ေျမာက္ဥကၠလာ အတြင္းက စာေရးကိရိယာ ဆိုင္ေရွ႕မွာ လူငယ္ေလးေတြက ပိုဝယ္ခဲ့ပါ စာတန္းပါ အက်ီ ၤေလးေတြ နဲ႔ ပိုဝယ္ခဲ့ပါ အစီအစဥ္ ကို မိတ္ဆက္ဖို႔ ရွိေသး အလွဴခံ အထင္ နဲ႔ ဆိုင္ရွင္က ေမာင္းထုတ္လိုက္တယ္။
လမ္းမွာလည္းလူတိုင္းက ေနာက္ေျပာင္ၾကတယ္။
” ဘာပိုဝယ္ခဲ့ရမွာလဲ ။ ”
” ငါ့အတြက္ လည္း ပိုဝယ္ခဲ့ဦး ”
ဘီယာေလး ၂ လံုးေလာက္က ပါေသး ။
ဒီလို နဲ႔ ေနာက္တစ္ဆိုင္ကို သြားေရွ႕နည္းအတိုင္းပဲ ဆိုင္ရွင္က အလွဴခံအထင္ နဲ႔ ေမာင္းထုတ္လိုက္တယ္။ပိုဝယ္ခဲ့ပါ တူညီ ဝတ္စံု နဲ႔ လူငယ္ေလးေတြ ေခါင္းငိုက္ဆိုက္လို႔ တတိယဆိုင္ကို မရဲတရဲ ထပ္ဝင္လိုက္တယ္။

ကံေကာင္းစြာ နဲ႔ တတိယ ဆိုင္က လက္ခံစကားေျပာတယ္။
တကယ့္တကယ္ ပိုဝယ္ခဲ့ပါ ရဲ႕ အဓိပါၸယ္ကို သိၾကတဲ့ အခ်ိန္မွာ ဆိုင္ရွင္ေတြ ေရာ လမ္းေပၚက ေနာက္ေျပာင္သူေတြပါ မေပ်ာ္ႏိုင္ၾကပါဘူး။
သူတို႔ ထင္သလို ပိုဝယ္ခဲ့ပါ ဟာ ဟာသ တစ္ခု မဟုတ္ခဲ့တဲ့အျပင္ သိပ္ကို ရင္နာစရာေကာင္းတယ္ ဆိုတာ သိလုိက္ပါေတာ့တယ္။
ဆိုင္ရွင္အစ္မ ကိုရွင္းျပေနတဲ့ ကိုစိုင္း ဆိုတဲ့ အသက္ ႏွစ္ဆယ္ ၊ သံုးဆယ္ ဝန္းက်င္ လူငယ္တစ္ဦး။
သူ႔ရဲ႕ ရွင္းျပမႈအၿပီးမွ ဆိုင္ရွင္က လိုလုိလားလား သူတို႔အဖြဲ႕ကို လက္ခံႀကိဳဆိုၾကတယ္။
” သိပ္ေကာင္းတာပဲ ကေလးတို႔ရယ္ ပံုးေလးေတြ ထားခဲ့ ၾက ျပည့္တာနဲ႔ ဖုန္းဆက္မယ္ လွဴမယ့္ သူမရွိရင္ အစ္မတို႔ လွဴမယ္ ” တဲ့
လူငယ္ေလးေတြ က ၿပံဳးေပ်ာ္ၿပီး ဆိုင္အတြင္း တက္ႂကြတဲ့ ေျခလွမ္းေတြ နဲ႔ ထြက္ခြာသြားၾကတယ္။
ဆိုင္ရွင္ အစ္မကေတာ့ ေခါင္းေလးၿငိမ့္ၿပီး က်န္ခဲ့ရွာတယ္။
တကယ္ေတာ့ ပိုဝယ္ခဲ့ပါ ရဲ႕ အဓိပါၸယ္ က ။
မိုးရာသီ ေရာက္လာလို႔ ကိုယ့္သားသမီးေတြ ကို ေက်ာင္းထားဖို႔အတြက္ စာေရးကိရိယာ ပစၥည္းေတြ ဝယ္ဖို႔ ေက်ာင္းစိမ္းေတြ ဝယ္ဖို႔
ဖိနပ္ နဲ႔ ထီး အစရွိတဲ့ ေက်ာင္းသံုးပစၥည္းေတြ ဝယ္ေပးဖုိ႔ စဥ္းစားေနခ်ိန္မွာ ႏိုင္ငံတစ္ဝန္းက ဆင္းရဲခ်ိဳ႕တဲ့ တဲ့ မိဘမဲ့ ကေလးေတြ နဲ႔ စစ္ေဘးသင့္ ၊ စစ္ေဘးေရွာင္ ကေလးေတြ အတြက္ စဥ္းစားေပးမယ့္ သူေတြ ရွိမေနခဲ့ပါဘူး။
ဒါေၾကာင့္ စာေရးကိရိယာဆိုင္ မွာ ကိုယ့္ရဲ႕ သားသမီးေတြ အတြက္ ေက်ာင္းသံုး ပစၥည္းေတြ ဝယ္တဲ့ အခ်ိန္ တစ္ဖက္က ႏြမ္းပါးတဲ့ မိဘမဲ့ ကေလးေတြ အတြက္ ခဲတံေလး ၁ ေခ်ာင္းပဲ ျဖစ္ျဖစ္ ပိုဝယ္ခဲ့ၿပီး ဆိုင္ေရွ႕မွာ ရွိတဲ့ ပိုဝယ္ခဲ့ပါ ပံုးေလးထဲ ထည့္ေပးခဲ့ရံုပါ။
