ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ပဲႏြယ္ကုန္းၿမိဳ႕မွာ ဧၿပီ ၂၂ ရက္ မြန္းလြဲပိုင္းက ဗံုးသီးေဟာင္းအလံုး ၉၀ ကို ေျမက်င္းတူးရာက ေတြ႔ရွိခဲ့ၿပီး ခမရ(၃၀၇) တပ္ရင္းသို႔ အပ္ႏွံထားတယ္လို႔ ပဲႏြယ္ကုန္းနယ္ေျမ ရဲစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းေဘး ဂုဏ္ေတာ္ရပ္ကြက္အတြင္းရွိ ျခံဝင္းတခုအတြင္း အေဆာက္အဦေဆာက္လုပ္ဖို႔ ေျမက်င္းတူးရာကေန ဗံုးသီးေဟာင္းေတြ ေတြ႔ရွိခဲ့တာ လို႔ ဆိုပါတယ္။



နယ္ေျမရဲ႕စခန္း တာဝန္ရွိသူတဦးက “ဗံုးသီးအေဟာင္းေတြ ေတြ႔တာကို ျခံရွင္ကေန အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားတယ္။ အုပ္ခ်ဳပ္ေရးမႉးကေနတဆင့္ က်ေနာ့္ကို အေၾကာင္းၾကား လို႔ သြားစစ္ေဆးၿပီး ၃၀၇တပ္ကို အေၾကာင္းၾကားပါတယ္။ ေတာင္ငူက ဘီအီးတပ္ကို အေၾကာင္းၾကားထားပါတယ္။ စစ္ေဆးမႈေတြကိုသူတို႔ပဲ ဆက္လက္ေဆာင္ရြက္သြားမွာပါ”လို႔ ေျပာပါတယ္။

အဆိုပါ ဗံုးသီးေတြဟာ အရွည္ ၁၅ လက္မ၊ လံုးပတ္ ၁၂ လက္မ၊ အခ်င္း ၃.၅ လက္မေလာက္ရွိၿပီး ဘယ္ခတ္ကဗံုးသီး ျဖစ္တယ္ဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။



အဆိုပါဗံုးသီး အလံုး ၉၀ ကို ခမရ ၃၀၇ကတဆင့္ မိုင္းရွာေဖြရွင္းလင္းေရးတပ္ဖြဲ႔ (ဘီအီး)သို႔ လႊဲေျပာင္းေပးအပ္ဖို႔ စဥ္ေဆာင္ရြက္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မှာ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ဗုံးသီးဟောင်းအလုံး ၉၀ ကို မြေကျင်းတူးရာက တွေ့ရှိခဲ့ပြီး ခမရ(၃၀၇) တပ်ရင်းသို့ အပ်နှံထားတယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဂုဏ်တော်ရပ်ကွက်အတွင်းရှိ ခြံဝင်းတခုအတွင်း အဆောက်အဦဆောက်လုပ်ဖို့ မြေကျင်းတူးရာကနေ ဗုံးသီးဟောင်းတွေ တွေ့ရှိခဲ့တာ လို့ ဆိုပါတယ်။

နယ်မြေရဲ့စခန်း တာဝန်ရှိသူတဦးက “ဗုံးသီးအဟောင်းတွေ တွေ့တာကို ခြံရှင်ကနေ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ အုပ်ချုပ်ရေးမှူးကနေတဆင့် ကျနော့်ကို အကြောင်းကြား လို့ သွားစစ်ဆေးပြီး ၃၀၇တပ်ကို အကြောင်းကြားပါတယ်။ တောင်ငူက ဘီအီးတပ်ကို အကြောင်းကြားထားပါတယ်။ စစ်ဆေးမှုတွေကိုသူတို့ပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ”လို့ ပြောပါတယ်။

အဆိုပါ ဗုံးသီးတွေဟာ အရှည် ၁၅ လက်မ၊ လုံးပတ် ၁၂ လက်မ၊ အချင်း ၃.၅ လက်မလောက်ရှိပြီး ဘယ်ခတ်ကဗုံးသီး ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါဗုံးသီး အလုံး ၉၀ ကို ခမရ ၃၀၇ကတဆင့် မိုင်းရှာဖွေရှင်းလင်းရေးတပ်ဖွဲ့ (ဘီအီး)သို့ လွှဲပြောင်းပေးအပ်ဖို့ စဉ်ဆောင်ရွက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top