အမ်ားစုကေတာ့ ဘဝမွာ အနည္းဆံုး တစ္ႀကိမ္ေတာ့ ႂကြက္တက္ဖူးၾကမယ္ ထင္ပါတယ္။ ႂကြက္တက္တယ္ဆိုတာကေတာ့ ႂကြက္သားေတြက အရမ္းညႇစ္လိုက္လို႔ နာက်င္မႈကို ခံစားရတာပါ။ ညဘက္ အိပ္ေနခ်ိန္ေတြမွာ အျဖစ္မ်ားၿပီးေတာ့ ေျခသလံုးႂကြက္သား ႂကြက္တက္တာ အျဖစ္မ်ားပါတယ္။ တစ္ခါတေလေတာ့လည္း ေပါင္နဲ႔ ေျခဖဝါးႂကြက္သားေတြ တက္တတ္ပါတယ္။ ႂကြက္တက္တဲ့အခ်ိန္မွာဆိုရင္ ဒီႂကြက္သားေတြက အရမ္းမာၿပီး တက္လာတာကို ခံစားရပါမယ္။
>> ႂကြက္တက္တာကို ဘယ္လို ကာကြယ္ၾကမလဲ
● ေျခသလံုးႂကြက္သား အေၾကာဆန္႔တဲ့ ေလ့က်င့္ခန္း
ညအိပ္ရာမဝင္ခင္မွာ ေျခသလံုးႂကြက္သား ဆန္႔ေပးတဲ့ေလ့က်င့္ခန္းကို အႀကိမ္မ်ားစြာ လုပ္ေပးျခင္းျဖင့္ ညဘက္ေတြမွာ ႂကြက္မတက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့လည္း ဒီေလ့က်င့္ခန္းက ႂကြက္တက္တာကို ကာကြယ္ႏိုင္တယ္ဆိုၿပီး သက္ေသျပထားတာကေတာ့ နည္းပါတယ္။
● အိပ္ရာေပၚမွာ အိပ္ရာခင္း (သို႔) ေစာင္ခင္းၿပီးေတာ့ ေျခေထာက္ေကြးၿပီး အိပ္တာကလည္း အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။
● မဂၢနီဆီယမ္ေဆးျပား (သို႔) ဗီတာမင္ B ေဆးျပား ေတြကလည္း ေလ့က်င့္ခန္းေၾကာင့္ ႂကြက္တက္တာ အပါအဝင္ ႂကြက္တက္တာေတြကို သက္သာေစႏိုင္ပါတယ္။ ဒါေပမဲ့လည္း သူတို႔ရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို ေသခ်ာသုေတသနလုပ္ဖို႔ေတာ့ လိုပါေသးတယ္။
● ေရာဂါတစ္ခုခုေၾကာင့္ ျဖစ္တာဆိုရင္ေတာ့လည္း အဲဒီေရာဂါကို ကုလိုက္ရင္ ႂကြက္တက္တာလည္း ေပ်ာက္သြားပါလိမ့္မယ္။ ေသာက္ေနတဲ့ေဆးရဲ႕ ဆိုးက်ိဳးအေနနဲ႔ ႂကြက္တက္တယ္လို႔ ထင္ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးေတာ့ ေဆးေျပာင္းေသာက္ပါ။
● ကိုယ္ဝန္ေဆာင္နဲ႔ သက္ဆိုင္တဲ့ ႂကြက္တက္ျခင္းေတြကို ကာကြယ္ျခင္း - အမ်ားအားျဖင့္ ညဘက္ေတြမွာ ႂကြက္တက္တာ မ်ားတဲ့အတြက္ေၾကာင့္ အိပ္ရာမဝင္ခင္မွာ ေျခေထာက္ႂကြက္သားေတြကို ဆန္႔ထုတ္ေပးပါ။ ၿပီးေတာ့ ေန႔ဘက္ေတြမွာ ေရဓာတ္ျပည့္ဝေနေအာင္ ေသာက္ထားပါ။
● ေလ့က်င့္ခန္းေၾကာင့္ ႂကြက္တက္တာကို ကာကြယ္ျခင္း - အားကစားသမားေတြအေနနဲ႔ ေလ့က်င့္ခန္းေတြေၾကာင့္ ႂကြက္တက္တာကို ကာကြယ္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့အရည္ဓာတ္ကို လံုေလာက္စြာ ေသာက္သံုးဖို႔ အေရးႀကီးပါတယ္။ ၿပိဳင္ပြဲမတိုင္ခင္မွာ လိုအပ္တဲ့ ကစီဓာတ္ကို အလံုအေလာက္ စားထားမွသာ ႂကြက္သားေတြ ပင္ပန္းႏြမ္းနယ္လို႔ ႂကြက္တက္တာ မျဖစ္ရေအာင္ ကာကြယ္ႏိုင္မွာပါ။
● ေလ့က်င့္ခန္းမလုပ္မီနဲ႔ လုပ္ၿပီးအခ်ိန္ေတြမွာ အေၾကာဆန္႔ေပးျခင္း၊ ေလ့က်င့္ခန္းလုပ္ၿပီး ႏွိပ္နယ္ေပးျခင္း၊ အနားယူျခင္းေတြကလည္း အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီးတိုင္း လံုေလာက္တဲ့ အရည္ဓာတ္ကို ရရွိႏိုင္ေစဖို႔အတြက္ အားျဖည့္အခ်ိဳရည္ ေသာက္ေပးပါ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
#Unicode Version#