ခဲတံ တစ္ေခ်ာင္းဆိုတာ ျမန္မာေငြက်ပ္ ၁၀၀ ပဲ ရွိပါတယ္။
ပံုးေလးျပည့္တာနဲ႔ ပိုဝယ္ခဲ့ပါ အစီအစဥ္က လူငယ္ေလးေတြ က လာယူၿပီး စစ္တမ္းေကာက္ထားတဲ့ ေက်ာင္းသံုး ပစၥည္း လိုအပ္ေနတဲ့
မိဘမဲ့ ကေလးေတြ တက္တဲ့ ေက်ာင္းေတြကို ျပန္လည္လွဴဒါန္းေပးတာပါ။
လူငယ္ေလးေတြ ရဲ႕ ေနာက္ေက်ာကို ၾကည့္တတိယေျမာက္ ဆိုင္ရွင္အစ္မ ၿပံဳးခ်လိုက္ေတာ့တယ္။
အဲ့ဒီအၿပံဳးက မိဘမဲ့ ကေလးေတြ အတြက္ အနာဂတ္လွပေတာ့မယ့္ နိမိတ္ ထင္ပါရဲ႕ ………။
ဆိုင္ထဲဝင္လာတဲ့ အေဒၚႀကီးကို ၾကည့္ တတိယေျမာက္ ဆိုင္ရွင္ ရဲ႕ ပါးစပ္က ပိုဝယ္ခဲ့ပါတဲ့။
ထို႔ေနာက္ ထို႔ေနာက္ …….ဆိုင္ေရွ႕က ပံုးေလးေတြ ထဲ ခဲတံေလးေတြ ၊ ေပတံေလးေတြ ခုန္ေပါက္ ေျပးလႊားဝင္သြားၾကတယ္။
သားတို႔ သမီး တို႔အတြက္ ခဲတံေလး တစ္ေခ်ာင္းေလာက္ ပိုဝယ္ခဲ့ေပးပါ အန္တီ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:မင္းရသ
ဆက္သြယ္လွဴဒါန္း လိုပါက
Youth Integrate Society
09891961973 ၊ 0943154868
#Unicode Version#
ပိုဝယ်ခဲ့ပါစာသားလေးမြင်တော့ ။ကိုယ်လည်း ဘာကို ပိုဝယ်ခဲ့ရမှာလဲ ပေါ့။
မြောက်ဥက္ကလာ အတွင်းက စာရေးကိရိယာ ဆိုင်ရှေ့မှာ လူငယ်လေးတွေက ပိုဝယ်ခဲ့ပါ စာတန်းပါ အကျီ ၤလေးတွေ နဲ့ ပိုဝယ်ခဲ့ပါ အစီအစဉ် ကို မိတ်ဆက်ဖို့ ရှိသေး အလှူခံ အထင် နဲ့ ဆိုင်ရှင်က မောင်းထုတ်လိုက်တယ်။
လမ်းမှာလည်းလူတိုင်းက နောက်ပြောင်ကြတယ်။
” ဘာပိုဝယ်ခဲ့ရမှာလဲ ။ ”
” ငါ့အတွက် လည်း ပိုဝယ်ခဲ့ဦး ”
ဘီယာလေး ၂ လုံးလောက်က ပါသေး ။
ဒီလို နဲ့ နောက်တစ်ဆိုင်ကို သွားရှေ့နည်းအတိုင်းပဲ ဆိုင်ရှင်က အလှူခံအထင် နဲ့ မောင်းထုတ်လိုက်တယ်။ပိုဝယ်ခဲ့ပါ တူညီ ဝတ်စုံ နဲ့ လူငယ်လေးတွေ ခေါင်းငိုက်ဆိုက်လို့ တတိယဆိုင်ကို မရဲတရဲ ထပ်ဝင်လိုက်တယ်။
ကံကောင်းစွာ နဲ့ တတိယ ဆိုင်က လက်ခံစကားပြောတယ်။
တကယ့်တကယ် ပိုဝယ်ခဲ့ပါ ရဲ့ အဓိပါ္ပယ်ကို သိကြတဲ့ အချိန်မှာ ဆိုင်ရှင်တွေ ရော လမ်းပေါ်က နောက်ပြောင်သူတွေပါ မပျော်နိုင်ကြပါဘူး။
သူတို့ ထင်သလို ပိုဝယ်ခဲ့ပါ ဟာ ဟာသ တစ်ခု မဟုတ်ခဲ့တဲ့အပြင် သိပ်ကို ရင်နာစရာကောင်းတယ် ဆိုတာ သိလိုက်ပါတော့တယ်။
ဆိုင်ရှင်အစ်မ ကိုရှင်းပြနေတဲ့ ကိုစိုင်း ဆိုတဲ့ အသက် နှစ်ဆယ် ၊ သုံးဆယ် ဝန်းကျင် လူငယ်တစ်ဦး။
