လို့ ခေါ်ပါတယ်
#Unicode Version# ဖြင့်ဖတ်ပါ ။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ သူမ၏အမေကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း ပွင့်နဒီမောင် ရှင်းလင်း
ကျွန်မအခု ရေးလိုက်တဲ့ post အတွက် ကျမတစ်ခု မေတ္တာရပ်ခံပီး ပြောချင်ပါတယ်။ ကျမ သည် နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူး။ ကျမ မှာ မာတာမိခင် ကျေးဇူးရှင် ဆိုတာ တစ်ယောက်ပဲ ရှိပါတယ် ….ကျမ အမေကို ပဲမေမေ
လို့ခေါ်ပါတယ်
ကျမတို့ရဲ့လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အတွက် ..အမေစု ….လို့ ခေါ်ပါတယ်။ ဘဝမှာ ဘယ်အဖွဲ့ အစည်းကို မှ မစော်ကားသလို ဘယ်အဖွဲ့အစည်းကို မှ မလေးမစား မလုပ်ခဲ့ဘူးပါဘူး။
ကျမ မေမေ ကျမ ကို တစ်သက်လုံး ပြောတဲ့ စကားတစ်ခု ရှိပါတယ်…. ငါသိတယ် ငါတက်တယ် ငါ အကုန်လုပ်ဘူးတယ် နင်ငါ့သမီး လျှာမရှည် နဲ့ ငါပြောတာလုပ်ဆို တဲ့စကား ကျမ ဒီအရွယ် ရောက် တဲ့ အထိ ကျမမေမေ ပြောနေကျ စကားပါ။ အဲ့ အတွက် မေမေ က တော်ပါတယ် တက်ပါတယ်လို့ ရေးလိုက်တယ်။
အကယ်ဒမီလဲ ဒီလို ပါပဲ ။ မေမေ တက်ချင်တဲ့ အတွက် ရတဲ့ လက်မှတ် ၂ စောင်ကြောင့် ကျမ တို့ ၂ ယောက် အတူတူမတက်ခဲ့ ရဘူး။
လူမှူရေးကိစ္စတွေဆိုလည်း ဘယ်သူမွေးနေ့ဆို ဘယ်ဟာပေးရမယ် … အခု ဖိတ်တဲ့ ပွဲက အရေးကြီးတယ် ဘယ်လို ဝတ်ရမယ်ကအစ အခု အချိန်ထိ မေမေ ပဲ စီစဉ်ပါတယ်
နိင်ငံရေး အကြောင်းဆို လည်း ကျမ နားကန်းတစ်လုံးမှ မသိပါဘူး။ ဒါပင်မဲ့ ကျမ မေမေ သိပြန်ရော ဒါ က အခု အုပ်ချုပ် နေတဲ့ ဘယ်သူ ဘယ်ဝါ ဆို ပီး အမြဲ ဆရာကြီးပုံစံ နဲ့ ပြောတိုင်း ကျမ မေမေကလည်း သိပြန်ပီလို့ … စနောက် ပီး ကျမ ပြန်ပြောလေ့ရှိတယ်။
မိသားစု ခံစား ချက် ကို ရိုးရိုးရှင်းရှင်းချရေးလိုက်မိပါတယ်။ အဲ့အတွက် နားလည်မှူ လွဲပီး အမေစုကို ပြောတယ်ထင်ရင် ဒီကနေပီး လေးစားစွာနဲ့ အမေစုကို တောင်းပန်ပါတယ်။ ကျမကို တော့ နိုင်ငံရေး လှည့် ကွက်ထဲ မထည့်ကျဖို့ မေတ္တာ ရပ်ခံချင်ပါတယ်
ကျမ အိမ်မှာ မီးစက်ရှိပီးသားပါ Aircon မနိုင်လို့ မီးစက် အကြီး ဝယ်စေချင်တာ တစ်ခု ကလွဲလို့ တခြားဘာ ရည်ရွယ်ချက်မှ မရှိပါဘူး။
မေမေ သည် အမြဲတမ်း ဆူပူပြောဆို လေ့ရှိတာကို ကျမနဲ့ လက်တွဲ လုပ်ကိုင်ဘူးတဲ့သူ အကုန်သိပါတယ်။ မီးစက် မဝယ် ပေးဘူးလို့ပြောထားတဲ့အတွက် ဝယ်ပေးအောင်လို့ ကိုယ် အမေကိုယ်  ချစ်စနိုးနဲ့ စပီး ရေးလိုက်တာပါ
ကျမ မေမေ မကြိုက်တာတွေ့ ကျမနောက်လေ့ရှိတယ်။ ကျမ ဘဝမှာ ဖေဖေမရှိတဲ့ အတွက် မေမေ ကို သူငယ်ချင်းလို လဲ နေတယ် ။ မေမေကို ဖေဖေ လိုလဲ သဘောထားတယ်။ မေမေကို မေမေ လို လဲ ကြောက်တယ် ချစ်တယ် ဒါကျမတို့မိသားစုအိမ်တွင်းရေးပါ။
ကျမ အခု တင်လိုက်တဲ့ post ကို နိုင်ငံရေး သမားတွေပဲ ဖြစ် ဖြစ် မဟုတ်တဲ့သူတွေပဲ ဖြစ်ဖြစ် ရိူးရိုးရှင်းရှင်းမြင်ပေးဖို့
မေတ္တာရပ်ခံပါတယ်။ ကျမ အခု မေတ္တာရပ်ခံခြင်းသည် တကယ့်ကို လေးစားရသော သူများ  နိင်ငံရေးသမား များ အားလုံးအတွက် နားလည်မူ မလွဲစေချင်လို့ ဒီနေရာကနေလေးစားသမူ ရှင်းပြတာပါ
နိုင်ငံရေးသမား ယောင်ယောင်၊ ကဗျာဆရာ ယောင်ယောင် ဟိုမရောက်ဒီမရောက် ပါလေရာများ ….တစိတ်ရှိ ဆဲရေး တိုင်းထွာပြီး ပြောသောသူများ ရေးသောသူများအတွက် တောင်းပန်ခြင်း လုံးဝမဟုတ်ပါ။
သတင်းမီဒီယာများလည်း သတင်းမရှိရင်အိမ်မှာလာပီး အချိန်မရွေးinterview လုပ်လို့ရပါတယ်။ ယခုလို လူစိတ်ဝင်စားစေရန် Caption ကိုကိုယ်လိုရာဆွဲရေးပြီးသတင်းအဖြစ်ချဲ့ကားရေးတင်ခြင်းမပြုကြပါရန်တောင်းပန်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Pwint Nadi Maung
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top