အများစုကတော့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြွက်တက်ဖူးကြမယ် ထင်ပါတယ်။ ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေက အရမ်းညှစ်လိုက်လို့ နာကျင်မှုကို ခံစားရတာပါ။ ညဘက် အိပ်နေချိန်တွေမှာ အဖြစ်များပြီးတော့ ခြေသလုံးကြွက်သား ကြွက်တက်တာ အဖြစ်များပါတယ်။ တစ်ခါတလေတော့လည်း ပေါင်နဲ့ ခြေဖဝါးကြွက်သားတွေ တက်တတ်ပါတယ်။ ကြွက်တက်တဲ့အချိန်မှာဆိုရင် ဒီကြွက်သားတွေက အရမ်းမာပြီး တက်လာတာကို ခံစားရပါမယ်။
>> ကြွက်တက်တာကို ဘယ်လို ကာကွယ်ကြမလဲ
● ခြေသလုံးကြွက်သား အကြောဆန့်တဲ့ လေ့ကျင့်ခန်း
ညအိပ်ရာမဝင်ခင်မှာ ခြေသလုံးကြွက်သား ဆန့်ပေးတဲ့လေ့ကျင့်ခန်းကို အကြိမ်များစွာ လုပ်ပေးခြင်းဖြင့် ညဘက်တွေမှာ ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလေ့ကျင့်ခန်းက ကြွက်တက်တာကို ကာကွယ်နိုင်တယ်ဆိုပြီး သက်သေပြထားတာကတော့ နည်းပါတယ်။
● အိပ်ရာပေါ်မှာ အိပ်ရာခင်း (သို့) စောင်ခင်းပြီးတော့ ခြေထောက်ကွေးပြီး အိပ်တာကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
● မဂ္ဂနီဆီယမ်ဆေးပြား (သို့) ဗီတာမင် B ဆေးပြား တွေကလည်း လေ့ကျင့်ခန်းကြောင့် ကြွက်တက်တာ အပါအဝင် ကြွက်တက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေကို သေချာသုတေသနလုပ်ဖို့တော့ လိုပါသေးတယ်။
● ရောဂါတစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့လည်း အဲဒီရောဂါကို ကုလိုက်ရင် ကြွက်တက်တာလည်း ပျောက်သွားပါလိမ့်မယ်။ သောက်နေတဲ့ဆေးရဲ့ ဆိုးကျိုးအနေနဲ့ ကြွက်တက်တယ်လို့ ထင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးပြောင်းသောက်ပါ။
● ကိုယ်ဝန်ဆောင်နဲ့ သက်ဆိုင်တဲ့ ကြွက်တက်ခြင်းတွေကို ကာကွယ်ခြင်း - အများအားဖြင့် ညဘက်တွေမှာ ကြွက်တက်တာ များတဲ့အတွက်ကြောင့် အိပ်ရာမဝင်ခင်မှာ ခြေထောက်ကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။ ပြီးတော့ နေ့ဘက်တွေမှာ ရေဓာတ်ပြည့်ဝနေအောင် သောက်ထားပါ။
● လေ့ကျင့်ခန်းကြောင့် ကြွက်တက်တာကို ကာကွယ်ခြင်း - အားကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းတွေကြောင့် ကြွက်တက်တာကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့အရည်ဓာတ်ကို လုံလောက်စွာ သောက်သုံးဖို့ အရေးကြီးပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ လိုအပ်တဲ့ ကစီဓာတ်ကို အလုံအလောက် စားထားမှသာ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်လို့ ကြွက်တက်တာ မဖြစ်ရအောင် ကာကွယ်နိုင်မှာပါ။
● လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်ပြီးအချိန်တွေမှာ အကြောဆန့်ပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး နှိပ်နယ်ပေးခြင်း၊ အနားယူခြင်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လုံလောက်တဲ့ အရည်ဓာတ်ကို ရရှိနိုင်စေဖို့အတွက် အားဖြည့်အချိုရည် သောက်ပေးပါ။
ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
ႂကြက္တက္တာကို ဘယ္လိုကာကြယ္ၾကမလဲ
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။