သူ့ရဲ့ ရှင်းပြမှုအပြီးမှ ဆိုင်ရှင်က လိုလိုလားလား သူတို့အဖွဲ့ကို လက်ခံကြိုဆိုကြတယ်။
” သိပ်ကောင်းတာပဲ ကလေးတို့ရယ် ပုံးလေးတွေ ထားခဲ့ ကြ ပြည့်တာနဲ့ ဖုန်းဆက်မယ် လှူမယ့် သူမရှိရင် အစ်မတို့ လှူမယ် ” တဲ့
လူငယ်လေးတွေ က ပြုံးပျော်ပြီး ဆိုင်အတွင်း တက်ကြွတဲ့ ခြေလှမ်းတွေ နဲ့ ထွက်ခွာသွားကြတယ်။
ဆိုင်ရှင် အစ်မကတော့ ခေါင်းလေးငြိမ့်ပြီး ကျန်ခဲ့ရှာတယ်။
တကယ်တော့ ပိုဝယ်ခဲ့ပါ ရဲ့ အဓိပါ္ပယ် က ။
မိုးရာသီ ရောက်လာလို့ ကိုယ့်သားသမီးတွေ ကို ကျောင်းထားဖို့အတွက် စာရေးကိရိယာ ပစ္စည်းတွေ ဝယ်ဖို့ ကျောင်းစိမ်းတွေ ဝယ်ဖို့
ဖိနပ် နဲ့ ထီး အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေ ဝယ်ပေးဖို့ စဉ်းစားနေချိန်မှာ နိုင်ငံတစ်ဝန်းက ဆင်းရဲချို့တဲ့ တဲ့ မိဘမဲ့ ကလေးတွေ နဲ့ စစ်ဘေးသင့် ၊ စစ်ဘေးရှောင် ကလေးတွေ အတွက် စဉ်းစားပေးမယ့် သူတွေ ရှိမနေခဲ့ပါဘူး။
ဒါကြောင့် စာရေးကိရိယာဆိုင် မှာ ကိုယ့်ရဲ့ သားသမီးတွေ အတွက် ကျောင်းသုံး ပစ္စည်းတွေ ဝယ်တဲ့ အချိန် တစ်ဖက်က နွမ်းပါးတဲ့ မိဘမဲ့ ကလေးတွေ အတွက် ခဲတံလေး ၁ ချောင်းပဲ ဖြစ်ဖြစ် ပိုဝယ်ခဲ့ပြီး ဆိုင်ရှေ့မှာ ရှိတဲ့ ပိုဝယ်ခဲ့ပါ ပုံးလေးထဲ ထည့်ပေးခဲ့ရုံပါ။
ခဲတံ တစ်ချောင်းဆိုတာ မြန်မာငွေကျပ် ၁၀၀ ပဲ ရှိပါတယ်။
ပုံးလေးပြည့်တာနဲ့ ပိုဝယ်ခဲ့ပါ အစီအစဉ်က လူငယ်လေးတွေ က လာယူပြီး စစ်တမ်းကောက်ထားတဲ့ ကျောင်းသုံး ပစ္စည်း လိုအပ်နေတဲ့
မိဘမဲ့ ကလေးတွေ တက်တဲ့ ကျောင်းတွေကို ပြန်လည်လှူဒါန်းပေးတာပါ။
လူငယ်လေးတွေ ရဲ့ နောက်ကျောကို ကြည့်တတိယမြောက် ဆိုင်ရှင်အစ်မ ပြုံးချလိုက်တော့တယ်။
အဲ့ဒီအပြုံးက မိဘမဲ့ ကလေးတွေ အတွက် အနာဂတ်လှပတော့မယ့် နိမိတ် ထင်ပါရဲ့ ………။
ဆိုင်ထဲဝင်လာတဲ့ အဒေါ်ကြီးကို ကြည့် တတိယမြောက် ဆိုင်ရှင် ရဲ့ ပါးစပ်က ပိုဝယ်ခဲ့ပါတဲ့။
ထို့နောက် ထို့နောက် …….ဆိုင်ရှေ့က ပုံးလေးတွေ ထဲ ခဲတံလေးတွေ ၊ ပေတံလေးတွေ ခုန်ပေါက် ပြေးလွှားဝင်သွားကြတယ်။
သားတို့ သမီး တို့အတွက် ခဲတံလေး တစ်ချောင်းလောက် ပိုဝယ်ခဲ့ပေးပါ အန်တီ။
ဖိုးသူတော်(www.phothutaw.com)
Credit:မင်းရသ
ဆက်သွယ်လှူဒါန်း လိုပါက
Youth Integrate Society
09891961973 ၊ 0943154868