင္း၊ ႏြားပန္းႀကီး၊ အင္းကုန္းငါးဆူ အစရွိတဲ့ ေက်းရြာအုပ္စု ၆ ခုထဲက ေနအိမ္နဲ႔ သီးႏွံေတြ ပ်က္စီးမႈရွိတယ္လို႔ ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဌာန လက္ေထာက္ဦးစီးမႉး ဦးညီညီက ဒီဗြီဘီကို ေျပာပါတယ္။



“မိုးသီးေတြအမ်ားႀကီးက်လာလို႔ အိမ္ေခါင္မိုးေတြ ေပါက္ကုန္တာပါခင္ဗ်၊ မိုးသီးက ၾကက္ဥငယ္တစ္လံုး စာေလာက္ႀကီးတယ္။ ၿမိဳ႕ေပၚက ေစ်းတန္း၊ ရြာမနဲ႔ ၿမိဳ႕ကုန္းရပ္ကြက္က ေနအိမ္ေခါင္မိုးေတြေပါက္ကုန္ၿပီး ျခံထဲက ေထာပတ္သီး၊ သရက္သီးေတြ ေႂကြက်ကုန္တယ္။ ေဂၚဖီခင္းေတြလည္း ပ်က္စီးတယ္။

 ေနာက္ၿပီးေတာ့ ေက်းရြာအုပ္စု ၆ စုထဲမွာလည္း ေနအိမ္နဲ႔ သီးႏွံေတြ ပ်က္စီးမႈရွိတယ္လို႔ ေျပာတယ္ခင္ဗ်။ အခု က်ေနာ္တို႔ စိုက္ပ်ိဳးေရးဌာနေရာ၊ ေျမစာရင္းနဲ႔ ရပ္ေက်းဥကၠ႒က တာ၀န္ရွိတဲ့သူေတြ ကြင္းဆင္းစစ္ေဆးေနပါတယ္။”

ရြာငံၿမိဳ႕နယ္ထဲမွာ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္ကလည္း ေလေဘးဒဏ္ခံခဲ့ရၿပီး အိမ္ေျခေပါင္း ၆၀၀ ေက်ာ္ ပ်က္စီးကာ ကၽြဲႏြားတိရိစၦာန္ေတြ ေသဆံုးခဲ့ဖူးပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရှမ်းပြည်နယ်အတွင်း မြို့နယ်တချို့မှာ ဧပြီ ၂၃ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျပြီး မိုးသီးတွေပါ ကြွေကျလာတဲ့အတွက် နေအိမ်နဲ့  သီးနှံပင်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မနေ့ ညနေ ၅ နာရီလောက်က မိုးကြီးလေကြီး ကျတာကြောင့် ဝိန်းကျောက်ရပ်ကွက်နဲ့ မကာအိုခမ်းရပ်ကွက်ထဲက နေအိမ်တချို့ ခေါင်းမိုးတွေလန် ပျက်စီးသွားတယ်လို့ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ မနေ့ညနေ ၅ နာရီကျော်လောက်က မိုးကြီးလေကြီးတွေတိုက်လို့ သွပ်မိုး တဲ့အိမ်က ခေါင်မိုးတွေလွှင့်ထွက်ကုန်တယ်။ လမ်းမကြီးပေါ်က ဆိုင်းဘုတ်တွေလည်း လဲပြို ကုန်တယ်။ ကျနော်တို့ ရပ်ကွက်ထဲမှာတော့ ခေါင်မိုးပျက်စီးသွားတဲ့ အိမ်က ၂ လုံးပဲ၊ မကာဟိုခမ်း ရပ်ကွက်ထဲမှာ ပိုများတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက ညတွင်းချင်းသွား စစ်ဆေးတယ်လို့ ပြောတယ်။ တမြို့နယ်လုံး ပျက်စီးမှုစာရင်းတွေတော့ မသိရသေးဘူးခင်ဗျ။”   ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန ဝက်ဆိုက်မှာတော့ ယမန်နေ့ညက တိုက်ခ တ်သွားတဲ့လေပြင်းကြောင့် လွယ်တော်ခမ်းအုပ်စု စန်းလုကျေးရွာမှာ စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၁၅ လုံး၊ ပါလျှံစိုက်ပျိုးရေးဥယျာဉ်ခြံရုံး၊ နေအိမ်လိုင်းခန်း ၁ လုံး၊ မိကျောင်း ကားဝပ်ရှော့ဆိုင် အမိုးလန်သွားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဝမ်ကောင်းရပ်ကွက်ထဲမှာ သစ်ပင်ပြိုလဲလို့ ဆိုင်ကယ်စီသွားသူ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံပို့ပေးခဲ့ရသလို တာချီလိတ်ရွှေတိဂုံဘုရားနားက အလှူရှင်တဲမှာလည်း အမိုးတွေ လန်ထွက်ကုန်တယ်လို့ ဖော်ပြပါတယ်။

