Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေ့အပူချိန်များ မြင့်တက်လျက် ရှိသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ဧပြီ ၁၉ ရက် ညနေပိုင်းက မိုးရွာသွန်းမှုနှင့်အတူ ဆီးသီးလုံးအရွယ်ခန့် မိုးသီးများ ကြွေကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ညနေ ၄ နာရီလောက်မှာ မိုးစရွာတာ။ ၅ နာရီ ၄၅ မိနစ်လောက်မှာ မိုးသီးတွေ ပါလာပြီး မိုးသီးကျတာ ၁၅ မိနစ်လောက်တော့ ကြာတယ်။ မိုးသီးတွေက မြေပေါ်ရောက်တဲ့အထိ ဆီးသီးလုံး၊ ဖန်ပေသီးလုံး အရွယ်လောက် ရှိတယ်။ တချို့ဒေသတွေမှာတော့ ဒါက အခါမဲ့ မိုးဆိုပေမယ့် ဒီလို ကဆုန်လဆန်းချိန်ဆို ဒီဒေသမှာ မိုးရာသီ စတင်လေ့ ရှိတယ်။
မိုးဦးမိုးပေါ့။ ဒါပေမဲ့ ဒီနှစ် နည်းနည်းစောနေသလိုပဲ။ နှစ်စဉ် ကဆုန်လလယ်လောက်မှာ ရွာတတ်ပေမယ့် ဒီအချိန်လောက်ကတည်းက ရွာတော့ ဒီဒေသမှာ မိုးဦးစောနိုင်တာပေ့ါ”ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia