မႏၱေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ၿမိဳ႕သာစက္မႈဇုန္ အမွတ္(၄)လမ္းမွာ ေဆးေျခာက္စိုက္ခင္း ေတြ ဧက ၅၀ေလာက္ စိုက္ပ်ဳိးေနတယ္ဆိုတဲ့သတင္းနဲ႔ ပတ္သက္လို႔ သက္ဆုိင္ရာက မေန႔ညေနက သြားေရာက္စိစစ္ခဲ့တယ္လို႔ ျပည္ထဲေရးဌာနက ထုတ္ျပန္ပါတယ္။

စစ္ေဆးရာမွာ အဆိုပါစက္မႈဇုန္မွာ ခ်ဥ္ေပါင္ေလွ်ာ္ႏြယ္ဝင္ ေဆးေျခာက္ အာနိသင္ ပါရွိတယ္လို႔ ယူဆရတဲ့  စိုက္ခင္း ၆၀ ဧကခန္႔၊ အလ်ား ၁၂၀ ေပ အနံ ၂၀ ေပရွိ အခန္း ၃ ခန္းပါ ဂိုေထာင္ ၁ လုံး၊ အဆိုပါဂိုေထာင္အတြင္းမွ အ႐ြက္မႈန္႔ အိတ္ ၅၅ အိတ္ခန္႔နဲ႔ အေစးကုန္ေခ်ာ ၁ ကီလိုခန္႔  စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ စိုက္ခင္းတာဝန္ခံ ရႈိင္းလတ္(၃၇)ႏွစ္နဲ႔ မ႐ႊန္းလဲ့ျမတ္ႏိုး(၂၂)ႏွစ္တို႔ကို ေမးျမန္းရာ ၿပီးခဲ့တ့ဲႏွစ္ေမလေလာက္က  စိုက္ခင္း ၆၀ ဧကခန္႔ကို အေမရိကန္ႏိုင္ငံသား ၃ ဦးက သဘာဝ ေဆးဘက္ဝင္ ေလွ်ာ္ပင္စိုက္ပ်ိဳးဖို႔အတြက္ဆိုၿပီး မႏၱေလးၿမိဳ႕သာစက္မႈဖြံ႕ၿဖဳိးေရး အမ်ားပုိင္ကုမၸဏီ (MMID)ထံမွာ ငွားရမ္းလုပ္ကိုင္ခဲ့တာလို႔ သိရပါတယ္။



ခ်ဥ္ေပါင္ေလွ်ာ္ႏြယ္ဝင္ ေဆးေျခာက္အာနိသင္ ပါရွိတယ္လို႔ ယူဆရတဲ့ အပင္ ဧက၂၀ ခန္ (အျမင့္ ၃/၆ ေပခန္႔၊ သက္တမ္း ၄ လခန္႔ရွိ  အပင္ေပါင္း ၃၄၉၂၉၀ ပင္စိုက္ပ်ိဳးထားရွိေၾကာင္း အေမရိကန္ႏိုင္ငံသား ေသာမတ္စ္နဲ႔ အလက္ဇျႏားတို႔က အေမရိကန္ႏိုင္ငံသို႔ ျပန္သြားေၾကာင္း ဂ်ြန္ဖက္ဒရစ္ကေတာ့ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ မာက်ဴရီ ဟိုတယ္မွာ တည္းခို ေနထိုင္ၿပီး ကားနဲ႔ စိုက္ခင္းသို႔ ေန႔ခ်င္းျပန္ လာေရာက္ေလ့ရွိေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီ ၂၂ ရက္က အဆိုပါ စိုက္ခင္းေနရာကို သြားေရာက္စစ္ေဆးခဲ့ သူေတြထဲမွာ မႏၲေလးတိုင္းရဲတပ္ဖြဲ႔မႉး ရဲမႉးႀကီးျမင့္ဦး ဦးစီးတဲ့အဖြဲ႔၀င္ေတြ၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန(FDA) ၫႊန္ၾကားေရးမႉး ေဒါက္တာ နီနီေအး၊ ဓာတုေဗဒ ဝန္႐ုံးခြဲ(မႏၲေလး)မွ ဒုၫႊန္ၾကားေရးမႉး ေဒၚသန္းသန္းၾကည္၊ ျမင္းၿခံ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးတင္လႈိင္တို႔ပါ ပူးေပါင္းအဖြ႔ဲေတြ ပါ၀င္တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းမှာ ဆေးခြောက်စိုက်ခင်း တွေ ဧက ၅၀လောက် စိုက်ပျိုးနေတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက မနေ့ညနေက သွားရောက်စိစစ်ခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ဆေးရာမှာ အဆိုပါစက်မှုဇုန်မှာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိတယ်လို့ ယူဆရတဲ့  စိုက်ခင်း ၆၀ ဧကခန့်၊ အလျား ၁၂၀ ပေ အနံ ၂၀ ပေရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နဲ့ အစေးကုန်ချော ၁ ကီလိုခန့်  စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်(၃၇)နှစ်နဲ့ မရွှန်းလဲ့မြတ်နိုး(၂၂)နှစ်တို့ကို မေးမြန်းရာ ပြီးခဲ့တဲ့နှစ်မေလလောက်က  စိုက်ခင်း ၆၀ ဧကခန့်ကို အမေရိကန်နိုင်ငံသား ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးဖို့အတွက်ဆိုပြီး မန္တလေးမြို့သာစက်မှုဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (MMID)ထံမှာ ငှားရမ်းလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိတယ်လို့ ယူဆရတဲ့ အပင် ဧက၂၀ ခန် (အမြင့် ၃/၆ ပေခန့်၊ သက်တမ်း ၄ လခန့်ရှိ  အပင်ပေါင်း ၃၄၉၂၉၀ ပင်စိုက်ပျိုးထားရှိကြောင်း အမေရိကန်နိုင်ငံသား သောမတ်စ်နဲ့ အလက်ဇနြားတို့က အမေရိကန်နိုင်ငံသို့ ပြန်သွားကြောင်း ဂျွန်ဖက်ဒရစ်ကတော့ အောင်မြေသာစံမြို့နယ်ရှိ မာကျူရီ ဟိုတယ်မှာ တည်းခို နေထိုင်ပြီး ကားနဲ့ စိုက်ခင်းသို့ နေ့ချင်းပြန် လာရောက်လေ့ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်က အဆိုပါ စိုက်ခင်းနေရာကို သွားရောက်စစ်ဆေးခဲ့ သူတွေထဲမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးတဲ့အဖွဲ့ဝင်တွေ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒ ဝန်ရုံးခွဲ(မန္တလေး)မှ ဒုညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်၊ မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ပါ ပူးပေါင်းအဖွ့ဲတွေ ပါဝင်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top