တရက်တည်းမှာပဲ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် နမ့်ပန်အုပ်စုထဲမှာလည်း မိုးသက် လေပြင်းကျတဲ့အတွက် ဘူးဖာကျေးရွာနဲ့ အေးဆုဒေကျေးရွာက နေအိမ် ၄ လုံး၊ မိုင်းဖြတ်မြို့ ဝမ်ဟွေရပ်ကွက်ရှိ ရပ်တော်မူဘုန်းကြီးကျောင်းဝင်းထဲမှာ သစ်ပင်လဲကျလာတာကြောင့် ဘုန်းကြီးကျောင်းမျက်နှာကျက် အုတ်ကြွပ်ပြားတွေပျက်စီးခဲ့တယ်လို့ မိုင်းဖြတ်မြို့နယ်ရုံးက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်ထဲမှာလည်း မနေ့ညနေ ၄ နာရီကျော်က  မိုးသည်းထန်ပြီး ကြက်ဥအရွယ် မိုးသီးတွေပါကြွေကျတာကြောင့် ရွာငံမြို့ပေါ် ၃ ရပ်ကွက်နဲ့ ကျောက်ပုံ၊ ကြံတော၊ ရေဦးဇုံ၊ ကျောက်မြောင်း၊ နွားပန်းကြီး၊ အင်းကုန်းငါးဆူ အစရှိတဲ့ ကျေးရွာအုပ်စု ၆ ခုထဲက နေအိမ်နဲ့ သီးနှံတွေ ပျက်စီးမှုရှိတယ်လို့ မြို့နယ် စိုက်ပျိုးရေးဌာန လက်ထောက်ဦးစီးမှူး ဦးညီညီက ဒီဗွီဘီကို ပြောပါတယ်။

“မိုးသီးတွေအများကြီးကျလာလို့ အိမ်ခေါင်မိုးတွေ ပေါက်ကုန်တာပါခင်ဗျ၊ မိုးသီးက ကြက်ဥငယ်တစ်လုံး စာလောက်ကြီးတယ်။ မြို့ပေါ်က ဈေးတန်း၊ ရွာမနဲ့ မြို့ကုန်းရပ်ကွက်က နေအိမ်ခေါင်မိုးတွေပေါက်ကုန်ပြီး ခြံထဲက ထောပတ်သီး၊ သရက်သီးတွေ ကြွေကျကုန်တယ်။ ဂေါ်ဖီခင်းတွေလည်း ပျက်စီးတယ်။

 နောက်ပြီးတော့ ကျေးရွာအုပ်စု ၆ စုထဲမှာလည်း နေအိမ်နဲ့ သီးနှံတွေ ပျက်စီးမှုရှိတယ်လို့ ပြောတယ်ခင်ဗျ။ အခု ကျနော်တို့ စိုက်ပျိုးရေးဌာနရော၊ မြေစာရင်းနဲ့ ရပ်ကျေးဥက္ကဋ္ဌက တာဝန်ရှိတဲ့သူတွေ ကွင်းဆင်းစစ်ဆေးနေပါတယ်။”

ရွာငံမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း လေဘေးဒဏ်ခံခဲ့ရပြီး အိမ်ခြေပေါင်း ၆၀၀ ကျော် ပျက်စီးကာ ကျွဲနွားတိရိစ္ဆာန်တွေ သေဆုံးခဲ့ဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top